Wednesday, October 1, 2014

ညီမဖြစ်သူကိုထပ်မံယူလိုက်တဲ့မိန်းမနှစ်ယောက်နဲ့ ရင်နာ စရာဇာတ်လမ်း (အသိခေါက်ခက် အဝင်မနက်ကြပါနဲ့)

ဒီဆောင်းပါးကို ဖော်ပြရခြင်းအဓိက ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ အိမ်ထောင်ပြုကြတဲ့အခါ အိမ်ထောင်ဘက် အရွေးမမှားရလေအောင် ဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။ မနက်က ဦးဇင်း ဒကာမကြီးတစ်ယောက်အိမ်ကို ဆွမ်းစားကြွပါတယ်။
 အဲဒီမှာ အနီးအနားရဲ့ လူနေထိုင်မှုအခြေအနေတွေ မေးကြည့်တယ်။ ဘာသာခြားတွေရဲ့ အခြေအနေတွေကိုပေါ့။ သူတို့အိမ်နား မနီးမဝေးမှာ ကုလားတစ်အိမ်ကလွဲလို့ ဘာသာခြားမရှိတဲ့ အကြောင်းပြောပြပါတယ်။ မိန်းကလေးတွေ များတဲ့အိမ်ဖြစ်နေတော့ ဆွမ်းဒါနအကြောင်းကို နည်းနည်းလေးပဲဟောပြီး အမျိုး ဘာသာ သာသနာနဲ့ ပတ်သတ်တာလေးတွေကိုပဲ ဟောဖြစ်ခဲ့ပါတယ်။

ဒီရပ်ကွက် ဒီအနီးအနားဝန်းကျင် ဘာသာခြားတွေရောက်လာရင် သတိထား ဂရုတစိုက်ရှိဖို့နဲ့ မျက်နှာစိမ်း ဘာသာခြားများ နေထိုင်တွေ့ရှိလို့ မသင်္ကာရင် ရပ်ကွက်ရုံး မြို့နယ်ရုံးနဲ့ ဘုန်းတော်ကြီးကျောင်းများကို သတင်းပေးဖို့။ ပြီးရင် ဈေးဝယ်တဲ့အခါမှာလည်း (၉၆၉) ဆိုင်တွေမှာဈေးဝယ်ဖို့။ အပေါင်းအသင်းထားတဲ့ အခါ ဘာသာတူအချင်းချင်း ပေါင်းသင်းဆက်ဆံဖို့၊ အိမ်ထောင်ပြုတဲ့အခါမှာ ဘာသာတူအချင်းချင်း အိမ်ထောင်ပြုဖို့ကိုပဲ ဟောပြောခဲ့ပါတယ်။

ဘာသာခြားကို လင်လုပ်လို့ ဒုက္ခရောက်နေသူတွေအကြောင်း၊ ဘာသာခြား အင်အား ကြီးလာရင် အိမ်ရှင်ကိုရိုက်ပြီး အိမ်လုတတ်ကြောင်း ထင်ရှားတဲ့ဥပမာအရ ရခိုင်ပြည်နယ်အခြေအနေ၊ မိတ္ထီလာအခြေအနေ၊ ဥက္ကံအခြေအနေ၊ အခုလားရှိုးအခြေအနေ ၊ အနောက်နိုင်ငံအခြေအနေတွေကို အနာဂတ်ရဲ့ မျိုးဆက်သစ် မိန်းကလေးများအားလုံးကို ဆုံးမပေးခဲ့ပါတယ်။

ဆွမ်းကိစ္စအားလုံးပြီးသွားတဲ့အခါ ဒကာမကြီးပြောခဲ့တာ ကုလားအိမ်တစ်အိမ်အကြောင်းကို စိတ်ဝင် စားတာနဲ့ ဆက်ပြီး မေးမြန်းကြည့်လိုက်ပါတယ်။ အဲဒီကုလားက အရင်တည်းက မိန်းမနှစ်ယောက်ရှိကြောင်း၊ နောက် ဗမာမိန်းကလေးတစ်ဦးနဲ့ချစ်ကြိုက်ပြီး ယူလိုက်ကြောင်း၊

အဲဒီဗမာမိန်းကလေးမှာလည်း ညီမငယ်တစ်ဦးရှိကြောင်း ၊ အနေနီးစပ်တာလား၊ ဘယ်လိုပြောရမှန်းမသိ၊ အဲဒီကုလားက သူရဲ့ဗမာမိန်းမရဲ့ ညီမဖြစ်သူကိုပါ ထပ်မံ၍ယူလိုက်ကြောင်း ပြောပြပါတယ်။

အသားတွေ တဆတ်ဆတ်တုန်လောက်အောင် နာကြဉ်မိပါတယ်။ အဲဒီစကားကို ကြားလိုက်တဲ့အခါမှာပေါ့။ နောက်ဆက်ပြီးပြောပြပါတယ်။ အဲဒီအငယ်မကတဲ့ သူအစ်မယောက်ျား သူ့ခဲအိုကုလားကို ယူပြီး ကုလားဇာတ်ထဲဝင်တယ်တဲ့။ ကုလားဘာသာကိုယူလိုက်တယ် ဆိုရင်ပဲ အရင်ကကြည်ညို မြတ်နိုး လက်အုပ်မိုးကာ ရှိခိုးပူဇော်ခဲ့တဲ့ မြတ်စွာဘုရားပုံတော်တွေ၊ ပိဋကတ် ကျမ်းစာတွေ၊ သံဃာတော် အရှင်မြတ်များ၊ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးများရဲ့ ပုံတော်တွေကို နင်းချေ ဖျက်စီးပြီးဖြစ်ပါလိမ့်မယ်။


အဲဒီအကုသိုလ်ကံက နောက်ဘဝတောင်မခြားဘဲ ယခုဘဝမှာပင် အဲဒီ ညီမဖြစ်သူ ကောင်မလေးခဗျာ လေဖြတ်သွားတယ်လို့လည်း ပြောပြပါတယ်။ လေဖြတ်တော့လည်း သူ့ယောက်ျား ကုလားရဲ့လုပ်စာကို စားရတယ်မထင်နဲ့။ အစ်မကြီးကနေ ပြန်လည် စောင့်ရှောက်ထားလို့သာ အသက်ရှင်လျက်ရှိနေတာပါ။ ဒါပေမယ့် ရှင်လျက်နဲ့သေနေပါပြီ။

ညီမနှစ်ယောက်လုံးယူထားတယ်ဆိုပေမယ့် ပစ္စည်းဥစ္စာတောင့်တင်းတဲ့ ကုလားမဟုတ်ဘဲ၊ လက်လုပ်လက်စားသမားသာဖြစ်ကြောင်း ဘယ်လိုကနေ ဘယ်လိုကြောင့် ညီမနှစ်ယောက်လုံးမှာ အဲဒီကုလားရဲ့ ကာမကျွန်ဖြစ်သွားတယ်ဆိုတာကို မသိကြောင်းကို ရင်နာနာနဲ့ဒကာမကြီးကပြောသလို နားထောင်ရသူဦးဇင်းမှာလည်း အတော့်ကို နာနာကြင်ကြင်နဲ့ နားထောင်ခဲ့ရပါတယ်။

ဦးဇင်းပြောပြချင်တာက ဗုဒ္ဓဘာသာမိန်းကလေးများ ဆရာတော်များရဲ့ ဆုံးမမှု၊ မိဘ ဆရာသမားများနှင့် ကိုယ့်ထက် အသက်ဂုဏ်ဝါ သိက္ခာကြီးသူများက ဘာသာခြားကို လင်မလုပ်ကြဖို့ ဆုံးမတဲ့အခါ တိတိကျကျ လိုက်နာစေချင်ပါတယ်။ အသိခေါက်ခက် အဝင်မနက်ကြပါနဲ့လို့ပြောချင်ပါတယ်။

အသိခေါက်ခက် အဝင်နက်လို့ ဘာသာခြားကို လင်လုပ်တဲ့အခါ ပစ္စုပ္ပန်မှာလည်း ဆင်းရဲမှုမျိုးစုံ ကြုံတွေ့ခံစားရမှာဖြစ်သလို သေလွန်တဲ့အခါမှာလည်း မိစ္ဆာဒိဋ္ဌိ အယူကြောင့် ငရဲကို မုချရောက်မည်ဖြစ် တာရယ်၊ ဒီဘဝမှာလည်း အမျိုးဖျက်မ ဘာသာဖျက်မ ဘဝကို ရောက်မည်ဆိုတာရယ်၊ ဘာသာခြားကိုလင်လုပ်လို့ ခံစားရမည့် အပြစ်များကို အသိတရားကိန်းအောင် ဆုံးမပေးလိုက်ပါသည်။

ဘာသာတူအချင်းချင်းသား အိမ်ထောင်ပြုကြပါလို့ အနူးအညွတ်တိုက်တွန်းလိုက်ပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment