Tuesday, September 16, 2014

တိုင်ဖွန်းမုန်တိုင်းကြောင့် မုတ်သုံလေ အားကောင်း ဒေသအများစု ရေဘေးအန္တရာယ်ရှိ

 တောင်တရုတ်ပင်လယ် မှ ကယ်လ်မေဂီ (Kalmaegi) တိုင်ဖွန်းမုန်တိုင်းသည် ကုန်းတွင်းမုန် တိုင်းငယ်အဖြစ် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်သလို၊ လက်ရှိ မုန် တိုင်းအရှိန်ကြောင့် မုတ်သုံလေ ပိုမိုအားကောင်းလာကာ ဒေသ အများစု၌ ရေဘေးအန္တရာယ် ကြိုတင် သတိပြုသင့်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။
‘‘တတိယရေကြီးကာလ လည်း ဖြစ်နေတယ်။ မုန်တိုင်းက လည်း အားကောင်းနေတယ်။ သူ့ အရှိန်ကြောင့်လည်း မုတ်သုံက ပြန်အားကောင်းနေပြန်တယ်။ အခုတောင် မိုးခေါင်နေတဲ့ အ လယ်ပိုင်းမှာ ရေဘေးတွေ့နေရ ပြီ။ ဒီမုန်တိုင်းကြောင့် ရေလွှမ်း မယ့်အန္တရာယ်ရော လေပြင်း ကျမယ့်
အန္တရာယ်ပါရှိနေတယ်’’ ဟု ဒေါက်တာထွန်းလွင်က သတိ ပေးသည်။တောင်တရုတ် ပင်လယ်မှ နိုင်ငံတကာ အမည်တပ် မုန်တိုင်း Kalmaegi သည် တစ်နာရီလေ တိုက်နှုန်း မိုင် ၇၀၊ ရွေ့လျားနှုန်း ၂၁ မိုင်ခန့်ဖြင့် ရွေ့လာနေပြီး စက်တင်ဘာ ၁၇ ရက်ညနေတွင် မြန် မာနိုင်ငံသို့ မုန်တိုင်းငယ်အဖြစ် ၀င်ရောက်လာနိုင်ကြောင်း နိုင်ငံတကာမိုးလေ၀သဌာနများ၏ ခန့်မှန်းချက်များကို ကိုးကား၍ ဒေါက်တာ ထွန်းလွင်က သတင်းထုတ်ပြန်ထားသည်။
‘‘ရှမ်းနဲ့  ကချင်ပြည်နယ်ဘက်ကို ဖြတ်ပြီး အထက်ဘက်ကို ထောင်တက်သွားမယ် ဆိုရင် တော့ တော် မယ်။ အောက်ဘက် ကို ဆင်းလာမယ်ဆိုရင်တော့ မြန် မာနိုင်ငံအောက်ပိုင်း အထိ ရောက် ပြီး ဘင်္ဂလားပင်လယ်ထဲ ၀င်သွား နိုင်တယ်။ ဒီနေ့ခန့်မှန်းချက်အထိ  ၀င်ဖို့ကတော့ သေချာသလောက် ပဲ’’ ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
မုန်တိုင်း Kalmaegi သည် စက်တင်ဘာ ၁၄ ရက်က လားရှိုး မြို့ အရှေ့ဘက် မိုင် ၂၅၀ ခန့်၊ မိုင်းယောင်းမြို့ မြောက်ဘက် ၂၂၅ မိုင်ခန့် ကုန်းတွင်းလေဖိအားနည်းရပ် ၀န်းအဆင့်ဖြင့် ၀င်ရောက်လာနိုင် ကြောင်း အမေရိကန်အမျိုးသား မိုးလေ၀သဌာနက သတင်းထုတ် ပြန်ခဲ့သော်လည်း စက်တင်ဘာ ၁၅ ရက် ခန့်မှန်းချက်တွင်မူ လား ရှိုးမြို့ အရှေ့ဘက်မိုင် ၈၀ ခန့်အထိရောက်လာနိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
ကယ်လ်မေဂီမုန်တိုင်းသည်  စက်တင်ဘာ ၁၅ ရက် ခန့်မှန်း ချက်များအရ တောင်တရုတ်ပင် လယ်အတွင်း ရောက်ရှိလာကာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၏ အရှေ့တောင်ဘက် ရေပြင်ကို ဗဟိုပြုနေကြောင်း ဒေါက်တာ ထွန်းလွင်ကပြောသည်။
