Wednesday, October 15, 2014

အမြန်လမ်းတွင် ကားလမ်းဘေးချရပ်စဉ် ကျွံသွားခြင်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တောင်းပန်

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး မိုင်တိုင် အမှတ် ၃၄၁/၁ တွင် ရွှေစင်စင်္ကြာ ခရီး သည်တင်ကား လမ်းဘေးချရပ် ရာ မြေကြီး ကျွံဝင် သွားခြင်းနှင့်ကွန်ကရစ်လမ်း ပခုံးကျိုးသွား သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ခရီးသွားပြည်သူများအား ပြန်လည် တောင်းပန်လိုက်သည်။
‘‘ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့် အတွက် ရွှေစင်စင်္ကြာယာဉ်လိုင်း ကိုလည်းကောင်း၊ နှောင့်နှေးကြန့် ကြာမှုများ၊ အဆင်မပြေမှုများ ဖြစ် ခဲ့ခြင်းအတွက် ခရီးသွားပြည်သူ များကို လည်းကောင်း တောင်း ပန်အပ်ပါသည်’’ဟု ဆောက်လုပ် ရေးဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အခင်းဖြစ်ပြီး နောက်တစ်ရက်ဖြစ်သော အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြတောင်းပန် ထားသည်။

ရေတိုက်စားမှု ဖြစ်စဉ်များ သည် မိုင်တိုင်အမှတ် ၃၂၅/၀မှ ၃၄၅/၀ ထိဖြစ်နေပြီး ထိုအပိုင်း တွင် မြေသားသိပ်သည်းမှုကို စမ်း သပ်ခဲ့ရာ အပေါ် သုံးလက်မသည် သတ်မှတ်သိပ်သည်းမှုထက်နည်း နေသော်လည်း အောက်ပိုင်းများ သည် သတ်မှတ်သိပ်သည်းမှုရှိ ကြောင်းတွေ့ရှိရသည့် မြေကျွံ သွားရသည့် အကြောင်းအရင်း အား တောင်းပန်စာတွင် ဖော်ပြ ထားသည်။

အဆိုပါရေတိုက်စားသော နေရာရှိ မြေသားမြောင်းများအား နောက်နောင် မဖြစ်ပွားစေရန်နှင့် ပွင့်လင်းရာသီတွင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စတင်လုပ် ဆောင်နေပြီဖြစ်ကြောင်းလည်းပါရှိသည်။

7 Day Daily

No comments:

Post a Comment