Saturday, October 25, 2014

ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော အမျိုးသမီးများအား ယာဉ်မောင်း အခမဲ့သင်ကြားပေးပြီး အလုပ်ရရန် ဆောင်ရွက်ပေးမည်

Photo: ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော အမျိုးသမီးများအား ယာဉ်မောင်း အခမဲ့သင်ကြားပေးပြီး အလုပ်ရရန် ဆောင်ရွက်ပေးမည်
Saturday, October 25, 2014

ဆင်း ရဲနွမ်းပါးပြီးအလုပ်အကိုင်အခွင့်အ လမ်းနည်းပါးသော အမျိုးသမီးများ အား ယာဉ်မောင်းတတ်ကျွမ်းမှုရှိစေ ရန် အခမဲ့သင်ကြားပေးပြီး အလုပ် အကိုင် တစ်ပါတည်းရရှိနိုင်ရန် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

အမျိုးသမီးများအတွက်အသက် မွေးဝမ်းကျောင်းပြုနိုင်မည့် လုပ်ငန်း အခွင့်အလမ်းသစ်တစ်ခု ပေါ်ပေါက် လာစေရန်ရည်ရွယ်၍ ယာဉ်မောင်း တတ်ကျွမ်းစေရန်နှင့်လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းနားလည်ပြီးတတ်ကျွမ်း သည်အထိ သင်ကြားပေးကာကုမ္ပဏီ၊ ကျောင်း၊ အိမ်အစရှိသည့်ယာဉ်မောင်း ရမည့်လုပ်ငန်းတို့ဖြင့် ချိတ်ဆက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်သည့် မြန်မာ အမျိုးသမီးများ လုပ်ငန်းအခွင့်အလမ်းဖွံ့ဖြိုး တိုးတက်ရေး အသင်း (ယာယီ)မှ ဥက္ကဋ္ဌ ဖြစ်သူဒေါ်ကေခိုင်အောင်ခင်က ''ဆင်း ရဲနွမ်းပါးတဲ့အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရှိလာအောင် လုပ်ပေးမှာပါ။ ပညာ အရည်အချင်းတွေဘာတွေက အစ စာရေးတတ်၊ ဖတ်တတ်ဖို့လောက်ပဲ လိုတယ်။ နောက်ပြီးဒီနိုင်ငံသား ဖြစ် တာနဲ့ဘယ်ဘာသာဝင်မဆိုလျှောက် ထားနိုင်ပါတယ်''ဟု ပြောသည်။

ယင်းကဲ့သို့ ယာဉ်မောင်းသင်ကြား ပေးမှုများကို ဒီဇင်ဘာလတွင်စတင် သွားမည်ဖြစ်ပြီး သင်တန်းကာလကို တစ်လသတ်မှတ်ထားကာ လာမည့်လ များတွင်လည်း တစ်လလျှင်အပတ် စဉ်တစ်ခုအဖြစ်သင်ကြားပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ဒေါ်ကေခိုင် အောင်ခင်က''အသက်အပိုင်းအခြား ကတော့ ၁၈နှစ်ကနေ၄ဝနှစ်အတွင်းလို့ သတ်မှတ်ထားတယ်။ ယာဉ်မောင်း အလုပ်အကိုင်ကတစ်သိန်းထက်မနည်း တဲ့ဝင်ငွေရှိလာမှာပါ။ အလုပ်အကိုင် ရှာဖွေပေးတဲ့အခါမှာလဲ အမျိုးသမီး တွေလုံခြုံမှုရှိဖို့စည်းကမ်းချက်တွေချ ထားပေးတာမျိုးရှိမယ်'' ဟုပြောသည်။

အဆိုပါ သင်တန်းကို မြန်မာ အမျိုးသမီးများလုပ်ငန်းအခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ယာယီ)နှင့် Jade Express Service (JES Driver Academy) တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းပြီးဆုံးပါကယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းနားလည်တတ် ကျွမ်းစေရန် နေ့စားဝန်ထမ်းအဖြစ် တာဝန်ပေးခြင်းကို ယာဉ်မောင်းလိုင် စင်ရသည်အထိလက်ခံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်မောင်းသင်တန်း သို့ တက်ရောက်လိုသူများအနေဖြင့် ရပ်ကွက်ထောက်ခံစာနှင့်သန်းခေါင် စာရင်း၊ မှတ်ပုံတင်မိတ္တူ၊ ကိုယ်ရေး အချက်အလက်အပြည့်အစုံနှင့်ဓာတ် ပုံသုံးပုံဖြင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

