Wednesday, October 8, 2014

ထိုင်းရဟတ်ယာဉ်မှူးကို ပြန်တွေ့၊ မြန်မာရဟတ်ယာဉ်မှူးကို ရှာဖွေဆဲ

B4 ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ ရက်က တွေ့ရှိထားပြီး ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ကို ယနေ့ နံနက်တွင် ပြန်လည်တွေ့ရှိကာ ၎င်းကို ရ၀မ်လူမျိုးများက ခေါ်ဆောင်လာကြောင်း ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးမှူး တာဝန်ခံ ကိုဘိုထွန်းက ပြောသည်။
‘‘ထိုင်းရဟတ်ယာဉ်မှူးကို ပြန်တွေ့ပါပြီ။ သူလည်း ဒဏ်ရာပြဿနာရှိနေတယ်လို့ ပြောပါတယ်။ နောက်ပြီး မြန်မာရဟတ်ယာဉ်မှူးကိုလည်း ထပ်ပြီး ရှာဖွေနေ ပါတယ်။ သူက မျက်စိဒဏ်ရာရနေတယ်လို့ ပြောပါတယ်။ သူ့ကို ထားရှိတဲ့နေရာလည်း သိထားတယ်လို့ ဆိုပါတယ်။ မျက်စိ ဒဏ်ရာကြောင့် လမ်းမလျှောက်နိုင်တာလို့ ပြောပါတယ်။ သူ့ကိုတော့ ရှာဖွေမှုတွေ လုပ်နေပါတယ်။ ဆေးအဖွဲ့ကိုလည်း အဆင်သင့်ပြင် ထားပါတယ်’’ဟု ကိုဘိုထွန်းက ပြောသည်။

7Day DAILY

No comments:

Post a Comment