Wednesday, October 8, 2014

အနိမ့်ဆုံး လုပ်အားခတွင် ထပ်ဆောင်းငွေများ မထည့်ရန် ဆွေးနွေး တောင်းဆိုမည်

Photo: အနိမ့်ဆုံး လုပ်အားခတွင် ထပ်ဆောင်းငွေများ မထည့်ရန် ဆွေးနွေး တောင်းဆိုမည်
Wednesday, October 8, 2014

အနိမ့်ဆုံးလစာ သတ်မှတ်ချက်တွင် ထပ်ဆောင်းငွေများ မထည့်သွင်းရန် အောက်တိုဘာ ၁၀ ရက် နေပြည်တော်တွင် ပြုလုပ်မည့် အနိမ့်ဆုံးလုပ်အားခ၊ လစာ သတ်မှတ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု အနည်းဆုံး အခကြေးငွေသတ်မှတ်မှုကော်မတီအဖွဲ့ဝင်  အလုပ်သမားကိုယ်စား လှယ် ကိုနော်အောင်က မဇ္ဈိမကို ပြောသည်။

အလုပ်သမားများ၏ လုပ်ခလစာနဲ့ နစ်နာကြေးကိစ္စ ဖြေရှင်းရန် အလုပ်သမား ညွှန်ချုပ်နှင့် ညှိနှိုင်းရာမှ ရဲများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ခြင်းအား စက်ရုံရှေ့တွင် ရှင်းပြနေခြင်းဖြစ်သည်။

ထပ်ဆောင်ငွေများဖြစ်သည့် ရက်မှန်ကြေး၊ အပိုထောက်ပံ့ကြေး၊ အပိုချိန်ကြေးနှင့် ရှားပါးစရိတ်များကို မထည့်သွင်းရန် အလုပ်မားတို့က လိုလားနေခြင်းဖြစ်သည်။

 “စက်ရုံ အလုပ်ရုံတွေမှာ ထပ်ဆောင်းငွေတွေဖြစ်တဲ့ ရက်မှန်ကြေးတွေ ပေါင်းပြီး ခုနှစ်သောင်းလောက်ရတာ။ အလုပ်ပျက်တာနဲ့ တစ်ခါဖြတ်တောက်လိုက်တော့ အလုပ်သမားတွေ လစာအပြည့် မရကြဘူး” ဟု ကိုနော်အောင်က ပြောသည်။

အနိမ့်ဆုံးလုပ်အားခ လစာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအမီ သတ်မှတ်ရန်နှင့် စက်တင်ဘာလ ပထမပတ်အတွင်း စတင်ကောက်ယူခဲ့သည့် လုပ်အားခ၊ လစာ သတ်မှတ်ရေး စစ်တမ်းပါ အချက်များကိုလည်းထည့်သွင်း ဆွေးနွေးကြမည်ဖြစ်သည်။

စစ်တမ်းကို တစ်လအတွင်း ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်ရှိသည့် မြို့နယ် ၁၄ ခုနှင့် အခြားပြည်နယ် နှင့် တိုင်းများအတွင်းရှိ စံပြရပ်ကွက်(သို့မဟုတ်)ကျေးရွာ သုံးခုတို့တွင် ကောက်ခံလျက်ရှိသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် တိုင်းနှင့် ပြည်နယ်အလိုက် ကုန်ကျစရိတ်မတူညီခြင်းကြောင့် နေရာဒေသအလိုက် သတ်မှတ်ခြင်း (သို့မဟုတ်) တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်မည်လားစသည့် မေးခွန်းပေါင်းများစွာ အဖြေရှာရန် အခက်အခဲ ဖြစ်နေသည်ဟုလည်း ကိုနော်အောင်က ပြောသည်။

Mizzima - News in Burmese 

လှိုင်သာယာမြို့နယ် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမားများကို ရှေ့၌ စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လှိုင်သာယာမြို့နယ် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမားများကို ရှေ့၌ စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အနိမ့်ဆုံးလစာ သတ်မှတ်ချက်တွင် ထပ်ဆောင်းငွေများ မထည့်သွင်းရန် အောက်တိုဘာ ၁၀ ရက် နေပြည်တော်တွင် ပြုလုပ်မည့် အနိမ့်ဆုံး လုပ်အားခ၊ လစာ သတ်မှတ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု အနည်းဆုံး အခကြေးငွေသတ်မှတ်မှုကော်မတီ အဖွဲ့ဝင်  အလုပ်သမားကိုယ်စား လှယ် ကိုနော်အောင်က မဇ္ဈိမကို ပြောသည်။
အလုပ်သမားများ၏ လုပ်ခလစာနဲ့ နစ်နာကြေးကိစ္စ ဖြေရှင်းရန် အလုပ်သမား ညွှန်ချုပ်နှင့် ညှိနှိုင်းရာမှ ရဲများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ခြင်းအား စက်ရုံရှေ့တွင် ရှင်းပြနေခြင်းဖြစ်သည်။

ထပ်ဆောင်ငွေများဖြစ်သည့် ရက်မှန်ကြေး၊ အပိုထောက်ပံ့ကြေး၊ အပိုချိန်ကြေးနှင့် ရှားပါးစရိတ်များကို မထည့်သွင်းရန် အလုပ်မားတို့က လို လားနေခြင်းဖြစ် သည်။

 “စက်ရုံ အလုပ်ရုံတွေမှာ ထပ်ဆောင်းငွေတွေဖြစ်တဲ့ ရက်မှန်ကြေးတွေ ပေါင်းပြီး ခုနှစ်သောင်းလောက်ရတာ။ အလုပ်ပျက်တာနဲ့ တစ်ခါဖြ တ်တောက် လိုက်တော့ အလုပ်သမားတွေ လစာအပြည့် မရကြဘူး” ဟု ကိုနော်အောင်က ပြောသည်။

အနိမ့်ဆုံးလုပ်အားခ လစာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအမီ သတ်မှတ်ရန်နှင့် စက်တင်ဘာလ ပထမပတ်အတွင်း စတင်ကောက်ယူခဲ့သည့် လုပ်အားခ၊ လစာ သတ်မှတ်ရေး စစ်တမ်းပါ အချက်များကိုလည်းထည့်သွင်း ဆွေးနွေးကြမည်ဖြစ်သည်။

စစ်တမ်းကို တစ်လအတွင်း ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်ရှိသည့် မြို့နယ် ၁၄ ခုနှင့် အခြားပြည်နယ် နှင့် တိုင်းများအတွင်းရှိ စံပြရပ်ကွက် (သို့မဟုတ်)ကျေးရွာ သုံးခုတို့တွင် ကောက်ခံလျက်ရှိသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် တိုင်းနှင့် ပြည်နယ်အလိုက် ကုန်ကျစရိတ်မတူညီခြင်းကြောင့် နေရာဒေသအလိုက် သတ်မှတ်ခြင်း (သို့မဟုတ်) တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်မည်လားစသည့် မေးခွန်းပေါင်းများစွာ အဖြေရှာရန် အခက်အခဲ ဖြစ်နေသည်ဟုလည်း ကိုနော်အောင်က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment