Wednesday, October 15, 2014

နွားကျောင်းသား စောဆန်းအောင်၊ သစ္စာဖောက်ကျော်သက်၊ ဒရိုင်ဘာတိုက်ဂါးနှင့် သူတို့၏နောက်ကွယ်မှ သင်းအုပ်ဒေါက်တာ တင်မိုသီ

တစ်လောက KNLA-PC မှစောတိုက်ဂါးပြဿနာရှာသဖြင့် နှစ်ဘက်တပ်များတင်းမာမှုဖြစ်ခဲ့ရသည်။ မကြာခင် အချိန်မှာပဲ ဖထီးဌေးမောင်သည် စောတိုက်ဂါးလုပ်ရပ်အပေါ် တပ်ဖွဲ့နှင့်မဆိုင်ဟုဆုံးဖြတ်ခဲ့ပြီးနောက် KNLA-PC ဗဟိုကော်မတီဝင် ဒေါက်တာတင်မိုသီနှုတ်ထွက်ခဲ့ပေသည်။ ထို့နောက်စောတိုက်ဂါးDKBA သို့ကူးပြောင်းခဲ့ ပေသည်။ ထိုပြဿနာနှင့်အတူဖြစ်ပွားနေသည်ကတော့ DKBA စောဆန်းအောင်နှင့် စောကျော်သက်တို့၏ ရမ်းကားမှုများပင်ဖြစ်သည်။

အစိုးရစစ်တပ်အားသွားရောက်ရန်စကာ တိုက်ပွဲများဖန်တီးခဲ့သဖြင့် DKBA အားအစိုးရတပ်များက၀ိုင်းဝန်း ပိတ်ဆို့ခဲ့ပေသည်။ ဖထီးလားဘွယ်ကိုယ်တိုင် ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု ပြောသော်လည်း ၄င်းတို့၏ရမ်းကားမှုများကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားကာကရင် ပြည်နယ်မငြိမ် မသက်ဖြစ်ခဲ့ရပေသည်

ကျွန်ပ်အနေဖြင့် ၄င်းတို့အကြောင်းအနည်းငယ်ပြောပြပါမည်။ ဗိုလ်မှူးကြီးစောဆန်းအောင်ဆိုသူမှာ နွားကျောင်း သားတစ်ဦးသာဖြစ်ပေသည်။ DKBA စတင်ခွဲထွက်ကတည်းက ရဲဘော်ဘ၀ဖြင့် တပ်ဖွဲ့တွင်း သို့ဝင်ရောက်ခဲ့ပြီး စာမတတ်ပေမတတ်ဖြင့် ယခုအခါတွင်ဗိုလ်မှူးကြီးပင်ဖြစ်နေချေပြီ။
စောဆန်းအောင်၏ အားနည်းချက် တစ်ခုမှာယခုအချိန်တွင် သူ့အားနွားကျောင်းသားဟုခေါ်လျှင် သိမ်ငယ် ရှက်ရွံ့ပြီး ရှက်ရမ်းရမ်းတက် ခြင်းပင် ဖြစ်ပေသည်။

စောကျော်သက်ဆိုသူမှာလည်း ယခင် KNU တပ်ဖွဲ့အတွင်း တာဝန် ထမ်းဆောင်စဉ် ကာလက သူ၏ဒု-တပ်ရင်းမှူးဖြစ်သူကို သေနတ်ဖြင့်ပြန်လည်ပစ်သတ်ကာ DKBA ဘက်သို့ ထွက်ပြေးခဲ့သူဖြစ်ပေသည်။ မည်သည့် ခံယူချက် ယုံကြည်ချက်မျှမရှိဘဲ ပြန်အသတ်ခံရမည် ဆိုးသော ကြောင့်သာ DKBA သို့ဝင်ရောက် ခဲ့သူဖြစ်ပေသည်။ KNU တပ်ဖွဲ့အနေဖြင့် စောကျော်သက်၏သစ္စာ ဖောက်မှုကို ယနေ့ထက်တိုင်နာကျည်း လျက်ရှိပေသည်။

ယခုအခါတွင် DKBA တပ်ဖွဲ့အတွင်း၌လည်းသွေးကွဲမှုများ၊ တစ်စင်ထောင်လိုမှုများဖြစ်ပေါ်နေပေသည်။ ဗိုလ်ချုပ်ကြီး စောလားဘွယ် အနားယူပါက သူ၏နေရာကိုဆက်ခံရန်အတွက် ဒုစစ်ဦးစီးချုပ် အဖိုးမူရှေးကို လျာထားခြင်းမှာနွားကျောင်းသားဆန်းအောင်နှင့် သစ္စာဖောက်ကျော်သက် တို့အဖို့မခံတိ မခံသာဖြစ်ခဲ့ ရပေ သည်။ ထို့ကြောင့်နယ်စပ်တွင် လုပ်ချင်ရာများလုပ်ကာ DKBA၏ဂုဏ်သိက္ခာကို ချနေခြင်းဟုသာမြင်မိပေ သည်။

