Friday, September 19, 2014

သရုပ်ဆောင်ရဲတိုက် ပုဒ်မနှစ်ခုအတွက်ထောင်ဒဏ်တစ်နှစ်စီချမှတ်ခံရ


သရုပ်ဆောင် ရဲတိုက်ကို သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊၂၉၅(က)တို့ အတွက် ဗိုလ်တစ်ထောင်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်စီ တစ်ပေါင်းတည်းကျခံစေရန် စက်တင်ဘာလ(၁၈)ရက်နေ့က အမိန့်ချမှတ်လိုက်သည်။ ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် ရဲတိုက်သည် ဗိုလ်ချုပ်လမ်း နှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ဘုရားကျောင်းရှေ့ တွင် ၂၀၁၃ ခုနှစ် မေလ (၂၈)ရက်နေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုကြောင့် သက်ဆိုင်ရာ၏ တရားစွဲ အရေးယူမှုကို ခံခဲ့ရခြင်းဖြစ်သည်။ သရုပ်ဆောင် ရဲတိုက်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ ရက်က ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်တွင် ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက် တကျပ်သားခန့် တွေ့ရှိမှုနှင့် ဖမ်းဆီး အရေးယူမှုခံခဲ့ရပြီး ယင်းကိစ္စနှင့် ပတ်သတ်ပြီး ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်က မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ) ( မူးယစ်ဆေးဝါး သုံးစွဲမှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ နှစ် အမိန့်ကို လက်ရှိ၌ ပြစ်ဒဏ်ခံယူနေရကြောင်း သိရသည်။
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

No comments:

Post a Comment