စက်တင်ဘာ ၁၆ ရက် ညတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေအနီးမှ ဖြတ်၍ ကုန်းတွင်းသို့ ၀င်ရောက်လာပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် လာအိုနိုင်ငံမြောက်ဖျား၊ တရုတ်ပြည်-ယူနန်ပြည်နယ်တို့မှ တစ်ဆင့် မြန်မာနိုင်ငံ အရှေ့ပိုင်းသို့ စက်တင်ဘာ ၁၇ ရက် ညနေတွင် ၀င်ရောက်လာနိုင်ကြောင်း မုန်တိုင်းရွေ့လျားနေသည့် လမ်းကြောင်းကို ရှင်းပြသည်။
မုန်တိုင်း၏ လေစီးကြောင်း သည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်မှ မုတ်သုံလေကို ဆွဲယူနေပြီး မုတ်သုံလေ အား ကောင်းလာသောကြောင့် မြန်မာ့ ပင်လယ်ပြင်တွင် စက်တင်ဘာ ၁၇ ရက်ညမှ စက်တင်ဘာ ၂၀ရက် နံနက်အထိ လှိုင်းအမြင့် ၁၂ ပေမှ ၁၅ ပေခန့်အထိ ရှိလာ နိုင်ကြောင်း နိုင်ငံတကာမိုးလေ၀ သဌာနများ၏ ခန့်မှန်းချက်များကို သတင်းထုတ်ပြန်ပေးနေသည့် MM-Weather Page က သတိ ပေးထားသည်။
မိုး/ဇလဌာနက မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် မိုးသက်လေပြင်းကျ ရောက်နိုင်ကြောင်း သတိပေးထားပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်၊ ချင်းပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ကြောင်း သတင်းထုတ်ပြန် ထားသည်။
မိုး/ဇလ ဌာန  ဒုတိယညွှန် ကြားရေးမှူးချုပ်  ဦးကျော်မိုးဦးက Kalmaegi မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုး ကောင်းနိုင်ပြီး လက်ရှိကာလရေ ကြီးနေသည့် ဒေသများလည်း ရှိ သောကြောင့် ဒေသခံများ ရေလွှမ်းမှုအန္တရာယ်သတိပြုသင့်ကြောင်း ပြောသည်။
‘‘ဒီအချိန် တောင်တရုတ်ပင် လယ်က မုန်တိုင်းတွေက မြန်မာ နိုင်ငံအတွက် မိုးပေးတတ်တော့ စိုက်ပြီးသား သီးနှံတွေအတွက် တော့ အန္တရာယ်ရှိတာပေါ့။ တချို့ မစိုက်ရသေးတဲ့ ဒေသတွေ အ တွက်တော့လည်း အဆင်ပြေနိုင် တယ်။ လက်ရှိရေကြီးနေတဲ့ ဒေသ တွေကတော့ သတိထားဖို့လိုတာ ပေါ့’’ဟု ဆိုသည်။
၂၀၀၆ ခုနှစ် အောက်တိုဘာ က တောင်တရုတ် ပင်လယ်မှ မုန်တိုင်းတစ်လုံးသည် လေဖိအား နည်းရပ်ဝန်းအဖြစ် မြန်မာနိုင်ငံအတွင်း ဖြတ်ခဲ့ပြီး ဘင်္ဂလားပင်လယ်ထဲ ရောက် သွားကာ ပြန်လည် အား ကောင်းလာခဲ့ပြီးနောက် မုန်တိုင်း ငယ်အဖြစ် မြန်မာနိုင်ငံသို့  ပြန်ဝင် လာခဲ့ဖူးကြောင်း ဦးကျော်မိုးဦးက ပြောသည်။
လက်ရှိအချိန်တွင် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြေနိမ့်ဒေသအချို့ ရေ လွှမ်းမိုးမှု အန္တရာယ်ရင်ဆိုင်နေရ သည်။

7 Day Daily

No comments:

Post a Comment