Thursday, September 4, 2014

ရီးရဲလ်ကို အားပေးသူများ ငွေအကုန်ဆုံးဖြစ်



စပိန်အမြင့်တန်းဘောလုံးပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်အား အားပေးသော ပရိသတ်များမှာ ငွေအကုန်ဆုံးဖြစ်ပြီး တန်းတက်အီဘာကို အားပေးသောပရိသတ်များက ငွေကုန်သက်သာကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြသည်။

ဘောလုံးကလပ်များကို အားပေးရန် စပိန်ရှိပရိသတ်များမှာ တစ်ရာသီလျှင် ယူရိုသုံးထောင်ဝန်းကျင် အသုံးပြုရ လေ့ရှိပြီး ရီးရဲလ်ပရိသတ်များမှာ ယူရို ၃၄၆၄ အထိ ကုန်ကျသည်။ရီးရဲလ်၏မက်ဒရစ်မြို့ခံပြိုင်ဘက် အသလက် တီကိုက ယူရို ၃၀၈၉ သာ ကုန်ကျပြီး ယခုရာသီတွင် လာလီဂါသို့ တန်းတက်လာသော အီဘာအသင်းကို အား ပေးသူများမှာ ယူရို ၂၆၄၄ ဖြင့် ငွေကုန်အသက်သာဆုံး ဖြစ်နေသည်။ဘာစီလိုနာအသင်းပရိသတ်များမှာမူ ယူရို ၃၀၆၄ ကုန်ကျသည်။တစ်ရာသီစာလက်မှတ်ဈေးနူန်းများတွင် ရီးရဲလ်က အဝေးကွင်းလက်မှတ်ဈေးနူန်းယူရို၉၅၀ အထိရှိပြီးအိမ်ကွင်းနှင့်အဝေးကွင်းအတွက်သယ်ယူပို့ဆောင်စရိတ် ယူရို၉၀၀ ရှိသည်။အိမ်ကွင်း၊အဝေးကွင်း    တစ်ပွဲစီအတွက် ဆင်းဒွစ်ခ်ျနှင့်သောက်စရာအတွက် ယူရို ၂၄၀၊အမှတ်တရဂျာစီနှင့်လည်စည်းအတွက် ၁၀၈ ယူရို၊ဂြိုဟ်တုမှ ဘောလုံးပွဲများ ကြည့်ရှုမှုအတွက် ၂၁၆ ယူရိုဖြစ်ကြောင်း သိရသည်။
7daysports.com

No comments:

Post a Comment