Tuesday, October 14, 2014

အင်္ဂလန်က ဧရာမ ကဏန်းကြီး


Whitstable-Giant-Crab
ဆိပ်ကမ်းမြို့ များတွင် ကရုကမာ၊ ကဏန်းများဖြင့် ပနံရနေသည်က ဓမ္မတာ သဘာဝ တစ်ရပ် ဖြစ်သည်။ ဗြိတိန်ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်သည့်ဝှစ်စ်ဘလီမြို့ တွင် အလွန်တရာ ကြီးမားသည့် ဧရာမ ကဏန်းကြီး တစ်ကောင် ပေါ်သည်ဆိုကာ ဖမ်းမိနိုင်ရေး ကြိုးပမ်း နေကြသည်။အွန်လိုင်းတွင် ပျံ့ နှံ့ သွားသည့် ဓာတ်ပုံတွင် ယင်းဆိပ်ကမ်းမြို့ ရေပြင်တွင် ဧရာမ ကဏန်းကြီး တစ်ကောင်ကို တွေ့ မြင်ခဲ့ကြခြင်းဖြစ်သည်။ ရေတွင် ကဏန်းကြီး ၏ အရိပ်ကို မြင်တွေ့ သည်မှာ အလုံးအထည်မှာ ပေ ၅၀ခန့် ရှိသည့် ကဏန်းကြီး တစ်ကောင် ဖြစ်သည်။

အဆိုပါ ကဏန်းကြီးနှင့် ပတ်သက်ကာ တချို့ က ဂျပန်ပင့်ကူ ကဏန်းမျိုး(Crabzilla)ဖြစ်သည်ဟု အခိုင်အမာ ပြောဆို နေကြ သော်လည်း လက်မခံသူများ ကမူ ရေအောက်သဲပြင် ပုံမှန် မဟုတ်သည့် သဏ္ဍန်ပေါ်ခြင်း၊ သို့မဟုတ် ပါကလည်း အတုအယောင်ထွင်လုံး တစ်ရပ်သာ ဖြစ်မည်ဟု ငြင်းဆိုကြသည်။

ဓာတ်ပုံတွင် မြင်တွေ့ ရသည်မှာ ကန့် ဆိပ်ကမ်းတွင် ငါးဖမ်းသဘောင်္များ ထားရာ ဘောတံတားနားတွင် အဆိုပါဧရာမကဏန်းကြီးကို မြင်တွေ့ ရခြင်းဖြစ်သည်။ ကဏန်းကြီးသည် ဗြိတိန် ရေပြင်တွင် တွေ့ ရသော လူအများ စားသုံး၍ ရသည့် ကဏန်း မျိုးစိတ်နှင့် ပုံစံတူသည့် ကဏန်းကြီး ဖြစ်သည်။ သို့ သော်လည်း ထိုမျိုး စိတ်မျိုးမှာ ပျမ်းမျှ ငါးလက်မ ခန့် သာ ကြီးထွား ကြသည့် ကဏန်း မျိုးစိတ်များ ဖြစ်သည့် အတွက် တွေးရခက်နေ ကြသည်။

"တပည့်တစ်ဦးပို့ လို့ ပုံကို တွေ့ ရတယ်။ ပထမတော့ ရေအောက်သဲပြင်ရဲ့  ပုံသဏ္ဍန်ကြောင့် ဖြစ်ရတယ်လို့ ထင်မိတယ်။ သေချာ ကြည့်ပြီးတော့မှ ဒါဟာ ရေနေ သတ္တ၀ါကြီး တစ်ကောင်ပဲ ဖြစ်ရမယ်လို့  ယုံကြည်မိတယ်"ဟု မြို့ ရှိပြတိုက်မှ ပြတိုက်မှုး ကွင်တန်ဝင်းတားက ပြောသည်။

ဂျပန်ပင့်ကူကဏန်းဟု ဆိုရန်မှာလည်း ယင်းကဏန်းများ၏ကိုယ်ခန္ဓာမှာ၁၂ ပေခန့် သာကြီးနိုင်ပြီးရှည်လျားသည့်လက်များရှိကာပင့်ကူတစ်ကောင်နှင့်သဏ္ဍာန် တူလှရာ ယခုတွေ့ရှိ ခဲ့သည့် ကဏန်းကြီးနှင့် ပုံစံလုံးဝ ကွဲပြားနေသည်။ ယခုဓာတ်ပုံကို Weird Whitsble ဆိုသည့် မြို့ ၏ထူးခြားဆန်းကြယ် ဖြစ်ရပ် ဓာတ်ပုံများ ကို တင်သည့် ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားခြင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment