Tuesday, September 9, 2014

ပြည်ခိုင်ဖြိုးပါတီသို့ အတွေ့အကြုံများ မျှဝေလိုဟု ဗီယက်နမ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်ပြော


စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု၊ ပါတီထူထောင်ခြင်းနှင့် နိုင်ငံ စီမံခန့်ခွဲမှုနယ်ပယ်များတွင် မိမိ တို့ပါတီ၏ အတွေ့အကြုံများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) သို့ မျှဝေ သွားရန် စိတ်အားထက်သန်ပါ ကြောင်း ဗီယက်နမ်ကွန်မြူနစ် ပါတီအတွင်းရေးမှူးချုပ် ငုယင်ဖူ ထရန်ကပြောကြားသည်။

ပါတီနှစ်ခုနှင့် နိုင်ငံတော် နှစ်ရပ်ဆက်ဆံရေးမှာ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးရှိပြီး အရှေ့တောင်အာရှနှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက်လည်း အကျိုးရှိမည်ဟု ဆန္ဒပြုကြောင်း ငုယင်ဖူထရန်ကပြောသည်။

USDP နှင့် CPV နှစ်ပါတီ ကြားနှင့် မြန်မာ-ဗီယက်နမ် နှစ် နိုင်ငံကြား ဆက်ဆံရေးသည် နှစ် နိုင်ငံပြည်သူများ၏ အကျိုးအမြတ်ပိုမိုဖွံ့ဖြိုးမည်ဖြစ်ပြီး အရှေ့ တောင်အာရှဒေသနှင့် ကမ္ဘာ့တည်ငြိမ်းရေး၊ ငြိမ်းချမ်းရေး အတွက်လည်း ပိုမိုတိုးတက်ပြောင်းလဲမည်ဟု ငုယင်ဖူထရန်က ဆိုသည်။

စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူလူထုချင်း ဖလှယ်မှုတို့ ဖြင့် ကျယ်ပြန့်သည့် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ခြင်းတို့တွင် ဗီယက်နမ်သည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ် ဖက်အဖြစ် ဆက်လက်တည် ရှိမည်ဖြစ်ကြောင်း သူရဦးရွှေမန်း ကပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ ယခုခရီး စဉ်မှာ ဗီယက်နမ်အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ လေ့လာရေးခရီး သွားရောက်ခဲ့ ခြင်းဖြစ်သည်။

ယခု ခရီးစဉ်အတွင်း စစ်ရေးကိစ္စဆွေးနွေးလေ့လာရန် အစီအစဉ်မပါဝင်ကြောင်း နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ဘီဘီစီအား ပြောကြားထားခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက် ထက် ၂၀၀၈ ခုနှစ်၊ သြဂုတ်လက ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး General Phung Quang Thanh ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် တွေ့ဆုံ ခဲ့ဖူးပြီး နှစ်နိုင်ငံ စစ်တပ်များ အရေး၊ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ဆွေး နွေးသဘောတူညီခဲ့ကြဖူးသည်။

သူရဦးရွှေမန်း၏ ခရီးစဉ် အတွင်း ဥပဒေပြုရေးနှင့် စီးပွား ရေးကဏ္ဍဆိုင်ရာဆွေးနွေးလေ့ လာမှုများလည်း ပါဝင်ခဲ့သည်။ ဗီယက်နမ်အနေဖြင့် မြန်မာနိုင်ငံ တွင် ၂၀၁၅ခုနှစ်၌ အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော် ရင်း နှီးမြှုပ်နှံရန်နှင့် ၂၀၂၀ပြည့်နှစ်၌ ၂ ဒသမ ၅ ဘီလီယံရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားသည်။

7Day Daily

No comments:

Post a Comment