Saturday, September 20, 2014

ကျောက်ဆည်မြို့နယ်တရားရုံးတွင် သက်သေထွက်ဆိုနေသည့်အမျိုးသမီးကို ဓားဖြင့်ထိုးသည့် အမျိုးသားအားကျောက်ဆည်မြို့နယ်တရားရုံးက တရားရုံးမထီမဲ့မြင်ပုဒ်မဖြင့် ထပ်ဆင့်အမှုဖွင့်

ကျောက်ဆည်မြို့နယ်တရားရုံးတွင် အမှုစစ်ဆေးနေစဉ် သက်သေထွက် ဆိုနေသည့် အမျိုးသမီးအားဓားဖြင့် ထိုးသည့်အမျိုးသားကို ကျောက်ဆည် မြို့နယ်တရားရုံးက တရားရုံးမထီမဲ့ မြင်ပုဒ်မဖြင့် ထပ်ဆင့် အမှု ဖွင့်ထား ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်မြို့နယ် တရားရုံးတွင် စက် တင်ဘာ ၁၅ရက်နေ့တွင်
သက်သေထွက် ဆိုနေသူ အမျိုးသမီးတစ်ဦးကို အသင့်ယူဆောင်လာသောဓားဖြင့် ထိုးခဲ့မှုဖြစ်ပွားခဲ့ပြီး ၄င်းအား တစ် ပါးသူအား သေစေရန်ရည်ရွယ်ချက် ပုဒ်မ- ၃ဝ၇ဖြင့် တရားစွဲဆိုထားပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင် တရား ရုံး မထီမဲ့မြင်ပုဒ်မဖြင့် ထပ်တိုး၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ကျောက် ဆည်မြို့နယ် တရားရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

''ပထမကတော့ လင်မယားခြင်း ဖြစ်တဲ့ ပြဿ နာကို တရားရုံးမှာ ဖြေရှင်းနေချိန်မှာ ယောက်ျားဖြစ်သူ က စိတ်မထိန်းနိုင်လို့ ဖြစ်တာပါ။တရားရုံးကတော့ သက်ဆိုင်ရာပုဒ်မ တွေနဲ့ အမှုဖွင့် အရေး ယူဖို့ဆောင်ရွက် နေပါတယ်'' ဟု ကျောက်ဆည်မြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းသို့တရားရုံးအတွင်း ဓား ကို ယူဆောင်လာ၍ ထိုးခွင့်ရသည် အထိ လုံခြုံရေး ညံ့ဖျင်းမှုကို ပြည် သူများက ဝေဖန်လျက်ရှိပြီး လွန်ခဲ့ သည့် ဆယ်နှစ်ခန့် ကလည်းတရားရုံး အတွင်းရှိ လက်ဖက်ရည်ဆိုင်အ တွင်းတွင် ရှေ့နေတစ်ဦးကို အမျိုး သမီးတစ်ဦးက ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ခြင်းရှိခဲ့ကြောင်း သိရသည်။

''အချုပ်နဲ့ရင်ဆိုင်နေရတဲ့တရား ခံဆိုရင်တော့ ရဲကလုံခြုံရေးရှိတယ် ဆိုတာမှန်ပါတယ်။ အာမခံလို့ခေါ် တဲ့ တရားရုံးက အချုပ်လွတ်ထုချေ ခွင့်ပေးထားသူကိုတော့ ရဲတပ်ဖွဲ့က လုံခြုံရေးပေး ရတာမျိုးမရှိပါဘူး။ တရားသူကြီးက လိုအပ်တယ်ဆိုမှ သာ လုံခြုံရေး ပေးရတာမျိုးရှိပါတယ်'' ဟု ကျောက်ဆည်မြို့မရဲစခန်းမှူး ဒုရဲမှူးအေးအောင်က ပြောသည်။

ဓားထိုးခံရသည့် အမျိုးသမီး မှာ အပေါ်ယံအရေပြားချုပ်ရသည် မှလွဲ၍ စိုးရိမ်စရာ မရှိကြောင်းနှင့် ဆေးရုံပေါ်တွင် လုံခြုံရေးများပါထား ရှိပေးထားကြောင်း အမှုစစ် ရဲအုပ် အောင်လွင် က ပြောသည်။

LN
Yangon Media Group

No comments:

Post a Comment