Monday, September 1, 2014

နယ်မြေအငြင်းပွားမှုကြောင့် PNO နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်တော့မှာလား

Photo: နယ်မြေအငြင်းပွားမှုကြောင့် PNO နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်တော့မှာလား
Monday, September 1, 2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပွန်ချောင်းအရှေ့ခြမ်းတွင် လှုပ်ရှားနေသော ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သြဂုတ်လ ဒုတိယပတ်ခန့် တွင် ထိပ်တိုက်ရင်ဆိုင် အငြင်းပွားနေကြောင်း သိရသည်။ ထိုနယ်မြေ နှင့်ဆက်စပ်နေသော ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်တိုက်နယ် တွင် သြဂုတ် ၃၀ ရက်နေ့၌ RCSS/SSA နှင့် ပအို့ဝ်အသွင်ပြောင်းပြည်သူ့စစ် (PNO)တို့ နယ်မြေအငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနယ်မြေက ပအို့ဝ်အသွင်ပြောင်းပြည့်သူ့စစ်အဖွဲ့တွေ လှုပ်ရှားနေတဲ့နေ မြေပါ၊ ရွက်ဆစ်အဖွဲ့ တွေဝင် လာတော့ နှစ်ဖက်ပြဿနာဖြစ်တာပေါ့၊ တိုက်ပွဲတွေဖြစ်မှာကိုပဲ စိုးရိမ်တယ်” ဟု ဒေသခံ ပအို့ဝ် တိုင်းရင်းသား တစ်ဦးက ပြောသည်။ မိုင်းပွန်တိုက်နယ်၊ နမ့်ထဗိုကျေးရွာအုပ်စု၊ လုံထွေကျေးရွာအနီး တစ်ဝိုက်သို့ RCSS/SSA အဖွဲ့ဝင်များ ၀င်ရောက်လာမှုကြောင့် နယ်မြေခံ ပြည်သူ့ စစ်အဖွဲ့(PNO) နှင့် ထိပ်တိုက်တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း နယ်မြေခံတပ်ရင်းမှ အရာရှိတစ်ဦးက ပြောသည်။

PNO အဖွဲ့သည် ဟိုပုံးမြို့နယ်အတွင်းရှိ ထန်စမ်းဂူနှင့် ကျောင်းထိုင်ဆရာ တော် ဟိုပုံးကိုရင်လေး၏ သာသနာပြုနယ်မြေအား လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိရာ ဟိုပုံး၊ မိုင်းပွန်၊ ပင်လုံ၊ လွိုင်လင်စသည့် ဆက်စပ်နယ်မြေများ၌လည်း လှုပ်ရှားသွားလာလျက်ရှိကြောင်း သိရသည်။ RCSS/SSA အဖွဲ့မှ PNLO/PNLA နယ်မြေအား ၀င်ရောက်ကျူးကျော်မှုကြောင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သလို PNO လှုပ်ရှားရာနယ်မြေတွင်းသို့လည်း ၀င်ရောက်လာပြီး ရန်စနှောင့်ယှက်မှုများ ကြောင့် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ခွန်သာထွန်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပွန်ချောင်းအရှေ့ခြမ်းတွင် လှုပ်ရှားနေသော ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သြဂုတ်လ ဒုတိယပတ်ခန့် တွင် ထိပ်တိုက်ရင်ဆိုင် အငြင်းပွားနေကြောင်း သိရသည်။ ထိုနယ်မြေ နှင့်ဆက်စပ်နေသော ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်တိုက်နယ် တွင် သြဂုတ် ၃၀ ရက်နေ့၌ RCSS/SSA နှင့် ပအို့ဝ်အသွင်ပြောင်းပြည်သူ့စစ် (PNO)တို့ နယ်မြေအငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီနယ်မြေက ပအို့ဝ်အသွင်ပြောင်းပြည့်သူ့စစ်အဖွဲ့တွေ လှုပ်ရှားနေတဲ့နေ မြေပါ၊ ရွက်ဆစ်အဖွဲ့ တွေဝင် လာတော့ နှစ်ဖက်ပြဿနာဖြစ်တာပေါ့၊ တိုက်ပွဲတွေဖြစ်မှာကိုပဲ စိုးရိမ်တယ်” ဟု ဒေသခံ ပအို့ဝ် တိုင်းရင်းသား တစ်ဦးက ပြောသည်။ မိုင်းပွန်တိုက်နယ်၊ နမ့်ထဗိုကျေးရွာအုပ်စု၊ လုံထွေကျေးရွာအနီး တစ်ဝိုက်သို့ RCSS/SSA အဖွဲ့ဝင်များ ၀င်ရောက်လာမှုကြောင့် နယ်မြေခံ ပြည်သူ့ စစ်အဖွဲ့(PNO) နှင့် ထိပ်တိုက်တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း နယ်မြေခံတပ်ရင်းမှ အရာရှိတစ်ဦးက ပြောသည်။

PNO အဖွဲ့သည် ဟိုပုံးမြို့နယ်အတွင်းရှိ ထန်စမ်းဂူနှင့် ကျောင်းထိုင်ဆရာ တော် ဟိုပုံးကိုရင်လေး၏ သာသနာပြုနယ်မြေအား လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိရာ ဟိုပုံး၊ မိုင်းပွန်၊ ပင်လုံ၊ လွိုင်လင်စသည့် ဆက်စပ်နယ်မြေများ၌လည်း လှုပ်ရှားသွားလာလျက်ရှိကြောင်း သိရသည်။ RCSS/SSA အဖွဲ့မှ PNLO/PNLA နယ်မြေအား ၀င်ရောက်ကျူးကျော်မှုကြောင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သလို PNO လှုပ်ရှားရာနယ်မြေတွင်းသို့လည်း ၀င်ရောက်လာပြီး ရန်စနှောင့်ယှက်မှုများ ကြောင့် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ခွန်သာထွန်း

No comments:

Post a Comment