Thursday, September 11, 2014

မြန်မာလက်ရွေးစင် ယူ-၁၉ အသင်းနှင့် အိမ်ရှင် ဗီယက်နမ် လက်ရွေးစင် ယူ-၁၉ အသင်းတို့၏ ဆီမီးဖိုင်နယ် ပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား တိုက်ရိုက် (Live ) ထုတ်လွှင့်ပြသမည်

ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံယူ-၁၉ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်များကို စက်တင်ဘာလ (၁၁)ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် အိမ်ရှင် ဗီယက်နမ်၊ ဂျပန်နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆)နာရီ(၄၅)မိနစ်တွင်
ယှဉ်ပြိုင်ကစားမည့် မြန်မာလက်ရွေးစင် ယူ-၁၉ အသင်းနှင့် အိမ်ရှင် ဗီယက်နမ် လက်ရွေးစင် ယူ-၁၉ အသင်းတို့၏ ဆီမီးဖိုင်နယ် ပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်နဲ့ မြန်မာ့အသံ ရေဒီယို အစီအစဉ်တို့မှ မနက်ဖြန် ညနေ (၆)နာရီခွဲမှ စတင်ပြီး တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ အသိပေး တင်ပြအပ်ပါသည်။

MRTV

No comments:

Post a Comment