Wednesday, October 15, 2014

အီဘိုလာဗိုင်းရပ်(စ်) အသစ် ကူးစက်ခံရမှု တစ်ပတ်လျင် ၁၀,၀၀၀ အထိ မကြာမီ ရောက်ရှိလာမည်

အီဘိုလာ ဗိုင်းရပ်(စ်) အသစ်ကူးစက်ခံရသူ ဦးရေမှာ ဒီဇင်ဘာလတွင် တစ်ပတ်လျင် ၁၀,၀၀၀ အထိရောက်ရှိနိုင်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ က အင်္ဂါနေ့တွင် အစီရင်ခံခဲ့သည်။
ယင်းပမာဏမှာ လက်ရှိကူးစက်နှုန်းထက် ဆယ်ဆပိုသည်။။
ဒီဇင်ဘာလတွင် ယင်းသို့ ဆိုးဝါးလာနိုင်မှုနှင့် ပတ်သက်၍ အဆိုးဝါးဆုံး ထိခိုက်ခံစားနေရသော လိုက်ဘေးရီးယား၊ ဆီယာရာ လီယွန်နှင့် ဂီနီ ( Liberia, Sierra Leone and Guinea ) တို့တွင် လုံလောက်သော ပြင်ဆင်ထားမှုမရှိသေးကြောင်းလည်းအီဘိုလာ အရေးပေါ်တုံ့ပြန်ရေး မစ်ရှင်သစ်၏ အကြီးအကဲ အန်ထော်နီအန်ဘူရီက လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။

Ref: The New York Times
Yangon Media Group

No comments:

Post a Comment