Monday, September 15, 2014

ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုအတွက် စုစုပေါင်း ငွေကျပ်သိန်းခုနစ်ရာခန့် ကုန်ဆုံးခဲ့ပြီဟုဆို

ဓမ္မစေတီခေါင်းလောင်းတူးဖော်မှု အတွက် စုစုပေါင်းငွေကျပ်သိန်းခုနစ်ရာခန့် ကုန်ဆုံးခဲ့ပြီးဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက် နံနက် ၅ နာရီခန့်တွင် ဦးစံလင်းက နတ်စင် တစ်ရာဆရာတော်ထံ ဆက်သွယ်ပြော ကြားခဲ့ကြောင်း သိရသည်။
''ခေါင်းလောင်းတူးဖော်ဖို့ သိန်း ၁၅ဝဝရှိတဲ့အနက် ကျပ်သိန်း ခုနစ်ရာ ကုန်ကျပြီးဖြစ်တဲ့အကြောင်းကို ဦးစံလင်းက ဘဘုန်းဆီကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ဘဘုန်းကလဲ ဦးစံလင်းကို ပြည်သူ တွေကို မလိမ်ဖို့ရယ် အဖြစ်မှန်အတိုင်း အားလုံးပြောပြဖို့ပြောလိုက်ပါတယ်''ဟု နတ်စင်တစ်ရာဆရာတော်က မိန့်သည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေနေမှုနှင့်ပတ်သက်၍ သုံးစွဲသည့် ငွေကြေးများသည် ပွင့်လင်းမြင်သာမှု မရှိဟု ပြည်သူများအကြားတွင် ဝေဖန်ခြင်းများရှိသကဲ့သို့ ပြည်သူများလှူဒါန်းငွေကို အလွဲ သုံးစားလုပ် နေ သည်ဟု ပြောဆိုနေသည်များလည်း ရှိသည်။
''ခေါင်းလောင်းရှာဖွေဖို့ ပြည်သူအများလှူတဲ့ပိုက်ဆံကို ဦးစံလင်း က ယနေ့အချိန်ထိ ထုတ်ယူ သုံးတာမျိုး မရှိသလို အထောက်အကူပြု အဖွဲ့ကလဲ တစ်ပြားတစ်ချပ်မှသုံးတာမရှိပါဘူး။ နတ်စင်တစ်ရာ ဆရာ တော်ကလဲ ဦးစံလင်းသုံးနေတဲ့ငွေတွေက ပုဂ္ဂလိကနဲ့ဆိုင်တယ်။ ပြ ဿ နာမရှိဘူး။ ပြည်သူတွေလှူ တာကျတော့ စားမိ၊သုံးမိရင် အဆိပ်ဖြစ် မယ်ဆိုပြီး သတိပေး ဆုံးမထား ပါတယ်''ဟု ခေါင်းလောင်း ရှာဖွေရေး အထောက်အကူပြုအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကြည်ဝင်းက ပြော သည်။
ပြည်သူအများလှူဒါန်းထားငွေမှာ လက်ရှိအချိန်အထိ ကျပ်သိန်း တစ်ရာ့သုံးဆယ်ကျော်ရှိကြောင်း၊ လက်ရှိ အချိန်အထိ လှူဒါန်း နေ သူများလည်းရှိနေကြောင်းနှင့် ယင်းငွေများကို မှတ်ပုံတင်၊ လိပ်စာ တို့နှင့် အတိအကျလက်ခံထားရှိကြောင်း ဦးကြည်ဝင်းက ပြောသည်။
လက်ရှိအချိန်တွင် ဦးစံလင်းတို့အဖွဲ့အနေဖြင့် ခေါင်းလောင်း ရှာဖွေရေးလုပ်ငန်းကို လူအင်အား ၃၄ဦးဖြင့် ဆက်လက်ဆောင်ရွက်နေ ပြီး ခေါင်းလောင်းတူးဖော်ရေး အတွက် အဓိက ကူညီဆောင်ရွက်ပေး နေသော ရွှေအုန်းပင် ဦးဝင်းမြင့်မှာ ယခုအချိန်တွင် ခေါင်းလောင်းရှာဖွေ ရေးတွင် မပါဝင်တော့ဘဲ သင်္ဘောပေါ်တွင် မရှိတော့ဟု သတင်းများ လည်းထွက်ပေါ်နေသည်။

NH

Yangon Media Group

No comments:

Post a Comment