Tuesday, September 30, 2014

ကိုးလအတွင်း ပေါင် ၇၀ ဝိတ်ချနိုင်ခဲ့တဲ့ သတို့သမီးလောင်း



သူမ အမည်ဟာ Kirsty Thomas လို့ခေါ်ပါတယ်။ အသက် ၂၅ နှစ်သာ ရှိသေးပြီး ကိုးလ အတွင်း ပေါင် ၇၀ လျော့ချနိုင်မှုကြောင့် ဗြိတိန်မှာ နာမည်ကြီးတဲ့ အမျိုးသမး တစ်ဦး ဖြစ်လာပါတယ်။ သူ့ချစ်သူနဲ့ လက်ထက်ကို အချိန်ကို ရောက်ဖို့ အတွက် ကိုးလလောက် လိုပါသေးတယ်။ မင်္ဂလာဆောင် ဂါဝန်ရွေးတော့ သူမဟာ လက်ရှိ ပေါင်ချိန် ၂၂၀ နဲ့ လိုက်ဖက်တဲ့ size 16 ကို မရွေးပဲ size 8 ကို ရွေးချယ်ခဲ့ပါတယ်။
ဒါဟာ သူမရဲ့ ယုံကြည်မှု ဖြစ်ပါတယ်။ သူမ ယုံကြည် တစ်သလိုပဲ ကြိုးစားလိုက်တာ တစ်လကို ၇ ပေါင် ပုံမှန် ဝိတ်လျော့ချ နိုင်ခဲ့ပါတယ်။ ကိုးလ ပြည့်တဲ့ အချိန်မှာ သူမ ဝိတ်ဟ ၂၇၀ ကနေ ၁၃၀ ဝန်းကျင်သာ ကျန်ရှိပါတော့တယ်။ သူမရဲ ကအရပ်အမေငာ်းနဲ့ ၁၃၀ ဝန်းကျင် ဆိုတာ အနေတတော် ဖြစ်ပြီး သတို့ သမီး ဝတ်ဆုံနဲ့ သွယ်လျ လှပလို့ နေပါတယ်။ သူမ အနေနဲ့ ယင်းကဲ့သို့ ရရှိဖို့ အတွက် အစားအသောက် ဆင်ခြင်ခြင်း၊ အားကစား ပုံမှန် ပြုလုပ်ခြင်းတို့ကို မပျက်မကွက်စေပဲ ပြုလုပ်ခဲ့ပါတယ်။
ကိုးလ ပြည့်တဲ့ အချိန်မှာပဲ သူမ ဝယ်ထားတဲ့ နံပါတ် ၆ အရွယ် သတို့သမီး ဂါဝန် ဟာလည်း အရွယ်မှန် ဖြစ်သွား ပါတယ်။ နဂိုကတည်းက ရုပ်ခံလည်း ရှိတာကြောင့် ပိန်သွားတဲ့ အခါ မော်ဒယ် မလေးလို လှပနေခဲ့ပါတယ်။ သူမဟာ မိမိကိုယ်ကို ယုံကြည်ပြီး မပြတ်ကွက်တဲ့ ကြိုးစားမှု နဲ့ သန္ဒိဌာန် ပေါင်း စပ်လို့ ပန်းတိုင်ကို ရောက်အောင် လျှောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment