ပရီးမီးယားလိဂ် ပွဲစဉ်(၄)
မန်ယူ ၄-၀ ကျူ ပီအာ
စီးရီးအေပွဲစဉ်(၂)
နာပိုလီ ၀-၁ ချီယေဗို
လာဇီယို ၃-၀ ဆက်ဆနာ
အင်တာမီလန် ၇-၀ ဆက်ဆူအိုလို
မန်ယူ ၄-၀ ကျူ ပီအာ
စီးရီးအေပွဲစဉ်(၂)
နာပိုလီ ၀-၁ ချီယေဗို
လာဇီယို ၃-၀ ဆက်ဆနာ
အင်တာမီလန် ၇-၀ ဆက်ဆူအိုလို
ဖီအိုရင်တီးနား ၀-၀ ဂျီနိုအာ
ကက်ဂလီယာရီ ၁-၂ အတ္တလန္တာ
ဆမ်ဒိုးရီးယား ၂-၀ တိုရီနို
လာလီဂါပွဲစဉ်(၃)
ဗယ်လီကာနို ၂-၃ အယ်လ်ချီ
ဗလင်စီယာ ၃-၁ အက်စ်ပန်ညို
ဘွန်ဒက်စ်လီဂါပွဲစဉ်(၃)
ဖရန့်ဖတ် ၀-၁ အော့စ်ဘတ်
ဟန်နိုဗာ ၂-၀ ဟမ်းဘတ်
ပြင်သစ်လီဂူး-၁ ပွဲစဉ်(၅)
လိုင်လီ ၂-၀ နန့်စ်
ဂူအင်ဂမ့် ၂-၁ ဘော်ဒိုး
ချန်ပီယံရှစ် ပွဲစဉ်(၆)
နော်တင်ဟမ်ဖောရက်စ် ၁-၁ ဒါဘီကောင်တီ
(၄-၃-၃)ကစားကွက်နဲ့ အိုးထရက်ဖို့ဒ်မှာ ပရိသတ်ကို မန်ယူ ကြွေးဟောင်းဆပ်
မန်ယူ ၄-၀ ကျူ ပီအာ
ခံစစ်ပိုင်း ဘယ်တောင်ပံမှာ ရိုဂျိုကို ပွဲထုတ်ခဲ့ပြီး ဒါလီဘလိုင်းကို ကွင်းလယ်ဗဟိုနေရာ ကစားစေခဲ့တဲ့ မန်ယူဟာ အခုပွဲမှာတော့ (၃-၅-၂)အစား (၄-၃-၃)ပုံစံ အသုံးပြုသွားခဲ့ပါတယ်။ မိနစ်(၂၀)အတွင်း နှစ်ကြိမ် ဂိုးသွင်းခဲ့ရပေမယ့် မန်ယူရဲ့ တိုက်စစ်ပုံဖော်မှုက ထိရောက်ခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ ဒီမာရီယာရဲ့ ပြစ်ဒဏ်ဘော ကန်ချက် မြေထောက်ပြီး ဂိုးထဲဝင်သွားခဲ့လို့ မန်ယူ ဖိအားလျော့သွားခဲ့တာပါ။
(၁၆)မိနစ်အကြာမှာ ဒီမာရီယာ လျင်လျင်မြန်မြန် ထိုးဖောက်လာပြီး ရွန်နီကို ထိုးပေးရာမှာ သူ့ရဲ့ထပ်ဆင့်ပေးပို့မှု ရှင်းထုတ်ခဲ့ရပေမယ့် ဟာရဲရားဆီ ရောက်သွားပြီး ဒီကစားသမားက ဧရိယာထိပ်ကနေ ထောင့်ကျဉ်းထဲ ကန်သွင်းခဲ့လို့ မန်ယူ ဒုတိယဂိုး ရခဲ့ပါတယ်။ မန်ယူ ကစားကွက် အကောင်းဆုံး ဖြစ်ခဲ့တယ်လို့ မဆိုနိုင်ပေမယ့် ကွင်းလယ်ပိုင်းက ဘလိုင်း၊ ဟာရဲရားတို့ လုပ်အားနှုန်း ကောင်းခဲ့သလို ဒီမာရီယာ၊ ရွန်နီ၊ မာတာတို့ အချိတ်အဆက် မိခဲ့တာကို ချီးကျူးရမှာပါ။ ကွင်းလယ်ပိုင်းနဲ့ ရွန်နီရဲ့ ချိတ်ဆက်မှုတွေကို ကျူ ပီအာ ဟန့်တားနိုင်ခြင်း မရှိတာကလည်း ဒီပွဲရဲ့ အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်။ မာတာ၊ ဟာရဲရား တွဲလုံးကနေ ပွဲချိန် (၄၃)မိနစ်မှာ အနိမ့်ဘောကန်ချက်နဲ့ ရွန်နီက တတိယဂိုး သွင်းခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး (၂)မိနစ်အကြာမှာ ခရန်ဂျာရဲ့ ဧရိယာထိပ်ကန်ချက် ဂိုးသမား ဒီဂီယာ ခြေထောက် ထိထွက်ခဲ့လို့ မန်ယူ ချေပဂိုးပြန် မပေးခဲ့ရတာပါ။ ဒါပေမဲ့ (၅၇)မိနစ်မှာတော့ ဒီမာရီယာရဲ့ ကန်ချက်နဲ့ လူကျွံထောက်ချောက်ကို ပြေးထွက် သွားတဲ့ မာတာ ချိန်သားကိုက်ခဲ့ပြီး စပိန်သားရဲ့ ပိတ်သွင်းမှုက မန်ယူကို စတုတ္ထဂိုး ရစေခဲ့ပါတယ်။ (၆၆)မိနစ်မှာ မာတာနေရာ ဖယ်လ်ကာအို၊ (၈၂)မိနစ်မှာ ဒီမာရီယာအစား ဂျာနူဇက်တို့ကို လူစားထည့်သွင်းခဲ့ပြီး (၈၃)မိနစ်အရောက် ဘလိုင်းရဲ့ ကန်ချက်ကို ဂိုးသမား ဂိုးသမား ရောဘတ်ဂရင်း ပုတ်ထုတ်ခဲ့ရာမှာ ဖယ်လ်ကာအို ထပ်ဆင့် ကန်သွင်းပေမယ့် ရောဘတ်ဂရင်းက ထပ်ဆင့်ကာကွယ် သွားနိုင်ခဲ့ပါတယ်။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်များ
မန်ယူသည် ကျူ ပီအာနှင့်ပွဲစဉ်တွင် ဘောလုံးပေးပို့မှု (၉၁)ရာခိုင်နှုန်း
အောင်မြင်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ် အသင်းများအနက်
ဘောလုံးပေးပို့ အောင်မြင်မှု အကောင်းဆုံး မှတ်တမ်းပိုင်ဆိုင်။
မာတာသည် မန်ယူအတွက် နောက်ဆုံးပရီးမီးယားလိဂ် ပွဲစဉ်(၁၀)ပွဲတွင် (၈)ဂိုး သွင်းယူနိုင်ခဲ့။
(၂၀၁၃)ခုနှစ် ဧပြီလနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲတွင် မန်ယူအသင်း ပထမပိုင်း သွင်းဂိုး(၃)ဂိုးရသည့် ပထမဆုံးအကြိမ်ဖြစ်ခဲ့။
ပရီးမီးယားလိဂ် သွင်းဂိုး (၁၇၅)ဂိုး ရခဲ့သည့် ရွန်နီသည် အွန်နရီနှင့်အတူ ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး တတိယ ကစားသမားအဖြစ် ရပ်တည်နေ။
Nz(ရိုးရာလေး)
No comments:
Post a Comment