Thursday, September 11, 2014

မီးသွေးမြေသြဇာ

မီးသွေးမြေသြဇာ အသုံးပြုလာခြင်း ( charcoal Fertilizer)

မီးသွေးဟုဆိုရာတွင် သစ်တောမှ သစ်ပင်များ ခုတ်ထွင်ပြီး ဖုတ်၍ ရရှိသော မီးသွေးအပြင် လယ်ယာသီးနှံများ စွန့်ပစ်မှုမှ ရရှိသော အပင်အကြွင်းအကျန်များ၊ အပင်များခုတ်ယူရာတွင် စွန့်ပစ်သော အကိုင်းအခက်များအား ဖုတ်၍ရရှိသော မီးသွေးများ ပါဝင်သည်။ သစ်တောခုတ်ထွင်ရန်မလိုဘဲ အပင်အကြွင်းအကျန်ဖြင့် မီးသွေးဖုတ်ယူရပါသဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို သက်သာစေသည့်အပြင် သစ်တောဖြုန်းတီးမှုလည်း မဖြစ်စေရပါ။


 
မီးသွေး၏ အကျိုးကျေးဇူးများ

(၁) မြေအချဉ်အငံဓာတ် (PH) ထိန်းချုပ်စေပါသည်။ မီးသွေးတွင် (PH 8-9) ရှိပါသည်။ မြေကြီးတွင် (PH 4) ထက်နိမ့်ပါက အက်စစ်များ၍ အပင်သေတတ်ပြီး လူ၏ကျန်းမာရေးပါ ထိခိုက်စေ တတ်သည်။ မြန်မာနိုင်ငံမြေကြီးသည် ပျမ်းမျှအားဖြင့် ( PH 4.5-6) အတွင်းရှိပါသည်။

 
(၂) မီးသွေးသည် အောက်ဆီဂျင်ဓာတ်ကို စုပ်ယူပြီး ထိန်းသိမ်းနိုင်ပါသည်။ အာဂွန်ဓာတ်လည်း ပါဝင်ကာ ၎င်းဓာတ်များဖြင့် အပင်များ အကျိုးပြုစေပါသည်။

(၃) ထုံး(ca) ဓာတ်နှင့် ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်လည်း ပါဝင်ပါသည်။ ထုံးဓာတ်သည် မြေကြီး (PH) မြှင့်ပေးနိုင်ပါသည်။

(၄) မီးသွေးသည် ရေအပူချိန်လည်း မြှင့်တင်ပေးနိုင်ပါသည်။

(၅) မီးသွေးပြာတွင် ပိုတက်ရှ်ပါဝင်၍ မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။

(၆) မီးသွေးပေါင်းခံရေအား ရေနှင့်ရောစပ်ပြီး ဆေးဝါး၊ ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။

(၇)ဂျပန်နိုင်ငံတွင် ခရုခွံများ (ဂနုပမာအပါအ၀င်)ပါ မီးသွေးဖုတ်၍ စိုက်ပျိုးသီးနှံများတွင် အသုံးပြုနေပြီ ဖြစ်ပါသည်။

(၈) အရင်းအနှီးနည်းပါးပြီး ရေအစိုဓာတ် ထိန်းသိမ်းပေးနိုင်စွမ်းရှိသည်။

(၉)မီးသွေးအသုံးပြုခြင်းဖြင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ ကြီးထွားမှု ကောင်းမွန်စေကာ အာဟာရ ပါဝင်မှုများလာပြီး လူကိုအန္တရာယ်ဖြစ်စေတတ်သော ဒြပ်ပစ္စည်းများ မပါဝင်သောကြောင့် ကျန်းမာရေး ကောင်းမွန်စေကာ လူ၏ အသက်ပါရှည်စေပါသည်။

 
မီးသွေး အသုံးပြုနည်း

မီးသွေးကို အမှုန့်ကြိတ်ပြီး လယ်ယာမြေများတွင် တစ်ဧက (၄၀-၅၀) ပိသာနှုန်း အသုံးပြုကာ သီးနှံပင်များကို ကျွေးမွေးနိုင်ပါသည်။ သစ်သီးပင်များကိုလည်း အပင်ခြေပတ်လည်တွင် မြေကြီးတူးကာ မီးသွေးမှုန့်များ ကျွေးနိုင်ပါသည်။ မီးသွေးကို ကြာကြာမထားဘဲ ချက်ချင်း အမှုန့်ကြိတ်ပြီး သီးနှံပင်များကျွေးပါက အာနိသင်ပိုမို ကောင်းမွန်ပါသည်။ (၁၀) ရက်ကျော်ပါက မိုး၊ လေနှင့် ထိတွေ့၍( chemical reaction) ဖြစ်ပြီး အသုံးပြုသင့်ပြီ ဖြစ်ပါသည်။

(မှတ်ချက်။ အ-ထ-က(၁) ဖလမ်း ၏ ရာပြည့်သဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ဦးဟွတ်နဲ့(ခရိုင်စိုက်ပျိုးရေး မန်နေဂျာ ဖလမ်း)
ရေးသားသော ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)

No comments:

Post a Comment