Wednesday, October 1, 2014

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို မောင်တောနယ်စပ်မှ တရားဝင်လွှဲပြောင်းပေး

Photo: ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို မောင်တောနယ်စပ်မှ တရားဝင်လွှဲပြောင်းပေး
Wednesday, October 1, 2014

ပြန်လွှဲပြောင်းပေးလိုက်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ (ဓာတ်ပုံ − မောင်ကံ)
မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး ပြစ်ဒဏ်စေ့ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် မောင်တောနယ်စပ် အမှတ် (၁)၀င်/ထွက်စခန်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံ ပြစ်ဒဏ်စေ့အကျဉ်း သား လွှဲပြောင်းခြင်း အခမ်းအနားသို့ မောင်တောခရိုင် ဒုတိယ လ၀ကဦးစီးဌာနမှူး ဦးထွန်းထွန်း (လ/ထ ညွှန်ကြားရေးမှူး) ဦး ဆောင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှ Additional Director, Staff Officer Md. Nazmus Sadat Soimmo ဦး ဆောင်ကာ အဖွဲ့ဝင် ကိုးဦးတို့ ကစပီဘုတ်များဖြင့် ခေါ်ဆောင် သွားခဲ့သည်။

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ဘူးသီးတောင်အကျဉ်းထောင်နှင့် စစ်တွေအကျဉ်းထောင်တွင် ပြစ်ဒဏ်ချမှတ်ခြင်း  ခံခဲ့ရသူများဖြစ်ကြောင်း ခရိုင်လ၀က ဦးစီးဌာနမှူးဦးစောနိုင်က ပြောသည်။

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများလွှဲပြောင်း လက်ခံ ခဲ့သော ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့် တပ်ဖွဲ့ဝင်များမှာ မောင်တောမြို့ မြို့မဈေးကြီးနှင့် မြို့မဘုန်းတော်ကြီးကျောင်းသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင် အမှတ်(၁) ၀င်/ထွက်စခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းသားများ လွှဲပြောင်းပေးနိုင်ရန်အတွက် မောင်တောခရိုင်လ၀ကဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနယ်ဖ်ခရိုင်ခွဲအခြေစိုက် အမှတ်(၄၂) နယ်ခြားစောင့်တပ် (BGB) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဘူဇာအယ်ဇာဟိတို့၏ နှစ်နိုင်ငံ ချစ် ကြည်ရေး ဦးတည်၍ အပြန်အလှန်ဆက်သွယ်ညှိနှိုင်း လွှဲ ပြောင်းပေးခြင်း ဖြစ်သည်။

မောင်တောနယ်စပ်မှ ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇူလိုင်မှ ယနေ့အထိ ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၀ ဦး လွှဲပြောင်းပေးထားပြီး ဖြစ်သည်။

7Day Daily
ပြန်လွှဲပြောင်းပေးလိုက်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ (ဓာတ်ပုံ − မောင်ကံ)
မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး ပြစ်ဒဏ်စေ့ခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၂ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် မောင်တောနယ်စပ် အမှတ် (၁)၀င်/ထွက်စခန်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံ ပြစ်ဒဏ်စေ့အကျဉ်း သား လွှဲပြောင်းခြင်း အခမ်းအနားသို့ မောင်တောခရိုင် ဒုတိယ လ၀ကဦးစီးဌာနမှူး ဦးထွန်းထွန်း (လ/ထ ညွှန်ကြားရေးမှူး) ဦး ဆောင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှ Additional Director, Staff Officer Md. Nazmus Sadat Soimmo ဦး ဆောင်ကာ အဖွဲ့ဝင် ကိုးဦးတို့ ကစပီဘုတ်များဖြင့် ခေါ်ဆောင် သွားခဲ့သည်။

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ဘူးသီးတောင်အကျဉ်းထောင်နှင့် စစ်တွေ အကျဉ်းထောင်တွင် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသူများဖြစ်ကြောင်း ခရိုင်လ၀က ဦးစီးဌာနမှူးဦးစောနိုင်က ပြောသည်။

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများလွှဲပြောင်း လက်ခံ ခဲ့သော ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့် တပ်ဖွဲ့ဝင်များမှာ မောင်တောမြို့ မြို့မဈေးကြီးနှင့် မြို့မဘုန်းတော်ကြီးကျောင်းသို့ လှည့်လည်ကြည့်ရှု ခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင် အမှတ်(၁) ၀င်/ထွက်စခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းသားများ လွှဲပြောင်းပေးနိုင်ရန်အတွက် မောင်တောခရိုင်လ၀က ဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနယ်ဖ်ခရိုင်ခွဲအခြေစိုက် အမှတ်(၄၂) နယ်ခြားစောင့်တပ် (BGB) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဘူဇာအယ်ဇာဟိတို့၏ နှစ်နိုင်ငံ ချစ် ကြည်ရေး ဦးတည်၍ အပြန်အလှန်ဆက်သွယ်ညှိနှိုင်း လွှဲ ပြောင်းပေးခြင်း ဖြစ်သည်။

မောင်တောနယ်စပ်မှ ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇူလိုင်မှ ယနေ့အထိ ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၀ ဦး လွှဲပြောင်းပေးထားပြီး ဖြစ်သည်။

7Day Daily

No comments:

Post a Comment