Yangon Media Group
ဆင်း ရဲနွမ်းပါးပြီးအလုပ်အကိုင်အခွင့်အ လမ်းနည်းပါးသော အမျိုးသမီးများ အား ယာဉ်မောင်းတတ်ကျွမ်းမှု ရှိစေရန် အခမဲ့သင်ကြားပေးပြီး အလုပ်အကိုင် တစ်ပါတည်းရရှိနိုင်ရန် ဆောင် ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရ သည်။
အမျိုးသမီးများအတွက်အသက် မွေးဝမ်းကျောင်းပြုနိုင်မည့် လုပ်ငန်း အခွင့်အလမ်းသစ်တစ်ခု ပေါ်ပေါက် လာစေရန်ရည်ရွယ်၍ ယာဉ်မောင်း တတ်ကျွမ်းစေ ရန်နှင့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း နားလည်ပြီး တတ်ကျွမ်း သည်အထိ သင်ကြားပေးကာကုမ္ပဏီ၊ ကျောင်း၊ အိမ်အစရှိသည့် ယာဉ်မောင်း ရမည့်လုပ်ငန်း တို့ဖြင့် ချိတ်ဆက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်သည့် မြန်မာ အမျိုးသမီးများ လုပ်ငန်းအခွင့်အလမ်းဖွံ့ဖြိုး တိုးတက်ရေး အသင်း (ယာယီ)မှ ဥက္ကဋ္ဌ ဖြစ်သူဒေါ်ကေခိုင်အောင်ခင်က ''ဆင်း ရဲနွမ်းပါးတဲ့ အမျိုးသမီးတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရှိလာအောင် လုပ်ပေးမှာပါ။ ပညာ အရည်အချင်းတွေ ဘာတွေက အစစာရေးတတ်၊ ဖတ်တတ်ဖို့လောက်ပဲ လိုတယ်။ နောက်ပြီးဒီနိုင်ငံသား ဖြစ် တာနဲ့ ဘယ်ဘာသာ ဝင် မဆိုလျှောက် ထားနိုင်ပါတယ်''ဟု ပြောသည်။

ယင်းကဲ့သို့ ယာဉ်မောင်းသင်ကြား ပေးမှုများကို ဒီဇင်ဘာလတွင်စတင် သွားမည်ဖြစ်ပြီး သင်တန်းကာလကို တစ်လသတ်မှတ်ထားကာ လာမည့်လ များတွင်လည်း တစ်လလျှင်အပတ် စဉ်တစ်ခုအဖြစ် သင်ကြား ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ဒေါ်ကေခိုင် အောင်ခင်က''အသက်အပိုင်းအခြား ကတော့ ၁၈နှစ်ကနေ၄ဝနှစ်အတွင်းလို့ သတ်မှတ်ထားတယ်။ ယာဉ်မောင်း အလုပ်အကိုင်ကတစ်သိန်းထက်မနည်း တဲ့ဝင်ငွေရှိလာမှာပါ။ အလုပ် အကိုင် ရှာဖွေပေးတဲ့အခါမှာလဲ အမျိုးသမီး တွေလုံခြုံမှုရှိဖို့စည်းကမ်း ချက်တွေ ချ ထားပေးတာမျိုးရှိမယ်'' ဟုပြော သည်။

အဆိုပါ သင်တန်းကို မြန်မာ အမျိုးသမီးများလုပ်ငန်းအခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ယာယီ)နှင့် Jade Express Service (JES Driver Academy) တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းပြီးဆုံးပါကယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းနားလည်တတ် ကျွမ်းစေရန် နေ့စားဝန်ထမ်းအဖြစ် တာဝန်ပေးခြင်းကို ယာဉ်မောင်းလိုင် စင်ရသည်အထိလက်ခံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်မောင်းသင်တန်း သို့ တက်ရောက်လိုသူများအနေဖြင့် ရပ်ကွက်ထောက်ခံစာနှင့်သန်းခေါင် စာရင်း၊ မှတ်ပုံတင်မိတ္တူ၊ ကိုယ်ရေး အချက်အလက်အပြည့်အစုံနှင့်ဓာတ် ပုံသုံးပုံဖြင့် လျှောက်ထားနိုင် ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment