Tuesday, September 30, 2014

မန်းဝန်ကြီးချုပ်ဖလားပွဲတွင် ကစားသမားများ ဝိုင်းထိုး၍ ကွင်းလယ်ဒိုင် ဆေးရုံရောက်

Photo: မန်းဝန်ကြီးချုပ်ဖလားပွဲတွင် ကစားသမားများ ဝိုင်းထိုး၍ ကွင်းလယ်ဒိုင် ဆေးရုံရောက်
Tuesday, September 30, 2014

မန္တလေးတိုင်းဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲအဖြစ် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကွင်းလယ်ဒိုင်လူ ကြီးအား စစ်ကိုင်းတိုင်း ဘောလုံး အသင်းသားများက ဝိုင်းဝန်းထိုး ကြိတ်ကြသဖြင့် ပွဲကိုရပ်နား၍ ဒိုင်လူကြီးအား ဆေးရုံသို့ပို့ဆောင် ပေးလိုက်ရကြောင်း သတင်းရရှိ သည်။

စက်တင်ဘာ ၂၉ ရက် ည နေက မန္တလာသီရိအားကစား ကွင်းတွင် မန္တလေးတိုင်းဝန်ကြီး ချုပ်ဖလား ဘောလုံးပြိုင်ပွဲ ယှဉ် ပြိုင်ကစားကြရာ မိနစ် ၆၀ ကျော်၌ တစ်ဖက်တစ်ဂိုးစီ သရေကျနေ ချိန်တွင် မကွေးတိုင်းအသင်းက ပင်နယ်တီ ရသွားခဲ့သည်။

ပင်နယ်တီ ပေးရသည်ကို မကျေနပ်၍ စစ်ကိုင်းတိုင်း ဘော လုံးနည်းပြက ၎င်း၏ ကစားသမားများအားကွင်းပြင်သို့ ထွက်ခိုင်း၍ ၁၅ မိနစ်ခန့် ပွဲရပ်နားထားရသည်။

ပြိုင်ပွဲတာဝန်ရှိသူများက ပွဲဆက်လက်ကစားခိုင်းရာ မိနစ် ၈၀ ဝန်းကျင်အချိန်တွင် စစ်ကိုင်းတိုင်းအသင်းဘက်သို့ မကွေးတိုင်းအသင်း ပြစ်ဒဏ်ဘောရရှိရာမှ စစ်ကိုင်းတိုင်းနည်းပြက ကွင်းလယ်ဒိုင်လူကြီးအား စတင်ထိုးကြိတ်၍ အသင်း၏ အရန်ကစားသမားများ အားလုံးကပါ ဝိုင်းဝန်းထိုးကြိတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘ပွဲစဉ်အဆုံးအဖြတ်ကို မနက်ဖြန်ကျမှ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်သွားမှာပါ။ ဒိုင်လူကြီးက ဆေးရုံမှာဆိုပေမယ့် အခြေအနေကောင်းပါတယ်’’ ဟု မန္တလေးတိုင်းအားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဇင်က ပြောသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ကိုင်တွယ်သော ကွင်းလယ်ဒိုင်လူကြီးမှာ အမှားများပြုလုပ်ခြင်းမရှိကြောင်း ပရိသတ်တစ်ဦးက ပြောကြားသည်။

‘‘ဒိုင်လူကြီးကလည်း ဘက်မလိုက်ပါဘူး။ ဒုတိယပိုင်း အစကတည်းက စစ်ကိုင်းတိုင်းအသင်းနည်းပြက ပြဿနာရှာနေတာ။ မကွေးဘက်ကို ပင်နယ်တီပေးကတည်းက စဖြစ်နေတာ။ စစ်ကိုင်းအသင်းက လူတော်တော်များများ က ဝိုင်းထိုးကြတာပဲ။ တစ်ဖက် တစ်ဂိုးစီနဲ့ ဖြစ်နေတုန်းမှာ ပွဲပြီးသွားတာ။ ပင်နယ်တီပေးတာကလည်း ဂိုးမဝင်ပါဘူး။ ဒါကို ပြဿနာက မပြီးသေးတာပါ’’ ဟု ၎င်းကပြောသည်။

7 Day Daily

ကစားသမားများက ကွင်းလယ်ဒိုင်အား ထိုးကြိတ်မှုဖြစ်ပွားပြီးနောက် ဘောလုံးကွင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကစားသမားများနှင့် တာဝန်ရှိသူများကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမင်းလွင်)
 မန္တလေးတိုင်းဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲအဖြစ် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကွင်းလယ်ဒိုင်လူ ကြီးအား စစ်ကိုင်းတိုင်း ဘောလုံး အသင်းသားများက ဝိုင်းဝန်းထိုး ကြိတ်ကြသဖြင့် ပွဲကိုရပ်နား၍ ဒိုင်လူကြီးအား ဆေးရုံသို့ ပို့ဆောင် ပေးလိုက် ရကြောင်း သတင်းရရှိ သည်။

စက်တင်ဘာ ၂၉ ရက် ည နေက မန္တလာသီရိအားကစား ကွင်းတွင် မန္တလေးတိုင်းဝန်ကြီး ချုပ်ဖလား ဘောလုံးပြိုင်ပွဲ ယှဉ် ပြိုင်ကစားကြရာ မိနစ် ၆၀ ကျော်၌ တစ်ဖက်တစ်ဂိုးစီ သရေကျနေ ချိန်တွင် မကွေးတိုင်းအသင်းက ပင်နယ်တီ ရသွားခဲ့သည်။

ပင်နယ်တီ ပေးရသည်ကို မကျေနပ်၍ စစ်ကိုင်းတိုင်း ဘော လုံးနည်းပြက ၎င်း၏ ကစားသမားများအား ကွင်းပြင်သို့ ထွက်ခိုင်း၍ ၁၅ မိနစ်ခန့် ပွဲရပ်နားထားရသည်။

ပြိုင်ပွဲတာဝန်ရှိသူများက ပွဲဆက်လက်ကစားခိုင်းရာ မိနစ် ၈၀ ဝန်းကျင်အချိန်တွင် စစ်ကိုင်းတိုင်း အသင်းဘက်သို့ မကွေးတိုင်းအသင်း ပြစ်ဒဏ်ဘောရရှိရာမှ စစ်ကိုင်းတိုင်းနည်းပြက ကွင်းလယ်ဒိုင် လူကြီးအား စတင်ထိုးကြိတ်၍ အသင်း၏ အရန်ကစားသမားများ အားလုံးကပါ ဝိုင်းဝန်း ထိုးကြိတ်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

‘‘ပွဲစဉ်အဆုံးအဖြတ်ကို မနက်ဖြန်ကျမှ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်သွားမှာပါ။ ဒိုင်လူကြီးက ဆေးရုံမှာဆိုပေမယ့် အခြေအနေကောင်းပါတယ်’’ ဟု မန္တလေးတိုင်းအားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဇင်က ပြောသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ကိုင်တွယ်သော ကွင်းလယ်ဒိုင်လူကြီးမှာ အမှားများပြုလုပ်ခြင်းမရှိကြောင်း ပရိသတ် တစ်ဦးက ပြောကြားသည်။

‘‘ဒိုင်လူကြီးကလည်း ဘက်မလိုက်ပါဘူး။ ဒုတိယပိုင်း အစကတည်းက စစ်ကိုင်းတိုင်း အသင်းနည်းပြက ပြဿနာရှာနေတာ။ မကွေးဘက်ကို ပင်နယ်တီပေးကတည်းက စဖြစ်နေတာ။ စစ်ကိုင်း အသင်းက လူတော်တော်များများ က ဝိုင်းထိုးကြတာပဲ။ တစ်ဖက် တစ်ဂိုးစီနဲ့ ဖြစ်နေတုန်းမှာ ပွဲပြီးသွားတာ။ ပင်နယ်တီပေးတာကလည်း ဂိုးမဝင်ပါဘူး။ ဒါကို ပြဿနာက မပြီးသေးတာပါ’’ ဟု ၎င်းကပြောသည်။

7 Day Daily

ကစားသမားများက ကွင်းလယ်ဒိုင်အား ထိုးကြိတ်မှုဖြစ်ပွားပြီးနောက် ဘောလုံးကွင်းအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ကစားသမားများနှင့် တာဝန်ရှိသူများကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမင်းလွင်)

No comments:

Post a Comment