Friday, October 10, 2014

ရွှေ့တောင် ခလရ ၁၄ မှ မိသားစုဝင် ဘုရားဖူးကား တိမ်းမှောက်


သီတင်းကျွတ်လပြည့်နေမနက်ပိုင်းကပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိဘုရားအသွားလမ်း န၀ဒေး တံတား အနီး ဘုရားဖူးဒိုင်နာ ကားတစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ ယာဉ်မောင်း အပါ အ၀င် လူ(၂၀)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။ 


ဓာတ်ပုံ- ကောင်းမြတ်မင်း 

ကားပေါ်မှဘုရားဖူးများမှာပြည်ခရိုင်ရွှေတောင်မြို့နယ်အခြေစိုက် ခလရ ၁၄ မှ တပ်မိသားစုဝင်များဖြစ်ပြီး၊ နတ်မှော် ကုတင်(၁၀၀) စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရပါတယ်။ 

ယာဉ်တိမ်းမှောက်ခဲ့တဲ့ နေရာကတော့ ပန်းတောင်းမြို့နယ်ထဲမှာဖြစ်ပြီး၊ ရွှေဘုံသာမုနိဘုရားကဘုရားဖူးပြန် လာစဉ် အဆိုပါဒိုင်နာကားမှာ တောင်အတက်ကို မတက်နိုင်ပဲ နောက်ပြန်လိမ့်လာပြီး လမ်း၏ ဘယ်ဖက်  
ချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ပန်းတောင်းမြို့ရဲစခန်းမှုး ဦးခင်မောင်ကြည်ကပြော ပါတယ်။

" အဲဒီကားက ကုန်းတက်မှာ အရှိန်မထိမ်းနိုင်ပဲ နောက်ကိုပြန်လိမ့်ကျပြီး ချောက်ထဲထိုး ကျပြီး  မှောက်သွား တာပါ ဒဏ်ရာရတဲ့သူပဲရှိတယ် အသေအပျောက်တော့ အခုထိတော့ မရှိသေးပါဘူး။” လို့ သူက ဆိုပါ တယ်။ 

တပ် မိသားစုဝင် တွေဖြစ်နေတဲ့အတွက် ရွှေတောင်မြို့နယ် နတ်မှော်ကျေးရွာက ကုတင်(၁၀၀) စစ်ဆေးရုံ မှာ ဆေးကုသ မှုပြုလုပ်နေကြောင်းနဲ့ အကြီးအကျယ်ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့လည်း သူကဆက်ပြော ပါတယ်။

ယဉ်မောင်းအား ပန်းတောင်းရဲစခန်းမှ ယာဉ်(ပ)၂၇ /၂၀၁၄ ယာဉ်မဆင်မချင်မောင်းမှု ထိခိုက်ဒဏ်ရာ    ရှိစေမှု ပုဒ်မ ဖြင့်အမှုဖွင့်အရေုးယူ ထားကြောင်းသိရသည်။  

 ပြည်မြို့အနောက်ဘက် ကမ်းရှိ ရွှေဘုံသာ မုနိဘုရားသို့ သွားနိုင်ရန် ဖေါက်လုပ်ထားတဲ့ ကားလမ်း မှာ 
တောင်တန်းများအကြား ဖေါက်လုပ်ထားတဲ့ ကားလမ်းဖြစ်ပြီး ကားတိမ်းမှောက်တဲ့ အတက် လမ်းနေရာမှာ ကားနှစ်စီးရှောင်ဖို့ လမ်းကျဉ်းမြောင်းခြင်း  နေတဲ့အတွက်   မကြာခဏ ယာဉ်တိမ်းမှောက်မှု များ ဖြစ်လေ့ ရှိကြောင်းသိရပါတယ်။ 

 ကောင်းမြတ်မင်း ~


 ဧရာဝတီ

No comments:

Post a Comment