Tuesday, September 23, 2014

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီ ၄၀ ဦးကျမ်းသစ္စာကျိန်ဆိုပွဲ ရခိုင်ဒေသခံများကန့်ကွက်

မြေပုံမြို့နယ်တွင် စက် တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သောနိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူ မျိုးများ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိ သည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူမျိုး ၄၀ ဦး၏ ကျမ်းသစ္စာကျိန် ဆိုပွဲကို မြေပုံမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကျမ်းသစ္စာကျိန် ဆိုပွဲကို ဒေသခံများက အိမ်များ၊ ဈေးဆိုင်များပိတ်ကာ လမ်းများ ပေါ်သွားလာလှုပ်ရှားခြင်းမပြုဘဲ ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြ ခြင်း ဖြစ်သည်။
‘‘အထောက်အထားပြည့်စုံ မှုမရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို နိုင် ငံသားကတ်ထုတ်ပေးတာကြောင့် တစ်မြို့လုံးက ကန့်ကွက်တာ။ တံခါးပိတ်ဆန္ဒထုတ်ဖော်ကြတာ’’ဟု မြေပုံမြို့နယ်မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။
မြေပုံမြို့နယ်တွင် နိုင်ငံသား စိစစ်ရန် လျှောက်လွှာတင်သွင်း သူ ၁၀၉၄ ဦးရှိပြီး ၁၉၈၂ ဥပဒေ အရ စစ်ဆေးရာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦးရှိသည်။ ယင်းအထဲမှ အချို့မှာ မိဘ၊ အဘိုး၊ အဘွားမှတ်ပုံတင် မရှိသူများ၊ တိုင်းရင်းသားဘာသာ စကားမပြောဆိုတတ်သူများ ဖြစ် ပြီး အထောက်အထားမပြည့်စုံသူ များဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထို့အပြင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကန့်ကွက်သည့်အနေဖြင့် ရဟန်းသံဃာများက ဆွမ်းခံမကြွခြင်း၊ ဒေသခံများက စာတမ်း၊ ဆိုင်းဘုတ်များတွင် ‘‘အထောက်အထားပြည့်စုံမှုမရှိသော ဘင်္ဂါလီလူမျိုးများအား နိုင်ငံသားကတ်ထုတ်ပေးခြင်းကို လုံးဝလုံးဝကန့်ကွက်ကြောင်း’’ရေးသားဖော်ပြ ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
စက်တင်ဘာ ၂၂ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦး မောင်မောင်အုန်းကိုယ်တိုင် မြေပုံ မြို့သို့ သွားရောက်ခဲ့သော်လည်း ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ခဲ့ သော ဘင်္ဂါလီကျေးရွာသို့ မလိုက် ပါခဲ့ကြောင်း သတင်းရရှိသည်။
၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ အရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ် အတွင်း မြန်မာနိုင်ငံနယ်နိမိတ် ၌ ရှစ်နှစ်ဆက်တိုက်တစ်ဆက် တည်း နေထိုင်သူများ၏ တတိယ မျိုးဆက်ကို နိုင်ငံသားပြုခွင့်ရရှိ မည်ဖြစ်သည်။
 လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးခင်ရီက ဘင်္ဂါ လီများကို စိစစ်ရာ မြို့နယ်အဆင့် မှစ၍ ဗဟိုအထိ အဆင့်ဆင့်စစ် ဆေးပြီးမှ ခွင့်ပြုခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်က ပြော ကြားခဲ့သည်။ 

7 day Daily

No comments:

Post a Comment