တိုင်းရင်းသား လူမျိုးစု ပေါင်းများစွာ အတူတကွ မှီတင်းနေထိုင်တဲ့ပြည်ထောင်စုဖြစ်တာနဲ့အညီမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းစွာ တည်တံ့ ခိုင်မြဲဖို့ဆိုရင်စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို မဖြစ်မနေထူထောင်ကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်လို့သာ ပြောနေ ဆိုနေကြသော် လည်းဖက်ဒရယ်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်နဲ့အနှစ်သာရကို သိရှိနားလည်သူ သိပ်များများစားစားမရှိလှသေးဘူး လို့ယူဆရပါတယ်။ တစ်ကယ်တော့ လူထု တစ်ရပ်လုံးကဖက်ဒရယ်ရဲ့ သဘောကို ကျကျနန သိရှိနားလည်းကြပြီး အတူတကွ နည်းမှန်လမ်းမှန်ဝိုင်းဝန်း ထူထောင် ကြမှသာဖက်ဒရယ်ပြည်ထောင်စုဆိုတာ အမှန်တစ်ကယ် ပေါ်ထွန်းလာဖို့ရှိပါတယ်။ဖက်ဒရယ်နဲ့ပတ်သက်လို့ ယူဆချက်များကွဲလွဲနေ လျင်ဖြစ်စေ၊ လွဲမှားတဲ့ အဓိပ္ပါယ်ကောက်ယူမှုများရှိနေလျင် ဖြစ်စေစစ်မှန်တဲ့ ပြည်ထောင်စု တစ်ခု ပေါ်ပေါက်ရေးအခက်အခဲများစွာရှိနေနိုင် တာကြော င့် ဖက်ဒရယ်သဘောကို သက်ဆိုင်သူအားလုံးကအလေးအနက်ထားပြီး ထဲထဲဝင်ဝင်လေ့လာသုံးသပ် သိရှိနားလည်ကြဖို့ လိုအပ်မယ်လို့ယူဆပါတယ်။ဖက်ဒရယ်အဓိပ္ပါယ်ဖွင့်ဆိုချက်များ များစွာရှိနေတဲ့ အထဲကအခြေခံအကျဆုံးနဲ့ အဓိပ္ပါယ် ခြုံငုံမိတဲ့ ဖွင့်ဆိုချက်တစ်ခုကို ဖော်ပြပါရစေ။
A federal country or system is one in which individual states make their own laws, but a national government is responsible for areas such as defence and foreign policy.(ဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် စနစ်တစ်ခု ဆိုတာ သီးခြားပြည်နယ်များကကိုယ်ပိုင်ဥပဒေများရေဒဆွဲပြဌာန်ကျွန်တော်တို့နိုင်ငံမှာ အာဏာရှင်အဆက်ဆက်က ဖက်ဒရယ်ကို အပြောတောင်မခံဘဲတောက်လျှောက်ငြင်းဆိုခဲ့ပြီး ဖက်ဒရယ် ဆိုရင်ပြည်ထောင်စုကြီးပြိုကွဲမယ်ဆိုတဲ့အယူအဆမျိုးကို အစိုးရ အဆက်ဆက် တောက်လျှောက်ယူဆခဲ့တာဖြစ်ပါတယ်။ဒီယူဆချက်ကြေ
ဒီနေရာမှာ ပြောစရာတစ်ခုက တိုင်းရင်းသားတို့ မျှော်မှန်းထားတဲ့ဖက်ဒရယ်ဆိုတဲ့ ယူဆချက်ဟာ ဖက်ဒရယ် အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီမှုရှိတဲ့အထိ ဖြည့်ဆည်းသွားနိုင်ရေးဖြစ်ပါတယ်
အများစု အနိုင်ရရှိရေး၊ ပြည်နယ်အစိုးရခေါင်းဆောင် ( ဝန်ကြီးချုပ် ) ကိုသက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးအား ခန့်အပ်နိုင်ရေးစသဖြင့် အခြေခံကျတဲ့ ပြဌာန်းခွင့်ဆိုင်ရာ လိုအပ်ချက်များကို လောလောဆယ်မှာဖြည့်ဆည်းပေးနိုင်မယ်လို့ယူဆရပါ
ဖက်ဒရယ်ဖြစ်လာဖို့အတွက် လုပ်ပိုင်ခွင့်များ ခွဲဝေပေးရေး၊သယံဇာတများခွဲဝေပေးရေးနဲ့ ဘတ်ဂျက်နဲ့ အခွန်အခဆိုင်ရာ ခွဲဝေမှုများပြု လုပ်ပေးရေးတို့ အခြေခံအားဖြင့်လိုအပ်ပါတယ်။စောေ
တိုင်းရင်းသားလူမျိုးစုတွေအားလံ
