Thursday, September 25, 2014

ကလေးငယ်တစ်ဦးမှ မိမိ ပြန်ပေးဆွဲခံနေရသည်ဟုဆိုကာ လုပ်ကြံဇာတ်လမ်းတစ်ခု ဖန်တီးမှုကြောင့် ရဲဝန်ထမ်းများအလုပ်ရှုပ်သွား

ရန်ကုန်၊ မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်း မှု မကြာခဏခံစားရသည့်အတွက် စိတ် ဖိစီးမှုများ ခံစားရလာသည်ဟုဆိုကာ ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးမှ မိမိ ပြန်ပေးဆွဲခံနေရသည်ဟုဆိုကာ လုပ်ကြံ ဇာတ်လမ်းတစ်ခုကို ဖန်တီးမှုကြောင့် ရဲ ဝန်ထမ်းများ အလုပ်ရှုပ်သွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂ဝ ရက် ညနေ ၅ နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်း တောတောင်ရပ်ကွက် ဗားကရာလမ်းပေါ် ရှိ Sprit Market ၌ ပန်းဘဲတန်းမြို့နယ် နေ ဦး----- နှင့်မိသားစုသည် ကိုယ်ပိုင် ကားဖြင့်ဈေးဝယ်လာရာ ကားပေါ်၌ သမီးဖြစ်သူ မ----- အား ထားရှိခဲ့ပြီး ဈေး ဝယ်ပြီးနောက် ကားသို့ပြန်လာရာ သမီး ဖြစ်သူ ပျောက်ဆုံးနေသည်ကို သိရပြီး စမ်းချောင်းမြို့မရဲစခန်းသို့ လူပျောက် တိုင်တန်းခဲ့ကြောင်း သိရသည်။


စက်တင်ဘာ ၂ဝ ရက် တစ်ညလုံး စမ်းချောင်းမြို့မရဲစခန်းမှ ရဲဝန်ထမ်းများ သာမက ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့၏ ညွှန်ကြားမှုဖြင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနမှ တပ် ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များက မ----- အား စုံစမ်းရှာဖွေခဲ့ကြသော် လည်း မတွေ့ရှိခဲ့ကြပေ။

ပျောက်ဆုံးခဲ့သော မိန်းကလေးငယ် မှာ ယင်းနှင့်အတူပါသွားသည့် ဖုန်းဖြင့် ည ၇ နာရီခွဲတွင် လသာမြို့နယ် လသာ လမ်း၌ ငွေကျပ်သုံးသိန်းဖြင့် လာရောက် ခေါ်ဆောင်ရန် မိခင်ဖြစ်သူ၏ ဖုန်းနံပါတ် သို့ မက်ဆေ့ခ်ျပေးပို့ခဲ့သည်။

ထိုနေ့တစ် ညလုံး ရဲတပ်ဝင်များ စုံစမ်းရှာဖွေနေကြ ပြီး စက်တင်ဘာ ၂၁ ရက် နံနက် ၇ နာရီ တွင် မ----- သည် နေအိမ်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း မိဘဖြစ်သူများ က ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။

ဖြစ်စဉ်အမှန်ကို ပျောက်ဆုံးနေ သော မ----- ၁၄ နှစ်က ကိုယ်တိုင်ပြော ကြားခဲ့ပြီး ယင်းမှာ မိမိကိုယ်တိုင်ကား ပေါ်မှဆင်းပြီး အနီးရှိ သီလရှင်ကျောင်း ဝင်းအတွင်း ဝင်ရောက်ကာ ပုန်းအောင်း နေခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။

သီလရှင်ကျောင်းဝင်းအတွင်းရှိ သိမ်ကျောင်းတွင် တစ်ညလုံးနေထိုင်ခဲ့ပြီးနောက် မိဘများ လိုက်လံ မရှာဖွေနိုင်စေရန် ပြန်ပေးဆွဲမှုအသွင် ဖန်တီးယူခဲ့ ခြင်း ဖြစ်ကြောင်း၊ နောက်နေ့နံနက် ရောက်သည့် အခါ ယင်းကိုယ်တိုင် တက္ကစီငှားရမ်း၍ နေအိမ်သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမိန်းကလေးသည် အိမ်မှုကိစ္စများတွင် စည်းကမ်းမရှိကြောင်း မိခင်ဖြစ်သူ၏ဆူပူဆုံးမခြင်း ကိုခံရခြင်း၊ စက်တင်ဘာလပတ်စာမေးပွဲတွင် အဆင့် (၉) မှ(၁၄)သို့ကျဆင်းသွားသဖြင့် မိခင်၏ ဆူပူမှုခံ ရမည်ကိုစိုးရိမ်ကာ အဆင့် (၁ဝ)ဟုပြင်ဆင်ရေးသား ခဲ့သဖြင့် အတန်းပိုင်ဆရာမနှင့် မိခင်ဖြစ်သူတို့ တွေ့ဆုံ ရမည့်ကိစ္စကို စိုးရိမ်စိတ်ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် စိတ်ဖိစီးမှုများရရှိကာ စိတ်ထွက်ပေါက်အဖြစ် ယခု ကဲသို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

''ကျွန်တော်တို့ အဲဒီနေ့တစ်ညလုံး တာဝန်ယူ ဆောင်ရွက်ခဲ့တာ။ တိုင်းကနေပြီး အမိန့်အရကို လိုက် လံရှာဖွေခဲ့တယ်။ နောက်နေ့နံနက်ရောက်တော့ ကလေး တွေ့ပြီလို့ မိသားစုက အကြောင်းကြားတယ်။ တာ ဝန်ဝတ္တရားတစ်ခုကို နှောင့်ယှက်မှုဖြစ်မဖြစ်ဆိုတာ ကတော့ ညွှန်ကြားမှုတော့မပေးသေးပါဘူး''ဟု စမ်း ချောင်းမြို့မရဲဝန်ထမ်းတစ်ဦးကပြောသည်။

Yangon Media Group

No comments:

Post a Comment