Wednesday, October 15, 2014

ဦးဆန်းဆင့်အမှု လာမည့်သောကြာနေ့တွင် အမိန့်ချမည်

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ အလွဲသုံးစားမှုတို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်း ခံနေရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိုအောက်တိုဘာ ၁၇ ရက် (သောကြာနေ့)တွင် အမိန့်ချ ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အမှုတွဲကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံး၌ စစ်ဆေးနေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်တွင် စစ်ဆေးသော ၂၅ ရက်မြောက် ရုံးချိန်တွင် အပြီးသတ်လျှောက်လဲချက်များကို နှစ်ဖက်လျှောက် လဲမှု ပြုလုပ်ခဲ့သည်။

‘‘နှစ်ဖက်အပြီးသတ် လျှောက်လဲချက်တွေ ပြီးပါပြီ။ အခုလာမယ့် သောကြာနေ့ (အောက်တိုဘာ ၁၇ ရက်) မှာ အမိန့်ချပါမယ်။ အမှုနဲ့ ပတ်သက်လို့တော့ ဘာမှ မပြောလိုပါဘူး’’ ဟု ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ အမှုကို လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

ယခုလ ၁၄ ရက်က စစ် ဆေးသော အပြီးသတ်လျှောက် လဲချက်ထွက်ဆိုရာတွင် ဦးဆန်း ဆင့်နှင့် ၎င်း၏ မိသားစုများ တောင်းဆိုချက်အရ မီဒီယာနှစ်ဦး ကို တရားခွင်အတွင်း ၀င်ရောက် နားထောင်ခွင့်ပေး ခဲ့သော်လည်း သတင်း ပြန်လည်ရေးသားခြင်း မပြုရန် တရားရုံးက တားမြစ်ခဲ့ ကြောင်း သတင်းရရှိသည်။

‘‘မီဒီယာသမား နှစ်ဦးကိုပဲ ၀င်ခွင့်ပေးတယ်။ ဒါပေမဲ့ တရား ခွင်အတွင်း ပြောဆိုချက်တွေဟာ ဥပဒေအရ သတင်းထုတ်ပြန်လို့ မရတဲ့အတွက် ပြန်မရေးဖို့ တရား သူကြီးက ပြောတယ်။

ပြန်ရေးရင် တရားစွဲခံရမယ် လို့လည်း မှာလိုက်တယ်’’ ဟု တရားခွင်အတွင်း ၀င်ရောက်ခွင့်ရ ခဲ့သူ မီဒီယာသမားတစ်ဦးက ပြောကြားသည်။

၎င်းအမှုအား အမိန့်ချပြီး နောက်တစ်ရက်(အောက်တိုဘာ ၁၈) ရက်တွင် ဦးဆန်းဆင့်၏ ရှေ့ နေနှင့် မိသားစုများနှင့် ရန်ကုန် မြို့ တော်ဝင်နှင်းဆီ စားသောက် ဆိုင်တွင် မီဒီယာများနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ရှေ့နေ ဦးတင်ထွန်းကပြောသည်။

သာသနာရေး ၀န်ကြီး ဟောင်းဦးဆန်းဆင့်အား နိုင်ငံပိုင် ငွေ အလွဲသုံးစားမှုဖြင့် ဇွန် ၁၉ ရက်တွင် စတင်ဖမ်းဆီးစစ်ဆေး ခဲ့ပြီး တရားရုံးတင် စစ်ဆေးစဉ် တွင် နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မဖြင့် ထပ်မံတရားစွဲဆို ခဲ့ခြင်း ဖြစ်သည်။

ရုံးတင်စစ်ဆေးစဉ်ကာလ အတွင်း ဦးဆန်းဆင့်အနေဖြင့် ကျန်းမာရေး အခြေအနေ မကောင်းမှုကြောင့် အာမခံပေးရန် တရားရုံးအဆင့်ဆင့်သို့ တင်ပြလျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး တစ်ပတ်လျှင် နှစ်ကြိမ် အမှုအားစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

7Day Daily

No comments:

Post a Comment