Wednesday, October 15, 2014

တပ်များ ဆုတ်ခွာရန် အကြောင်းကြားခြင်းနှင့်ပတ်သက်၍ UPWC နှင့် SSPP တွေ့ဆုံကန့်ကွက်မည်


Photo: တပ်များ ဆုတ်ခွာရန် အကြောင်းကြားခြင်းနှင့်ပတ်သက်၍ UPWC နှင့် SSPP တွေ့ဆုံကန့်ကွက်မည်
Wednesday, October 15, 2014

SSPP/SSA တပ်များ တန့်ယန်းမြို့မှ   ဆုတ်ခွာရန် အစိုးရဘက်က  အကြောင်းကြား ခြင်းနှင့်ပတ်သက်၍ ပြည်ထောင် စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တွေ့ဆုံကန့်ကွက်သွားမည်ဖြစ် ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက ပြောသည်။

ဝပြည်သွေးစည်းညီညွတ် ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေနှင့် ကပ်လျက် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ SSA တပ်စခန်းများ၊ လှုပ်ရှားစစ် ကြောင်းများကို နမ့်ပန်ချောင်း အနောက်ဘက်သို့ ရုပ်သိမ်းသွား ရန် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးလက်မှတ် ဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ ခြင်း ဖြစ်သည်။

UPWC နှင့် သီးသန့်တွေ့ ဆုံရန် နှစ်ဖက်စလုံးမှ ပြင်ဆင်နေ ကြပြီး နေရာနှင့်အချိန်ကိုမူ လော လောဆယ်ပြော၍ မရနိုင်သေး ကြောင်း SSPP/SSA တာဝန်ရှိ သူများက ဆိုသည်။ မကြာသေး မီရက်ပိုင်းကလည်း ကျေးသီးမြို့ နယ်၊    ၀မ်ဝပ်ကျေးရွာအုပ်စု တာဖာဆောင်စခန်းရှိ SSA တပ် များကို အစိုးရဘက်က ဆုတ်ခွာခိုင်း ရာမှစတင်၍ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့သည်။ ယင်းကိစ္စ များသည် လက်ရှိဆောင်ရွက်နေ သော အပစ်အခတ်ရပ်စဲရေး ခိုင် မာအောင် ပြုလုပ်နေမှု၊ နှစ်ဖက် ယုံကြည်မှု တည်ဆောက်နေမှုတို့ ကို ထိခိုက်စေကြောင်း စ၀်ခွန် ဆိုင်းက ဆက်လက်ပြောသည်။

‘‘စစ်ပွဲဟာ အဖြေမဟုတ် ဘူး။ နိုင်ငံရေးအရ တန်းတူမျှတ စွာ စားပွဲဝိုင်းမှာ ထိုင်အဖြေရှာရ မှာ ဖြစ်တယ်’’ ဟု ၎င်းကဆိုသည်။

ထို့ပြင် အစိုးရဘက်က ဆုတ် ခွာခိုင်းသော အဆိုပါဒေသမှာ တောတွင်း    တပ်စခန်းများသာ တည်ရှိပြီး ၎င်းတို့နှစ်ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့သော နယ် မြေများဖြစ်ကြောင်း စ၀်ခွန်ဆိုင်း က ပြောသည်။

ရှမ်းပြည်    တပ်မတော် မြောက်ပိုင်း(SSPP/SSA)သည် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ၂၀၁၂ ဇန်န၀ါရီလ က    လက်မှတ်ရေးထိုးထားပြီး အင်အား ၄,၀၀၀ ကျော်ရှိသည်။

7 Day Daily

SSPP/SSA တပ်များ တန့်ယန်းမြို့မှ ဆုတ်ခွာရန် အစိုးရဘက်က အကြောင်းကြား ခြင်းနှင့်ပတ်သက်၍ ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တွေ့ဆုံကန့်ကွက် သွားမည်ဖြစ် ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက ပြောသည်။
ဝပြည်သွေးစည်းညီညွတ် ရေး တပ်မတော် (UWSA) ထိန်းချုပ် နယ်မြေနှင့် ကပ်လျက် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ SSA တပ်စခန်းများ၊ လှုပ်ရှားစစ် ကြောင်းများကို နမ့်ပန်ချောင်း အနောက်
ဘက်သို့ ရုပ်သိမ်းသွား ရန် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရ ၀န်ကြီးလက်မှတ် ဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ ခြင်း ဖြစ်သည်။

UPWC နှင့် သီးသန့်တွေ့ ဆုံရန် နှစ်ဖက်စလုံးမှ ပြင်ဆင်နေ ကြပြီး နေရာနှင့်အချိန်ကိုမူ လော လောဆယ်ပြော၍ မရနိုင်သေး ကြောင်း SSPP/SSA တာဝန်ရှိ သူများက ဆိုသည်။ မကြာသေး မီရက်ပိုင်းကလည်း ကျေးသီးမြို့ နယ်၊ ၀မ်ဝပ်ကျေးရွာအုပ်စု တာဖာဆောင်စခန်းရှိ SSA တပ် များကို အစိုးရဘက်က ဆုတ်ခွာခိုင်း ရာမှစတင်၍ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့သည်။ ယင်းကိစ္စ များသည် လက်ရှိဆောင်ရွက်နေ သော အပစ်အခတ်ရပ်စဲရေး ခိုင် မာအောင် ပြုလုပ်နေမှု၊ နှစ်ဖက် ယုံကြည်မှု တည်ဆောက်နေမှုတို့ ကို ထိခိုက်စေကြောင်း စ၀်ခွန် ဆိုင်းက ဆက်လက်ပြောသည်။

‘‘စစ်ပွဲဟာ အဖြေမဟုတ် ဘူး။ နိုင်ငံရေးအရ တန်းတူမျှတ စွာ စားပွဲဝိုင်းမှာ ထိုင်အဖြေရှာရ မှာ ဖြစ်တယ်’’ ဟု ၎င်းကဆိုသည်။

ထို့ပြင် အစိုးရဘက်က ဆုတ် ခွာခိုင်းသော အဆိုပါဒေသမှာ တောတွင်း တပ်စခန်းများသာ တည်ရှိပြီး ၎င်းတို့နှစ်ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့သော နယ် မြေများဖြစ်ကြောင်း စ၀်ခွန်ဆိုင်း က ပြောသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA)သည် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ၂၀၁၂ ဇန်န၀ါရီလ က လက်မှတ်ရေးထိုးထားပြီး အင်အား ၄,၀၀၀ ကျော်ရှိသည်။

7 Day Daily

No comments:

Post a Comment