Tuesday, September 16, 2014

မန္တလေးပဋိပက္ခနှင့်ဆက်စပ်သော အမှုတွဲမှနှစ်ဦးအလုပ်ကြမ်းနှင့်ထောင်ဒဏ်၂ နှစ်စီချမှတ်

မန္တလေးပဋိပက္ခဖြစ်စဉ် ကြောင့် လ၀ကအက်ဥပဒေပုဒ်မ ဖြင့် ထပ်မံတရားစွဲဆိုခြင်းခံထားရ သည့် ရဲထွဋ်နှင့်နုနုမြတ်တို့အား ပျဉ်းမနားမြို့နယ်တရားရုံးက အ လုပ်ကြမ်းနှင့်ထောင်ဒဏ်၂ နှစ်စီ အမိန့်ချမှတ် လိုက်ကြောင်း သ တင်းရရှိသည်။

ရဲထွဋ်နှင့် နုနုမြတ်တို့အား ၁၉၄၉မြန်မာနိုင်ငံတွင် မှီတင်းနေ ထိုင်သူများမှတ်ပုံတင် အက်ဥပ ဒေ(လ၀က)ပုဒ်မ ၆(၂)(၃)ပုဒ်မ များဖြင့်အမိန့်ချလိုက်ခြင်းဖြစ် ကြောင်း ၎င်းတို့၏ရှေ့နေဦးတင် ၀င်းအောင်ကပြောသည်။

‘‘ဒီကနေ့ ကျွန်တော်တို့ ၅(ည)အမှုသက်သေလေးဦးစစ် တယ်။ပုဒ်မ(၂၁၁)ကို မစစ်ဘူး။ လ၀ကအမှုက ဦးရဲထွဋ်နဲ့ဒေါ်နု နုမြတ်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီအမိန့်ချမှတ် လိုက်တယ်’’ဟုဦးတင်ဝင်းအောင် ကပြောသည်။

ထိုကဲ့သို့ လ၀ကဥပဒေဖြင့် ထောင်ဒဏ်ချမှတ်လိုက်သော် လည်း အခြားပုဒ်မများဖြစ်သည့် ၅(ဃ)၊(င)၊(ည)နှင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၁၁(လီဆယ်တိုင်ကြားမှု) ပုဒ်မများအတွက် တရားလိုပြ သက်သေများကိုစစ်ဆေးနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် ၎င်းတို့နှစ်ဦးကို ရန်ကုန်ရှိ တရားရုံးတစ်ခုတွင် လည်း နောက်ထပ်အမှုတစ်ခုဖြင့် တရားစွဲဆိုထားကြောင်းသတင်း ရရှိထားသော်လည်းမည်သည့်တ ရားရုံးက စွဲဆိုထားခြင်းနှင့်စွဲဆို ထားသည့်အကြောင်းအရာနှင့်ဥ ပဒေပုဒ်မကိုလည်း မသိရှိရ ကြောင်း ဦးတင်ဝင်းအောင်က ပြောသည်။

မန္တလေးပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ မဖြူဖြုမင်း(ခ)ကတုံး မ၊ နုနုမြတ်၊ရဲထွဋ်နှင့်ဟာဂျီထွန်း ထွန်းတို့လေးဦးကို ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံအက်ဥပဒေပုဒ်မ ၅(ဃ)၊(င)၊ (ည)နှင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၁၁(လီဆယ်တိုင်ကြားမှု) ပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားခြင်း ဖြစ်ပြီး ရဲထွဋ်နှင့် နုနုမြတ်တို့မှာ လ၀ကဥပဒေပုဒ်မ၆(၂)(၃)တို့ဖြင့်ထပ်မံတရားစွဲဆိုထားခြင်းဖြစ် သည်။

ထို့အပြင် ၁၂ကြိမ်မြောက် ရုံးချိန်းစစ်ဆေးရာတွင် ဟာဂျီထွန်းထွန်း၏ ဇနီးမာမာနီကိုထပ် တိုး၍ စွပ်စွဲခံရသူအဖြစ် ပျဉ်းမ နားတရားရုံးက အမိန့်ချဖမ်းဆီး ခဲ့သည်။

၁၇ကြိမ်မြောက်ရုံးချိန်းတွင် ၅(ဃ)၊(င)၊ (ည)အမှုအတွက်တ ရားလိုပြသက်သေလေးဦးကို စစ် ဆေးခဲ့ပြီး အမှုအားစက်တင်ဘာ ၁၇ရက်တွင် ဆက်လက်စစ်ဆေး သွားမည်ဟုသတင်းရရှိသည်။

7Day Daily

No comments:

Post a Comment