Friday, October 31, 2014

ဝန်ကြီးချုပ်ဟောင်းရင်လတ်ရှင်နာဝပ်ထရာ၏ အလွဲသုံးစားမှုကို ထိုင်းအမျိုးသားဥပဒေပြုလွှတ်တော်တွင် ကြားနာမည်

အမျိုးသားဥပဒေပြုလွှတ်တော် (NLA) ၏ အထူးအစည်းအဝေး ကို နိုဝင်ဘာ ၁၂ရက်တွင် ပြုလုပ် မည်ဖြစ်ကြောင်း၊ အဆိုပါအစည်းအ ဝေးတွင် ဝန်ကြီးချုပ်ရင်လတ်ရှင်နာဝပ် ထရာ၏အလွဲသုံးစားမှုကို စဉ်းစား သွားမည်ဖြစ်ကြောင်း NNT သတင်း က ဖော်ပြခဲ့သည်။

NLA ဥက္ကဋ္ဌ ပရွန်ပက်ခ်ျဝီချက် ချိုလ်ချိုင်းက ကြေညာခဲ့ရာတွင် ဤ အစည်းအဝေးမှာ ရင်လတ်အပေါ် ဆန်စပါးဝယ်ယူရေး စီမံကိန်းနှင့်ပတ် သက်၍ အလွဲသုံးစားစွဲဆိုမှုကို အဓိ ကထား ဆွေးနွေးသွား ရန်ဖြစ်သည် ဟု ဆိုသည်။



ဤအမှုမှာအမျိုးသား လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင်(NACC) က အမျိုးသား ဥပဒေပြုလွှတ်တော် NLA သို့လွှဲပေး ခဲ့သောအမှုဖြစ်သည်။

ထိုနည်းအတူ NLA ကနိုဝင် ဘာ ၆ရက်တွင်လည်း အထူးအစည်း အဝေးတစ်ခု ပြုလုပ်မည်ဖြစ်ရာ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း ဆွမ်ဆတ်ကီရာဆူရာနော့အား အ လွဲသုံးစားမှုဖြင့်စွဲဆိုသည့် အမှုအား ဆွေးနွေးမည်ဟု ဆိုသည်။

ထိုအစည်း အဝေး၌ပင် အထက်လွှတ်တော်ဥက္ကဋ္ဌ နီတွမ်ဝေရတ်ပါနစ်ခ်ျအား အထက် လွှတ်တော်ကို ထိန်းချုပ်ထားမှုဖြင့် စွဲ ဆိုရန်ဆွေးနွေးသွားမည်ဟု ဆိုသည်။

ထို့အပြင် NLA အနေဖြင့် ၂ဝဝ၇ခုနှစ် ဖွဲ့စည်းပုံအရဖြစ်ခဲ့သော ကိစ္စရပ်အပေါ် စွဲဆိုပိုင်ခွင့်အာဏာ ရှိ၊ မရှိကိုလည်း ဆွေးနွေးသွားမည်ဟု သိရသည်။

Ref:NNT
Yangon Media Group

No comments:

Post a Comment