တစ်ကယ်တော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ဆိုရ င် လူမျိုးစွဲနဲ့ဒေသစွဲများအရ ပြဌာန်းခွင့်ဟာ ရေရှည်မှာ အဆင့်မြှင့်ယူနိုင်ဖို့လို အပ်မယ်ဖြစ်ပါတယ။ လောလောဆယ်မှာတော့ ကချင်ပြည်နယ်မှာကချင်လူမျိုးများ၊ ကရင်ပြည်နယ်မှာ ကရင်လူမျိုးများ စသဖြင့်ပြဌာန်း ခွင့်အသီးသီးပေးရမယ်ဆိုတဲ့ သဘောတရားကို ဖက်ဒရယ်အဖြစ်သာမန်အားဖြင့်နားလည်လက်ခံထားသူများပါတယ်။ တစ်ကယ်တော့ လည်းလောလောဆယ်အနေအထားမှာ ဖက်ဒရယ်ကို ဒီနည်းနဲ့ပဲစတင်ကြရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဖက်ဒရယ်စစ်စစ်ဖြစ်ဖို့ဆိုရင်တိုင်းရင်းသားလူမျိုးများနေရာအနှံ့ပျံ့နှံ့နေထိုင်မှုတိုးပွားလာ နေတာဖြစ်တာနဲ့အညီရေရှည်မှာတော့ လူမျိုးကိုအခြေခံစဉ်းစားတဲ့ ဖက်ဒရယ်သဘောတရားကနေနယ်မြေအပိုင်းအခြားတစ်ခုထဲကိုသာ အခြေခံစဉ်းစားပြီးမည်သည့် တိုင်းရင်းသား လူမျိုးဖြစ်ပစေ လူထုက ရွေးချယ်တင်မြှောက်ခြင်းခံရပါကမည်သည့်ပြည်နယ်မှာဖြစ်ပစေ အစိုးရတာဝန်နဲ့ လွှတ်တော်တာဝန်များကို ထမ်းဆောင်ခွင့်ရှိရမှာဖြစ်သလို မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်ပစေ လူထုမဲနဲ့ ရွေးချယ်ခံရရင် ပြည်ထောင်စုအစိုးရအဖွဲ့နဲ့မှာ လည်းခေါင်းဆောင်ခွင့်ရှိရမယ်ဖြစ်ပါတ ယ်။ဥပမာ ချင်းပြည်နယ်အစိုးရအဖွဲ့ ကိုကရင်လူမျိုးဝန်ကြီးချုပ်တစ်ယောက်က လည်း လူထုထောက်ခံမှုနဲ့ အုပ်ချုပ်ခွင့်ရှိရမှာဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟာလည်း ကချင်လူမျိုးတစ်ယောက်ဖြစ်ခွင့်ရှိရမယ်ဖြစ်ပါ တယ်။နိုင်ငံတော်သမ္မတဟာလည်း ကယားလူမျိုးတစ်ယောက် ဖြစ်စေရခိုင်လူမျိုးတစ်ယောက်ဖြစ်စေ ဖြစ်ခွင့်ရှိရမယ်ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအခြေအနေရောက်ဖို့ ကျွန်တော်တို့အများကြီးအားထုတ်ကြရဦးမှာဖြစ်ြ ပီး လောလောဆယ်မှာတော့ တိုင်းရင်းသားအား လုံးစည်းလုံးညီ ညွတ်ရေးကို ဦးစားပေးတည်ဆောက်ကြရပါမယ်။ပြည်နယ်များမှာ PR စနစ်ကျင့်သုံးရေးကို သက်ဆိုင်ရာပြည်နယ်များ ကလက်ခံဖို့ခက်ခဲနေသော်လည်း ရေရှည်မှာတော့ ဖက်ဒရယ်စစ်စစ်ဖြစ်ရန်ဘယ်ရွေးကောက်ပွဲစနစ်ကိုမဆို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့တပြေးညီ ကျင့်သုံးနိုင်တဲ့အထိ အားလုံးက ညီညီညွတ်ညွတ် ရိုးရိုးသားသားစေတနာမှန်မှန်နဲ့ ကြိုးစားကြရမှာပါ။( လက်ရှိကာလမှာတော့ပြည်နယ်လူထုရဲ့သဘောထားအတိုင်း တတ်နိုင်သလောက် လိုက်လျောဖို့
လိုအပ်မယ်လို့ယူဆပါတယ်။ )
ဖက်ဒရယ်ပြည်ထောင်စုကြီးကိုတည်ဆောက်ရာမှာ လောလောဆယ်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ ကို လှေခါးထစ်များသဖွယ်အသုံးချပြီး
စစ်မှန်သော ဖက်ဒရယ်သဘောတရားကိုပန်းတိုင်အဖြစ်ခံယူထားကြမှသာရေရှည်ခိုင်မာသော ပြည်ထောင်စုကြီးကိုမျှော်မှန်းနိုင်မှာဖြစ်တာမို့ လူထုတစ်ရပ်လုံးက စိတ်ရှည်ကြဖို့စည်းလုံးကြဖို့နဲ့ အဆင့်မြင့်သော နိုင်ငံရေးအသိအမြင်များကိုကြိုးစားလေ့လာရင်း အေးအတူပူအမျှ ဥမကွဲသိုက်မပျက်ရေရှည်အတူတကွ လက်တွဲနိုင်ကြဖို့ဆိုရင်အလွန်ကျ င်းမြောင်းသောလူမျိုးစွဲ ၊ ဒေသစွဲများကို တဖြည်းဖြည်းစွန့်လွှတ်နိုင်ကြဖို့ 
လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
( ပိုက်တင် )
ဒါပေမယ့် ဖက်ဒရယ်စစ်စစ်ဖြစ်ဖို့ဆိုရင်တိုင်းရင်းသားလူမျိုးများနေရာအန
ဒါပေမယ့် ဒီအခြေအနေရောက်ဖို့ ကျွန်တော်တို့အများကြီးအားထုတ်ကြရဦးမှာဖြစ်ြ
လိုအပ်မယ်လို့ယူဆပါတယ်။ )
ဖက်ဒရယ်ပြည်ထောင်စုကြီးကိုတည်ဆေ
စစ်မှန်သော ဖက်ဒရယ်သဘောတရားကိုပန်းတိုင်အဖြစ်ခံယူထားကြမှသာရေရ
လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
( ပိုက်တင် )
( The Voice weekly )
No comments:
Post a Comment