Sunday, October 5, 2014

ပုဒ်မ ၁၄၄ ရုပ်သိမ်းလျှင်လည်း ရွှေတူးခွင့်ပြုမည်မဟုတ်

နေပြည်တော်ဇေယျာသီရိမြို့နယ်၊ ရွှေထွက်သည့် နေရာတွင် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပါက လည်း ရွှေပြန်လည်တူးဖော် င့်ပေး ရန် အစီ အစဉ်မရှိကြောင်း ဇေယျာသီရိမြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။
ယင်းရွှေထွက်သည့် နေရာ သည် စစ်တပ်ဧရိယာ(က.က. ကြည်း)နှင့် အထက်ပေါင်းလောင်းရေအား လျှပ်စစ်ဧရိယာအတွင်း တည်ရှိေ သာကြောင့် လုံခြုံရေးအရ ပုဒ်မ ၁၄၄ ကို စက်တင်ဘာ ၂၈ ရက်မှစ၍ နှစ်လတိတိထုတ်ပြန်ခဲ့ခြင်းကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်း ကပြောသည်။

 ‘‘နှစ်လပြီးသွားရင်  ၁၄၄ ထပ်ထုတ်ဖို့က မသိသေးပါဘူး။ အခုထုတ်လိုက်တာက လူစိမ်း တွေလည်းပါလာတော့ အခြေအ နေက အန္တရာယ် ရှိလို့ပါ။ ရွှေတူး ဖော်ခွင့်ကတော့  ပုဒ်မရုပ်သိမ်း လည်း ပြန်ဖွင့်ပေးဖို့တော့ မရှိသေးပါဘူး’’ဟု ဦးမြတ်သိန်းထွန်းကဆို သည်။

 ကျည်တောင်ကျေးရွာမှ ဒေသခံထင်းခုတ်သမားတစ်ဦးက ရွှေထွက်ရာနေရာကို စတင် တွေ့ရှိပြီးနောက်ပိုင်း   အနီးအနား ကျေးရွာ များမှ ဒေသခံများနှင့်  အခြားဒေသမှ  သူများအပါအ၀င်လူဦးရေ တစ်ထောင်ကျော်လာရောက်လုပ်ကိုင်ခဲ့ကြသည်။

‘‘ရွှေတူးဖော်ခွင့်ကို ဒီလိုကြီး တော့ မပိတ်စေချင်ဘူး။ ရွာသား တွေအတွက်လည်း အလုပ်အကိုင်အဆင်ပြေတယ်။ သက်ဆိုင်ရာက အဆင်ပြေေ အာင် တစ်ခုခုစီစဉ်ပေးစေချင်တယ်’’ဟု ကျည်တောင်ဒေသခံတစ်ဦးကဆိုသည်။

7Day DAILY 

No comments:

Post a Comment