Sunday, October 12, 2014

နေပြည်တော် အလျင်လိုကျေးရွာတွင် ရှေးဟောင်းဘုရား ၁၁၂ ဆူ တူးဖော် တွေ့ရှိ

နေပြည်တော် (မဇ္ဈိမ) ။ ။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာရှိ ဆင်မယဉ်သာစေတီတော် အနီးတွင် ဆွမ်းချက်ဆောင် ဆောက်လုပ်ရန်အတွက် မြေကျင်းတူးဖော်ရာမှ ရှေးဟောင်းဘုရားများတွေ့ ရှိခဲ့ကြောင်း ဦးဇော်လွင်က ပြောသည်။“မနက် ရှစ်နာရီလောက်မှာ တွေ့တာ၊ ဆွမ်းချက်ရုံဆောက်ဖို့ မြေကျင်းတူးလိုက်တာ အနက်တစ်ပေ လောက် ရောက်တော့ ဒီအုတ်ခွက်ဘုရားတွေကိုတော့တာ၊ အဲ့ဒါနဲ့ဖြေးဖြေးချင်းတူးပြီးဖော်ထားတာ၊ အားလုံးပေါင်း ၁၁၂ ဆူ ရပါတယ်” ဟု ဦးဇော်လွင်က မီဒီယာများသို့ ပြောသည်။

တူးဖော်ရရှိသော ဘုရား ၁၁၂ ဆူထဲတွင် အကောင်းပကတိအဖြစ် ၇၃ ဆူရှိပြီး ကျန် ၃၉ ဆူသည် ကျိုးပဲ့နေသည်။ တွေ့ရှိသည် ဘုရားအးလုံးကို အလျင်လိုကျေးရွာ၊ ဆင်မယဉ်သာစေတီတော်ဂေါပက အဖွဲ့များက ထိန်းသိမ်းစောင့်ရှောက် အပူဇော်ခံထားမည် ဖြစ်ပြီး မည်သည့်အဖွဲ့ကိုမျှ လှူဒါန်းလိုခြင်းမရှိကြောင်းလည်း ဂေါပကအဖွဲ့ ဒေသခံတို့ကဆိုသည်။

Mizzima

No comments:

Post a Comment