Friday, September 19, 2014

နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ရသည့် ဘင်္ဂါလီများ ကတိပြုကျမ်းကျိန်မည်

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး တစ်ထောင်ကျော်ရှိသည့်အနက် အစိုးရက နှစ်ရာကျော်ကို နိုင်ငံ သားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် ပေး လိုက်ပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံ သားပြုခွင့်ပေးလိုက်သည့် ဘင်္ဂါ လီ ၂၀၉ ဦးကို စက်တင်ဘာ ၂၂ ရက်တွင် ကတိပြုကျမ်းကျိန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

‘‘ဗဟိုက စိစစ်ခွင့်ပြုပေး လိုက်တာပါ။ နိုင်ငံသားဖြစ်ခွင့် အယောက် ၄၀၊ နိုင်ငံသားပြုခွင့် အယောက် ၁၆၉ ရှိပါတယ်။ ၁၉၈၂ ဥပဒေပါ ပုဒ်မ ၆ နဲ့ ညီတဲ့ အတွက် ခွင့်ပြုလိုက်တာပါ။ ကျမ်းကျိန်ပြီးရင်တော့ အသိအမှတ်ပြု ကတ်ပြားတစ်ခုခု ရမှာပါ’’ ဟု အထက်ပါပုဂ္ဂိုလ်ကရှင်းပြသည်။

ဘင်္ဂါလီများ နိုင်ငံသားပြုခွင့် လျှောက်ထားမှုကို ယခုနှစ် ဇွန် ၁၅ ရက်မှစတင်ပြီး မြေပုံမြို့နယ်ကို စမ်းသပ်ဧရိယာအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသူ ၁,၀၉၄ ဦး ရှိခဲ့သည်။

၁၉၈၂ ဥပဒေအရ ဗဟိုက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ် ဆက်များကို စိစစ်သည့်အခါ ဥပဒေပါပုဒ်မ ၆ နှင့် ကိုက်ညီ၍ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ကို သုံး မျိုးပေးထားပြီး နိုင်ငံသားဖြစ် ခွင့်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့် ရသူဟူ၍ ဖြစ်သည်။

‘‘တခြားကိစ္စတော့ သက် ဆိုင်ရာ ၀န်ကြီးဌာနနဲ့ ဆိုင်ပါ တယ်။ ရွေးကောက်ပွဲကော်မတီ က နိုင်ငံသားပြု ခွင့်ရသူတွေက မဲ ပေးခွင့်ရတယ်။ ပါတီထောင်ခွင့်ရှိ တယ်လို့ဆိုရင် အဲဒီလူတွေက အဲ ဒီအခွင့်အရေးရ မှာပေါ့။ ဘယ်ဝန်ကြီးဌာနပဲဖြစ်ဖြစ် အလုပ်ပဲ ခေါ်ခေါ်၊ ဘာပဲလုပ်လုပ် နိုင်ငံ သားဖြစ်ရမယ်။ တိုင်းရင်းသား လူမျိုးဖြစ်ရမယ်၊ အဲဒီအတိုင်းပဲ သွားမယ်’’ဟု ၎င်းကပြောသည်။

ဘင်္ဂါလီလူမျိုးများကို နိုင်ငံ သားဖြစ်ခွင့်ရွေးချယ်ရာတွင် ပြည် နယ်အဆင့်၊ ပြည်ထောင်စုအ ဆင့်နှင့် ဗဟိုအဆင့်သုံးမျိုးခွဲခြား ဆောင်ရွက်ခဲ့သည်။ ပြည်နယ် အဆင့်စစ်ဆေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့ နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေအ ရာရှိ၊ မြို့နယ်ဦးစီးမှူး၊ ဒေသခံ ရခိုင်နှင့် ဘင်္ဂါလီ ကိုယ်စားလှယ် တစ်ဦးစီထားကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်မှ စိစစ်ပြီး စာရင်း များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ၀န်ကြီးဌာနမှ ပြန်လည် စိစစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန စသည့် ၀န်ကြီးဌာန လေး ခုပါဝင်သော ကော်မတီက ပြန် လည်စိစစ်ခွင့်ပြုပေးခြင်း ဖြစ် သည်။

သန်းခေါင်စာရင်းကောက် ယူစဉ်တွင် ဘင်္ဂါလီလူမျိုးများက ရိုဟင်ဂျာ လူမျိုးအဖြစ် စာရင်း သွင်းခွင့်တောင်းဆိုခြင်းကြောင့် ထည့်သွင်းကောက်ယူမှု မရှိခဲ့ ချေ။ ရခိုင်ပြည်နယ်တွင် သန်း ခေါင်စာရင်းကောက်ယူမှုမရရှိခဲ့ ၍ လ၀က၀န်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှုအရ ဘင်္ဂါလီဦးရေတစ်သန်းကျော်ရှိမည်ဟု ရှေ့ ပြေးလူဦးရေစာရင်းတွင် ခန့်မှန်း ထားသည်။

7Day Daily

No comments:

Post a Comment