Wednesday, September 10, 2014

မြန်မာယူ-၂၃ အသင်းနှင့် JFL ညွန့်ပေါင်းအသင်းတို့ ယနေ့ခြေစမ်းမည်

နိုင်ငံတကာ ပြိုင်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် ပဏာမ မြန်မာယူ -၂၃ အသင်းနှင့် JFL ညွန့် ပေါင်းအသင်းတို့၏ ခြေစမ်းပွဲကို စက်တင်ဘာ ၁၀ ရက် ယနေ့ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပ သွားမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲကို ကွင်းဝင်ကြေးကို အခမဲ့သတ်မှတ်ထားကြောင်း သိရသည်။
ပထမမြန်မာယူ-၂၃အသင်းသည် (၂၈) ကြိမ်မြောက် စင်ကာပူဆီးဂိမ်းပြိုင်ပွဲ ဝင် မြန်မာအသင်းကို အထောက်အကူ ပြုနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ကိုင်တွယ်လျက်ရှိပြီး ယခုခြေစမ်းပွဲအပြီးတွင် လေ့ကျင့်မှုများ ခေတ္တရပ်နားသွားမည်ဖြစ် သည်။ ခြေစမ်းပွဲ ကစားမည့် မြန်မာယူ-၂၃ အသင်းကို ကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

JFL ညွန့်ပေါင်းအသင်းသည် ဆီမီးပရိုကစားသမားများဖြင့် ဖွဲ့စည်းထားပြီး Japan Division –z အဆင့်ရှိ ကြောင်းသိရသည်။ JFL ညွန့်ပေါင်းအသင်း သည် မြန်မာအသင်းနှင့် မတိုင်မီ လာအိုလက်ရွေးစင်အသင်းနှင့် ခြေစမ်း ကစားခဲ့သည်။ အဆိုပါ ခြေစမ်းပွဲနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်း က MFF ရုံး၌ ကျင်းပခဲ့သည်။ မြန်မာယူ-၂၃အသင်း နည်းပြချုပ် ဦးကြည်လွင်က “ခြေစမ်းပွဲဖြစ် သော်လည်း ရလဒ်ကောင်းရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ JFL အသင်းကစားပုံ ကို တွေ့မြင်ဖူးခြင်း မရှိသော်လည်း ဂျပန်နိုင်ငံ၏ဘောလုံး အဆင့်အတန်းအရ အသင်းကောင်းတစ်သင်း ဖြစ်မည်ဟု ယုံကြည် ကြောင်း” ပြောကြားခဲ့သည်။

JFL ညွန့်ပေါင်းအသင်း အဖွဲ့ခေါင်းဆောင် ကူဝါဘာရာက “နှစ်သင်းစလုံး အတွက် အကျိုးရှိမည့် ခြေစမ်းပွဲဖြစ်ကြောင်း၊ အကောင်းဆုံး ယှဉ်ပြိုင်ကစား မည်ဖြစ် ကြောင်း” ပြောကြားခဲ့သည်။

MOI Webportal Myanmar

No comments:

Post a Comment