Tuesday, September 23, 2014

မင်းမဲ့စရိုက်ဆန်ဆန် မှုခင်းများ ထိရောက်စွာနှိမ်နင်းရန် အဖြေရှာမည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းဖြစ်ပေါ်နေသော မင်းမဲ့စ ရိုက်ဆန်ဆန်လူသတ်မှု၊ အုပ်စု ဖွဲ့တိုက်ခိုက်မှု များအား တိုင်း ဒေသကြီးအစိုးရအနေဖြင့် ပိုမိုထိ ရောက်စွာ နှိမ်နင်းဆောင်ရွက် ရန် တိုင်းဒေသကြီး လွှတ်တော်တွင် ယနေ့ ဆွေးနွေးသွားမည် ဖြစ် သည်။
ယခုလ ၂၂ ရက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အထူးအစည်း အဝေး၌ ဒဂုံမြို့သစ်(တောင် ပိုင်း) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဒေါ် စန်းစန်းဝင်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း အထက်ဖော် ပြပါ ကိစ္စရပ်များဖြစ်ပေါ်နေပြီး တရားဥပဒေစိုးမိုးမှုကို ထိခိုက် လာသဖြင့် ယခုအဆိုကို တင် သွင်းရကြောင်း ပြောကြားခဲ့ သည်။
‘‘တရားဥပဒေမဲ့ လုပ်ဆောင် တယ်ဆိုတဲ့ နေရာမှာ ပုဂ္ဂလိက ပိုင်၊  ဌာနပိုင်၊ အများပိုင် စတဲ့ မြေတွေမှာ အုပ်စုဖွဲ့ကျူးကျော် ၀င်ရောက်မှုတွေတော်တော်များ များရှိလာတာကိုတွေ့ရပါတယ်။ ဒီလိုဖြစ်တာတွေ အပေါ်မှာ အပြစ် ရှိသူကို ရှိသကဲ့သို့ အရေးယူပြီး မှန်ကန်သူများအတွက်လည်း ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်လုပ်ပေး သင့်ပါတယ်’’ဟု အဆိုရှင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းကပြောကြား သည်။
အဆိုတင်သွင်းရာတွင် နမူနာဖြစ်ရပ်များအဖြစ် အင်တာ နက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ သည့် လှိုင်သာယာ လူသတ်မှု၊ ဒဂုံမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှု၊ ရန်ကင်းမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုများနှင့် သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ရမ်းကားမှုများကို ဥပမာပြပြောဆိုကာယင်းဖြစ်ရပ် များသည် ပြည်သူအများကို များစွာထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ဒေါ်စန်းစန်းဝင်းက ဆိုသည်။
‘‘ကျွန်တော်တို့ အနေနဲ့က တော့ လုံခြုံရေးကို အဓိကထား ဆောင်ရွက်ပါတယ်။ သတင်းရရှိဖို့က အရေးကြီးပါတယ်။ အဲဒါ ကြောင့် ပြည်သူတွေအနေနဲ့က သတင်းရရှိရေးအတွက် ပူးပေါင်း ပါဝင်ဖို့လိုပါတယ်’’ဟု ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကပြောသည်။
တိုင်းဒေသကြီး လွှတ်တော်  ကိုယ်စားလှယ် ဥပမာပေးဖော်ပြ ခဲ့သော မှုခင်းများကြောင့် မိမိ အနေဖြင့် စိုးရိမ်ကြောက်လန့်မှု များဖြစ်ပေါ်ခဲ့ပြီး လုံခြုံမှုကင်းမဲ့ သကဲ့သို့ ခံစားရကြောင်း ဒဂုံမြို့ သစ်(မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သည့် ကိုဇော်မင်းအေးက ပြောသည်။
‘‘အဲဒါတွေဖြစ်ပြီးကတည်းက စိတ်က သိပ်မလုံခြုံတော့သလိုခံစားရတယ်။ လမ်းသွားရင်လည်း တစ်ယောက်ယောက်နဲ့ တိုးမိတိုက်မိမှာကိုတောင် စိုးရိမ်သလို ဖြစ်လာပြီ။ ဘာမှမဟုတ်ဘဲ တစ်ခုခုဖြစ်သွားရင် ကျွန်တော့်မှာ မိသားစုရှိတယ်လေ။ ဘာမဟုတ်တာနဲ့တော့ မရင်းရဲဘူး’’ဟု ၎င်းကပြော သည်။
အထက်ဖော်ပြပါ အဆိုကိုယနေ့(စက်တင်ဘာ ၂၃) ရက်တွင် ကျင်းပမည့် တိုင်းဒေသကြီးလွှတ် တော် အထူးအစည်းအဝေး၌လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးမည်ဖြစ်ပြီး အဆိုအတည်ပြု၊ မပြုကိုလည်း တစ်ပါ တည်းဆုံးဖြတ်မည်ဖြစ်သည်။
7 Day Daily

No comments:

Post a Comment