Monday, September 15, 2014

မန်ယူသို့ ပြန်လာလျှင် စီရိုနယ်ဒိုတစ်ပတ်လစာ ပေါင် ငါးသိန်းတောင်းဖွယ်

ရီးရဲလ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် ယခုရာသီအကုန်တွင် ရီးရဲလ်မှ ထွက်ခွာဖွယ်ရှိနေပြီး
၎င်းကို မန်ယူအသင်းအနေဖြင့်ပြန်လည်ခေါ်ယူလိုပါက တစ်ပတ်လုပ်ခလစာ ပေါင်
ငါးသိန်းအထိ တောင်းဆိုဖွယ်ရှိကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

စီရိုနယ်ဒိုကို ခေါ်ယူရန် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုကလည်း ၎င်း၏ အေးဂျင့်ဖြစ်သူ
ဂျော့ခ်ျမန်ဒက်စ်နှင့်ဆက်သွယ်မှုများ ရှိနေပြီး မန်ယူအသင်းကလည်း ရလဒ်ဆိုး
များ ကြုံခဲ့သဖြင့် အသင်း၏ ပေါ်လစီကို ပြောင်းလဲကာ စီရိုနယ်ဒိုကို ပြန်လည်ခေါ်ယူရန်
ရှိနေသည်။ပြီးခဲ့သည့် တစ်ပတ်ကမှ မန်ယူအသင်းမှာ ရွန်နီကိုတစ်ပတ်လုပ်ခ ပေါင်
သုံးသိန်းဖြင့် စာချုပ်သစ် ချုပ်ဆိုခဲသလို ကနဦးတစ်နှစ်အငှားဖြင့် ခေါ်ယူခဲ့သော ကိုလံဘီယာ
တိုက်စစ်မှူး ဖယ်လ်ကာအိုအတွက်လည်း တစ်ပတ်လုပ်ခလစာ ပေါင် ၃၉၀၀၀၀ အထိ
ပေးထားသည်။

ဖယ်လ်ကာအို၏ အေးဂျင့်မှာလည်း ဂျော့ခ်ျမန်ဒက်စ်သာဖြစ်ပြီး မန်ယူအသင်းပိုင်ရှင်ဂလေဇာ
မိသားစုအနေဖြင့် စီရိုနယ်ဒိုကို ချယ်လ်ဆီးထံသို့ မရောက်ရှိစေဘဲအရခေါ်ယူရန် စဉ်းစားနေ
သည်ဟုလည်း သိရသည်။စီရိုနယ်ဒိုမှာ ပြီးခဲ့သည့်တစ်ပတ်က ယခုနှစ်ကုန် တွင်
ရီးရဲလ် မှထွက်ခွာဖွယ်ရှိသည်ဟု ဖွင့်ဟခဲ့ကာ ၂၀၁၃ ခုနှစ်ကလည်း မန်ယူသို့
ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်ခဲ့ကာ ရီးရဲလ်က တစ်ပတ်လစာ ပေါင် သုံးသိန်းခွဲပေးခဲ့၍
အသင်းမပြောင်းခြဲ့ခင်း ဖြစ်သည်။ယခုတစ်ကြိမ်မန်ယူသို့ပြောင်းလျှင်လစာပေါင်
ငါးသိန်းတောင်းမည်ဟုလည်း သိရသည်။

No comments:

Post a Comment