Thursday, September 25, 2014

ဘင်္ဂလားဒေ့ရှ်ရှိ ရခိုင်သုံးသိန်းကျော်ကို ပြန်ခေါ်ရန် YMBA စီစဉ်နေဟုဆို

ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်ဒုက္ခသည် သုံးသိန်းကျော်ကို ပြန်ခေါ်ရန် ဆောင်ရွက်နေကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA (ရွှေပြည်သာရုံးခွဲ)မှ သတင်းရရှိသည်။

လက်ရှိအချိန်တွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၌ ရှိနေကြသည့် ရခိုင်သုံးသိန်းကျော်မှာ စီးပွားရေး လုပ်ကိုင်စားသောက်ရာတွင် ထွက်ကုန်အပေါ် ဈေးနှိမ်ခံရခြင်း၊ ကလေးသူငယ်များ ကျောင်းထားပါကလည်း ၎င်းတို့ဘာသာ နာမည်များ ပေးခိုင်းခြင်းနှင့် ခြိမ်းခြောက်မှုများ ရှိနေခြင်းစသည့် အခက်အခဲ များဖြင့် တွေ့ကြုံနေ ရခြင်းကြောင့် ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ ပြန်ခေါ်ရခြင်းဖြစ်သည်။

ထိုကဲ့သို့ ပြန်ခေါ်နိုင်ရေးအ တွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်သွယ်ထားပြီး ရခိုင်ပြည်နယ်ရှိ အုပ်ချုပ်ရေးပိုင်း၊ ခရိုင်၊ မြို့နယ်၊ နတလညွှန်ကြားရေးမှူးများ စသည်တို့ကိုလည်း အကြောင်းကြား ထားပြီးဖြစ်ကြောင်း သိရသည်။

‘‘၂၀၁၅ မတိုင်ခင် ပွင့်လင်း ရာသီရောက်ရင် ပြန်သွင်းချင် တယ်။ အစိုးရနဲ့ သဟဇာတဖြစ် အောင် လုပ်မယ်။ ပြီးတော့မှ သွင်းမယ်။ အစိုးရနဲ့ ပူးပေါင်းလုပ် မယ်။ မဘသတို့၊ ရခိုင်ဆရာတော် ကြီးတွေ ၀င်လာတော့ မငတ် အောင် ထိန်းနိုင်ပါပြီ။ ပြည်နယ် အစိုးရကလည်း ဒါနဲ့ပတ်သက်ပြီး နားလည်မှုပေးထားတယ်’’ ဟု YMBA (ရွှေပြည်သာရုံးခွဲ) ဥက္ကဋ္ဌ ဦးစိန်အောင်က ဆိုသည်။

ထိုကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက် ရခိုင်များကို ပြန်ခေါ်ရန် စီစဉ်နေသော်လည်း ပြည်နယ်အစိုးရဘက်မှ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ယခုထိမသိရှိသေး ကြောင်း စုံစမ်းသိရှိရသည်။

‘‘အဲဒီကိစ္စတော့ ကျွန်တော် တို့ မသိသေးဘူး။ သူတို့က ဘယ် သူ့ကို ရည်ရွယ်ပြီး ပြောတာလဲ မသိဘူး။ ဒီထဲမှာတော့ ရခိုင်မျိုး နွယ်စုတွေ ကျွန်တော်တို့ဘက် ပြန်ဝင်လာတဲ့သူတွေ ရှိတယ်။ ကျွန်တော်တို့က နေစရာ အိမ်၊ စားဝတ်နေရေးအပြင် ၀က်မွေးဖို့တို့ အတွက်ထိကို ပြည်နယ် အစိုးရက ထောက်ပံ့ ပေးထားပါတယ်’’ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ဆိုသည်။

နိုင်ငံတော်အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်များအား ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အတွင်းသို့ ပြန်ခေါ်ခဲ့ကာ ၂၀၁၄ ခုနှစ် ဧပြီတွင် ရခိုင်အိမ်ထောင်စု ငါးရာကျော်၊လူဦးရေ နှစ်ထောင်ကျော် ကို ပြန်လည်ခေါ်ယူခဲ့သော်လည်း အိမ်ထောင်စု နှစ်ရာကျော်ကိုသာကျွေးမွေးထားနိုင်ပြီး လယ်ယာပေးသော်လည်း ကျောက် စရစ်မြေ ဖြစ်နေခြင်းနှင့် ဘင်္ဂါလီရွာများတွင် ချထားပေးခြင်းတို့ကြောင့် အခက်အခဲများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ထို့ကြောင့် အဆိုပါ သုံးသိန်း ကျော်အား ပြန်ခေါ်မည်ဆိုပါက ၎င်းတို့ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းမှ ကျွေးမွေးခြင်းကို တာ ၀န်ယူနိုင်သော်လည်း နိုင်ငံတော် အစိုးရက လယ်ယာပေးခြင်းနှင့် နေထိုင်ရန် နေရာစီစဉ်ပေးခြင်းတို့ ကို ပြုလုပ်ပေးမှသာ အဆင်ပြေ နိုင်မည်ဖြစ်ကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment