Thursday, October 16, 2014

အရှုံးပေါ်နေသည့် မြန်မာ့မီးရထားမြို့ပတ်လက်မှတ်ခ ပြန်ပြီးတိုးကောက်တော့မည်


ကုန်ကျစရိတ်ကာမိစေရန် အတွက် မြို့ပတ်ရထားဈေးနှုန်းများ ပြောင်းလဲသတ်မှတ်ခြင်းသာဖြစ် ကြောင်း ရထားသွားလာရေး၊ တိုင်း (၇)မှလက်ထောက်အထွေထွေမန် နေဂျာ ဦးဇော်ဖေစိန်က ပြောသည်။လက်ရှိတွင် ရထားလက်မှတ်ခ များတက်မည်ဆိုခြင်းနှင့်ပတ်သက်၍ပြည်သူများကဝေဖန်ပြောဆိုမှုမျာရှိ သဖြင့် ဤကဲ့သို့ပြောဆိုခြင်းဖြစ်သည်။
''ရထားလက်မှတ်ခ ဈေးတင် တာက ရှုံးနေတဲ့အရာကို အရင်းပြန် ရအောင်ပြုလုပ်တာပါပဲ။ မြို့ပတ်ရ ထားတွေက တစ်နေ့ကိုမိုင်ပေါင်း ၂၉ ဒသမ ၅မိုင်ပြေးတယ်။ တွက်ကြည့် မယ်ဆိုရင် ၁၅မိုင်ကို ကျပ် ၅ဝ ကျ သင့်မယ်။ ဒါကြောင့် အရင်တုန်းက အသွားအပြန် ၁ဝဝကို အခု အသွား ၁ဝဝ၊ အပြန် ၁ဝဝပြုလုပ်လိုက်တယ်'' ဟု ယင်းကပြောသည်။
ယခုကဲ့သို့တင်လိုက်သည့်ဈေး နှုန်းသည် ယခင်နှင့်မကွာသည့်အတွက် အဆင်ပြေနိုင်ပြီး ရထားသွားလာရေး မှ ဆုံးရှုံးနေသည့်ငွေကြေးများအတွက် လည်း ကာမိကြောင်း ယင်းက ထပ်မံ ပြောကြားသည်။

''ကျွန်တော်တို့ရထားသွားလာ ရေးက တစ်ရက်ကို ငွေကျပ်သိန်း ၈ဝ လောက်ရပါတယ်။ ဒါပေမဲ့ ဝန်ထမ်း စရိတ်တွေ၊ ပြုပြင်စရိတ်တွေ၊ ဆီဖိုး တွေ၊ ထိန်းသိမ်းစရိတ်တွေနဲ့ အခြား လိုအပ်တဲ့စရိတ်တွေပေါင်းလိုက်ရင် တကယ့်ကုန်ကျစရိတ်က သိန်း ၁၈ဝ လောက်ကုန်ကျပါတယ်။ ဒီတော့ တစ် ရက်ကို သိန်း ၉ဝ ကနေ ၁ဝဝကြားရှုံး ပါတယ်။ ဒါကြောင့် အခုအရင်လက် မှတ်ခ ၁ဝဝကို အခု ၂ဝဝတင်လိုက် တဲ့အတွက် ကုန်ကျစရိတ်တော့ ကာ မိသွားမှာပါ''ဟု လက်ထောက်အထွေ ထွေမန်နေဂျာ ဦးဇော်ဖေစိန်က ပြော သည်။
ယခုကဲ့သို့ဈေးတင်မည်ဖြစ်သည့် အတွက် ကျန်သည့်ဝန်ဆောင်မှုများ ကိုလည်း ဈေးပေးရသည်နှင့် တန် အောင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း လည်း ယင်းကပြောသည်။
''အရှုံးတွေကိုတော့ နိုင်ငံတော် ကနေ ကုန်ကျခံပါတယ်။ လက်မှတ် စစ်မစစ်လိုက်ရလို့ ကျန်သွားတဲ့လက် မှတ်နဲ့လက်မှတ်ဝယ်သူတွေက ကျန် တဲ့စီးသူတွေကို ရထားပေါ်ကအဆင်း မှာ လက်မှတ်လက်ဆင့်ကမ်းလိုက် တာကလဲ ရှုံးရတဲ့အချက်ထဲက တစ် ချက်ဖြစ်ပါတယ်။ ဒီလိုသာ လုပ်နေ မယ်ဆိုရင်တော့ ဘယ်လိုလုပ်လုပ် ရှုံး နေမှာပါပဲ''ဟုထပ်မံပြောကြားသည်။
မြို့ပတ်ရထားများ၌ တစ်ရက် လျှင် လက်မှတ် ၁ဝသိန်းဝန်းကျင်ခန့် ရောင်းရကာ ခရီးသည်ရှစ်သောင်းခွဲ နှင့်အထက်စီးပြီး နိုင်ငံခြားသား တစ် နေ့လျှင် ၁ဝဝ ဝန်းကျင်ခန့်စီးကြောင်း လည်း သိရသည်။
Yangon Times Journal

No comments:

Post a Comment