စောတိုက်ဂါးဆိုသူကတော့ ဗိုလ်မှူးကြီး ရာထူးရယူထားကတည်းကပင် ရီချင်မိသည်။ သေနတ်ပင်မ ဖြုတ်တတ် သည့်ကားမောင်းသမားသည် အဘယ်ကြောင့်များ ဗိုလ်မှူးကြီးဖြစ်နေသနည်း။ သူ၏ပုခုံးပေါ်မှ အပွင့်များ သည်လည်း မည်သူကမျှ တပ်ပေးထားသည်မဟုတ် မဲစောက်ရှိစတိုးဆိုင်မှ ၀ယ်ယူထားခြင်း သာဖြစ်ပေသည်။ ထိုစတိုးဆိုင်သည် KNU ၏တံဆိပ်တုံးများ၊ ဘတ်တံဆိပ်များရောင်းချရာဖြစ်ပြီး စောတိုက်ဂါးက သူလိုချင်သည့် အပွင့်ပုံစံများကို အော်ဒါမှာထားခြင်းသာဖြစ်သည်။ ထိုကဲ့သို့သော အရူးအပေါသာသာရှိသည့် သူများသည် ယနေ့အခါတွင် ဗိုလ်မှူးကြီးများဖြစ်ကာ နာမည်ကြော်ကြားနေကြသည်မှာမည်သူ့ကြောင့်နည်း။ ဤနေရာတွင် ဒေါက်တာတင်မိုသီပါဝင်လာချေပြီ။

သူသည်သြစတေးလျနိုင်ငံသားဖြစ်ပြီး ဒေါက်တာဘွဲ့မှာလည်း ဘာသာရေးသင်းအုပ်ဆရာဘွဲ့သာဖြစ်ပေသည်။ နိုင်ငံရေးပါးဝသူတစ်ဦးဖြစ်ပြီး CIA တွင်ကုတ်နံပါတ်ရှိသူတစ်ဦးဖြစ်ကြောင်းကို KNU ထောက်လှမ်းရေး များထံမှ သိရှိရသည်။ ရှင်းရှင်းပြောရလျှင် CIA ၏လက်သပ်မွေးထားသော သူတစ်ဦးလည်းဖြစ်ပေသည်။ ယခုအခါတွင် စောဆန်းအောင်၊ စောကျော်သက်နှင့်စောတိုက်ဂါးတို့၏ နောက်ကွယ်တွင်သူရှိနေချေပြီ။ သူ၏ထုံးစံအတိုင်း ဘယ်တော့မျှရှေ့မထွက်ချေ။

ယခုအခါတွင် KNU မှ အဖိုးမူတူးစေးဖောတို့အနေဖြင့် စစ်တပ်နှင့်ငြိမ်းချမ်းရေးယူရန်ဆွေးနွေးမှုများလုပ် နေချေပြီ။ DKBA မှဖထီးလားဘွယ်နှင့် KNLA-PC မှ အဘိုးထိန်မောင်တို့သည်လည်း ငြိမ်းချမ်းရေးအပြီးသတ် ရယူရန်ဆောင်ရွက်နေကြချေပြီ။ ထိုအဖွဲ့များအားလုံး ငြိမ်းချမ်းရေးယူသွားပါက ကရင်လူမျိုးအားလုံး သည် သူတို့နှင့်ပါသွားနိုင်သည်ကို တင်မိုသီအနေဖြင့်ရိပ်မိလေသည်။ ထို့ကြောင့်အဖွဲ့အသီး သီး အတွင်းသို့ဝင်ရောက် မွှေနှောက်ကာ ရသမျှအင်အားများဆွဲခေါ်လျက် KNU မှငြိမ်းချမ်းရေးရယူရန် သဘော ထားတင်းမာသူများနှင့် ပူးပေါင်းရန်သည် တင်မိုသီ၏အကြံပင်ဖြစ်ပေသည်။

သူ၏ရည်ရွယ်ချက်မှာကရင်နယ်မြေကိုချုပ်ကိုင်လိုခြင်းနှင့် ကရင်ပြည်နယ်ကိုမငြိမ်းချမ်းစေလိုမှုသာဖြစ်ပေသည်။ ယနေ့ ကရင်ပြည်နယ်၏အခြေအနေသည်ရှုပ်ထွေးနေချေပြီ။ ဖထီးမူတူးစေဖော ခေါင်းဆောင်သော KNU တပ်ဖွဲ့ အနေဖြင့် UNFC အဖွဲ့မှနှုတ်ထွက်လိုက်သည့်နောက်ပိုင်းမှအစပြုကာ KNU အတွင်းသဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ယခုအခါတွင် KNU ညီလာခံကျင်းပရန် ရက်ပိုင်းမျှသာ လိုပေတော့သည်။ ယခုလိုအချိန်တွင် KNU မှခွဲထွက်ခဲ့သော တပ်ဖွဲ့အသီးသီးတို့သည် အစိုးရစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပေါ်နေခြင်း၊ ပြဿနာများ တစ်ခုပြီး တစ်ခုဖြစ်ပေါ်နေခြင်းများသည် သွေးရိုးသားရိုးဆန်သည့်ကိစ္စမဟုတ်ဟုမြင်မိသည်။

ယခုလို ကိစ္စရပ်များဖြစ်ပေါ်နေကာ မငြိမ်းချမ်းလိုမှုများကို အကွက်ကျကျဖော်ဆောင်ရာတွင် လက်ရှိ ထင်ပေါ်နေသည့် စောဆန်းအောင်၊ စောကျော်သက်နှင့် စောတိုက်ဂါးတို့၏နောက်ကွယ်မှ နိုင်ငံရေးသမားတင်မိုသီ၏နောက် ကွယ်မှအကြံစည်များပင်ဖြစ်ကြောင်း ရေးသားလိုက်ပါသည်။

စောဂျက်ဆင်
Credit to Today Myanmar

No comments:

Post a Comment