Wednesday, September 17, 2014

အိမ်သာကျင်းအတွင်းသို့ ပြုတ်ကျသွားသူတစ်ဦးအား ဆင်းဆယ်ရာမှ လူလေးဦးစလုံးသေဆုံးမှု ပခုက္ကူမြို့နယ်တွင်ဖြစ်ပွား

မကွေး တိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် အိမ်သာကျင်းသစ်အတွင်းသို့ ပြုတ် ကျသွားသူတစ်ဦးအား လူသုံးဦးမှ လိုက်လံဆင်းဆယ်ရာ ဆင်းဆယ် သူသုံးဦးစလုံးမှာလည်း ကျင်းအတွင်း လဲကျသွားသဖြင့် ပခုက္ကူမြို့နယ် ခရိုင်မီးသတ် တပ်ဖွဲ့မှ လာရောက် ဆယ်ယူပေးကာ ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံ အရောက်၌ လေးဦးစလုံး သေဆုံးနေမှု တစ်ခု စက်တင်ဘာ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပခုက္ကူမြို့ အမှတ် (၁၁)ရပ်ကွက် (၁၆)လမ်းရှိ ဦးနေ ဝင်းဆိုသူ၏ နေအိမ်နောက်ဖေး၌
ကိုထွန်း နိုင်ဆိုသူသည် အနက် ၁၅ ပေ၊ အချင်း ၂ဒသမ ၁ဝပေရှိ အိမ် သာကျင်းအသစ်ကို အုတ်များဖြင့် ကျင်းခွေချလုပ်ငန်းကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၁နာရီ ၄ဝမိနစ်ခန့် က ဆောင်ရွက်နေစဉ် အိမ်သာကျင်းအ ဟောင်းနှင့် ကျင်းအသစ်တို့ ပိုက် သွယ်တန်းရန် အိမ်သာကျင်းအသစ် ၌ ပိုက်တပ်နေစဉ် ကျင်းသစ်ထဲသို့ ပြုတ်ကျသွားသဖြင့် အတူ အလုပ် လုပ်ကိုင်နေသော ကိုအောင်မင်းထွန်း မှာလည်း ကိုထွန်းနိုင်အား ဆယ်ယူရန် အိမ်သာကျင်းအသစ်ထဲသို့ ဆင်း လိုက်သွားစဉ် ကိုအောင်မင်းထွန်းမှာ ကျင်းထဲ၌ ထပ်မံလဲကျသွားခဲ့ ကြောင်း အနီးအနားရှိ ဦးရဲတင့်မှ ပြောကြားသည်။
ဦးရဲတင့်မှ ဦးနေဝင်း၏ အိမ် အနီးရှိ ဦးချင်းဘို၏ နေအိမ်တွင် လက်သမား အလုပ်လုပ်ကိုင်နေကြသော ကိုဝင်းဇော်နှင့် ကိုအောင်မိုးဦး(ခ)အောင်မျိုးထွန်းအား လှမ်းခေါ်၍ ထပ် မံဆင်းဆယ်ရာ ၄င်းတို့နှစ်ဦးစလုံးပါ ကျင်းအတွင်း ထပ်မံ လဲကျသွားသဖြင့် အနီးပတ်ဝန်းကျင်မှ သက်ဆိုင် ရာဌာနဆိုင်ရာများသို့ မွန်းလွဲ ၁၁ နာရီ မိနစ် ၅ဝခန့်တွင် ဖုန်းဖြင့် သ တင်းပေး အကူအညီတောင်းခံခဲ့ရ သည်။
ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာန မှ ဦးစီးမှူး ဦးခင်မောင်သန်းနှင့် မီး သတ်တပ်ဖွဲ့ဝင် ခြောက်ဦးတို့သည် မွန်းတည့် ၁၂နာရီခန့်တွင် ရောက်ရှိ လာပြီး အိမ်သာကျင်းထဲ လဲကျနေ သူလေးဦးအား ၁၂နာရီခွဲခန့်မှ စ တင်၍ ဆယ်ယူခဲ့ရာ ကျင်းထဲပြုတ် ကျသူ လေးဦးစလုံးအား မွန်းလွဲ ၁နာရီ မိနစ် ၂ဝတွင် အပေါ်သို့ တင် ဆောင်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင် ခဲ့ရာ ဆေးရုံအရောက်တွင် ကျင်းထဲ ပြုတ်ကျသူလေးဦးစလုံးမှာ အသက် မရှိတော့ကြောင်း ဆရာဝန်မှ အ တည်ပြု ပြောကြားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပခုက္ကူ မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်း လှိုင်မှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် သေမှု/သေခင်းအမှတ်စဉ် (၁၂/ ၂ဝ၁၄) ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ပခုက္ကူမြို့နယ် မြို့မရဲစ ခန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။

WT(LPD)
Yangon Media Group

No comments:

Post a Comment