Friday, October 3, 2014

လူဝီးစီယားနား ကျောင်းဆရာမနှစ်ဦး ကျောင်းသားတစ်ဦးနှင့် အုပ်စုလိုက် လိင်ဆက်ဆံသည်အတွက် အဖမ်းခံရ

လူဝီစီယားနား အထက်တန်းကျောင်းတစ်ခုမှဆရာမနှစ်ဦးသည် အသက် ၁၆ နှစ်သာရှိသေးသူ ကျောင်းသားလေးတစ်ဦးနှင့် အုပ်စုဖွဲ့ လိင်ဆက်ဆံခဲ့သဖြင့် (ထိုကျောင်းသားမှ အတန်းဖော်များအား ထိုအကြောင်းကို ကြွားလုံးထုတ်ခဲ့သည်) အဖမ်းခံခဲ့ရသည်ဟု တာဝန်ရှိသူများက ကြာသပတေး (အောက်တိုဘာ ၂) နေ့က ပြောကြား သည်။

အသက် ၂၄ နှစ် အရွယ် ရေချယ် ရက်စပက်စ် နှင့် အသက် ၃၂ နှစ် အရွယ် ရှယ်လေ ဒပ်ဖရက်စ်နေ တို့သည် သောကြာနေ့ကျောင်းဘောလုံးပွဲညက နယူးအော်လင်း ဆင်ခြေဖုံးရပ်ကွက် ကင်နာရှိ ရက်စ်ပတ်စ်၏ တိုက်ခန်း၌ ထိုကျောင်းသားအား အုပ်စုဖွဲ့ လိင်ဆက်ဆံမှုဖြင့် စွပ်စွဲခဲထားရသည်ဟု ကင်နာရဲမှုး မိုက်ကယ် ဂလေဇာက ပြောကြားသည်။

ဒီဖရက်စ်နေမှာ နယူးအော်လင်းနှင့် မိုင် ၂၀ ဝေးသော မွန့်ဇ်ရှိ သူမ၏ အိမ်၌ ထိုကျောင်းသားဖြင့် လိင်ဆက်ဆံမှုဖြင့်လည်း စွပ်စွဲခံခဲ့ထားရသည်။

အသက် ၁၆ နှစ် ပြည့်ပြီး ၁၇ နှစ် အတွင်းသာ ရှိသေးသူ ထိုကျောင်းသားက လိင်ဆက်ဆံမှုမှာ အားလုံးသဘောတူဖြစ်ကြောင်း၊ သို့သော် ၎င်းမှာ ထိုသို့ပြုရန် အသက်မမီသေးကြောင်း တာဝန်ရှိသူများကို ပြောကြားခဲ့သည်။

ဒက်စ်ထရီယန် အထက်တန်းကျောင်းမှ ၎င်းဆရာမနှစ်ဦးကို ဆယ်ကျော်သက်တစ်ဦးနှင့် လိင်မှုခင်းဆိုင်ရာ ပတ်သက်မှု၊ ဆယ်ကျော်သက်တစ်ဦးကို မလျော်ကန်သော အပြုအမူ ပြုမူမှု၊ ဆယ်ကျော်သက်တစ်ဦး နှင့် ဥပဒေညိစွန်းသော အနေအထိုင် ပတ်သက်မှု တို့ဖြင့် ဗုဒ္ဓဟူးနေ့က အမှုဖွင့် အရေးယူခဲ့သည်။
ဥပဒေအရာရှိများကမူ ယခုအချိန်ထိ သူမတို့ကို ပုဒ်မတပ်၍ စွဲချက်မတင်ရသေးဟု ပြောကြားသည်။

၎င်းအမှုမှာ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၁၇ နှစ်ခွဲ အထိ ကျခံရနိုင်သည်ဟု ရဲက ပြောကြားသည်။
တာဝန်ရှိသူများက ၎င်းအမှုနှင့် ဆက်စပ်သက်သေဖြစ်နိုင်သည့် ဓာတ်ပုံ၊ ဗွီဒီယိုများကို ရှာဖွေစုံစမ်းနေသည်။

ထိုကျောင်းသား၏ ဆရာမနှစ်ဦးဖြစ်သော သူမတို့ကို လစာခံစားခွင့်မရှိ အလုပ်မှ ရပ်နားထားသည်ဟု နယူးအော်လင်း တိုင်းမ်-ပီတာယွန်း သတင်းစာမှ ဖော်ပြသည်။ ယင်းအမှုနှင့် ပတ်သက်သော မေးမြန်း စုံးစမ်းချက်များကို ကျောင်းတာဝန်ရှိသူများက သဘောထားတုံပြန်မှု မရှိပါ။

မျိုးမင်းသန့်  ဘာသာပြန်ဆိုသည်။

Credit to ရွှေမြန်မာမီဒီယာ

No comments:

Post a Comment