Saturday, September 20, 2014

ကလေးမြိွုှ့ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အဖြေလွှာပျောက်ဆုံးခြင်းကြောင့် စာမေးပွဲပြန်ဖြေခိုင်းမှုအပေါ် ကျောင်းသားကျောင်းသူများက သဘောထားကြေညာချက်ထုတ်ပြန်

ကလေွးှ့ နည်းပညာတက္ကသိုလ် ကျောင်း သားကျောင်းသူများ၏ စာမေးပွဲ အဖြေလွှာအချို့ ပျောက်ဆုံးဖျက် ဆီးခံခဲ့ရကြောင်း သိရသည်။ သေတ္တာ များနှင့် အဖြေလွှာများကို တက္ကသိုလ် အနီး ချောင်းဘေး၌ ရေစို ပျက်စီး၍ ပြန်တွေ့ရသည်။

အဆိုပါစာမေးပွဲအဖြေလွှာများ ပျောက်ဆုံးပျက်စီးမှုကြောင့် ကလေး တက္ကသိုလ် နည်းပညာကျောင်းသား ကျောင်းသူများ အနေဖြင့် ပြန်လည် ဖြေဆိုရန် ဘာသာရပ် စာရင်းအား တက္ကသိုလ်ကျောင်းအုပ်ကြီးမှ ချက် ချင်းထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်မှုအ ပေါ် ကျောင်းသားကျောင်းသူ များမှ နောက်နေ့တွင် ပြန်လည်ကာ သဘော ထားကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကျောင်းသားများထုတ်ပြန်ချက် တွင် အချက် ငါးချက်ပါဝင်ပြီး ကျောင်း သားများအနေဖြင့် သိပ္ပံနှင့် နည်းပညာ ဌာနမှ သတ်မှတ်ထားသော စာမေးပွဲ ကာလအတွင်း စည်းကမ်းရှိစွာ စနစ် တကျဖြေဆို ခဲ့ခြင်းကြောင့် ပြန်လည် ဖြေဆိုရမည်ဆိုသည်အား ကန့်ကွက် ကြောင်း၊ အဖြေလွှာများ ပျောက်ဆုံး ပျက်စီးမှုမှာ ကျောင်းသူကျောင်းသား များနှင့် လုံးဝမသက်ဆိုင်ကြောင်း၊ ပျောက်ဆုံးအဖြေလွှာများမှာ သဘာဝ ဘေးအန္တရာယ်ပဋိပက္ခကြောင့် မဟုတ် ဘဲ တာဝန်ရှိသူများ၏ တာဝန်လစ် ဟင်းမှုကြောင့် ပြန် လည်ဖြေ ဆိုရမည် ဆိုခြင်းသည် တရားမျှတမှုမရှိကြောင်း အဖြေလွှာများ ပျောက်ဆုံးမှုသည် တက္ကသိုလ်၏ဂုဏ်သိက္ခာကို ကျဆင်း စေသည့်နည်းတူ ပြန်လည်ဖြေဆိုရ မည့် ကျောင်းသူကျောင်းသူများ ဂုဏ် သိက္ခာကိုပါ ကျဆင်းစေကြောင်း ပါ ရှိသည်။

ကလေးနည်းပညာတက္ကသိုလ် ရှိစာမေးပွဲ အဖြေလွှာသိမ်းထားသည့် သံသေတ္တာသုံးလုံး စက်တင်ဘာ ၁၇ ရက် ညဥ့်သန်းခေါင်ယံပိုင်းတွင် ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment