Thursday, October 9, 2014

ဗြိတိန်စုံတွဲအသတ်ခံရမှု စစ်ဆေးရာတွင် ထိုင်းရဲများ ညှဉ်းပန်းနှိပ်စက်ခဲ့ဟု မြန်မာလုပ်သားတစ်ဦး ထွက်ဆို

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် အသတ်ခံ ခဲ့ရသော ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်ဖြတ်ခဲ့ သည်ဟု စွပ်စွဲခံထားရသော မြန်မာနိုင်ငံသား နှစ် ဦးတွင် တစ်ဦးက ၄င်းတို့အား စစ်ဆေးမှုပြုလုပ် စဉ် နှိပ်စက်ညှဉ်းပန်းမှုများ ရှိခဲ့သည်ဟု ပြောကြား ခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ နှိပ်စက်ညှဉ်းပန်းမှု အဆိုအတွက် လွတ်လပ်စွာ စစ်ဆေးခွင့်ပြုရန် တောင်းဆိုထားပြီး ဖမ်းဆီးခံ ထားရသော မြန်မာနိုင်ငံသား နှစ်ဦးအတွက် တရား မျှတမှု မရှိမည်ကို စိုးရိမ်ပူပန်လျက် ရှိနေသည်ဟု သိရသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အာရှ-ပစိဖိတ်ရေးရာ ဒါရိုက်တာရစ်ချက် ဘန်းနက်က ထိုင်းအာဏာပိုင်များအနေဖြင့် ထိုင်း ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံထား သော မြန်မာနိုင်ငံသားနှစ်ဦးကို နှိပ်စက်ညှဉ်းပန်း မှု ရှိခဲ့သည်ဟူသော စွပ်စွဲချက်အတွက် လွတ်လပ် ပြီး ပွင့်လင်းမြင်သာမှုရှိသော စစ်ဆေးမှုပြုလုပ် ရမည်ဟု ပြောကြားခဲ့သည်။
ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကိုယ် စားလှယ်တစ်ဦး၏ ပြောကြားချက်ကို ဘန်ကောက် ပို့စ်က ရေးသားဖော်ပြခဲ့ရာတွင် လက်ရှိ ပြစ်မှု ကျူးလွန်ခဲ့သည်ဆိုကာ ဖမ်းဆီးထိန်းသိမ်းထား သူနှစ်ဦးမှ တစ်ဦးသည် ၄င်းအား ထိုင်းရဲများက ရိုက်နှက်ခြင်းနှင့် လျှပ်စစ်ရှော့ခ်ရိုက်ခြင်းများ ပြု လုပ်ခဲ့သည်ဟု သိရသည်။
မြန်မာသံရုံးမှ ငှားရမ်း ထားသောရှေ့နေ ကိုအောင်မျိုးသန့်က ဒီဗွီဘီ မြန်မာသတင်းဌာနသို့ ဖြေကြား ထားရာတွင် အ လောင်းစစ်ဆေးချက်နှင့် သက်သေခံ အထောက် အထားများမှာ ကွဲလွဲချက်များ ရှိနေသည်ဟု သိ ရသည်။
ရှေ့နေကိုအောင်မျိုးသန့်က ယင်းအ တွက်ယခုအမှုမှာ သက်သေအထောက်အထား ခိုင်လုံမှုမရှိဟု ဖြေကြားခဲ့သည်။
ခိုတောင်ကျွန်းမှ လူသတ်မှုအတွက် သံသယ ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်ခဲ့ သော မြန်မာ အလုပ်သမားတချို့ကလည်း ရဲများ က ၄င်းတို့ကို စစ်ဆေးရာတွင် ရိုက်နှက်မှုများနှင့် ရေနွေးပူဖြင့်လောင်း ချရန် ခြိမ်းခြောက်မှုများရှိ ခဲ့သည်ဟု စွပ်စွဲထားသည်။ ထိုင်းရဲများဘက်က မူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆန်ထားသည်။
မစ္စတာဘန်နက်က တရားခံများ ကိုစစ်ဆေးရာတွင် နှိပ်စက်ညှဉ်းပန်း မှုများရှိခဲ့သည်ဟူသော စွပ်စွဲချက်များ ကို ထိုင်းရဲများသာစစ်ဆေးခြင်းထက် လွတ်လပ်သော အဖွဲ့အစည်းတစ်ခုခု ဖြင့် စုံစမ်းစစ်ဆေးသင့်သည်ဟု ဆိုသည်။
ထိုင်းရဲချုပ် ဆွန်ယက်ပွန်ပန်မောင် ကမူ လူသတ်မှုဖြစ်ရပ်တွင် ရဲအရာရှိ များ၏ဆောင်ရွက်ချက်ကို ချီးကျူးခဲ့ပြီး ၄င်းတို့၏ ရဲအရာရှိများသည် တာဝန် ကို အကောင်းမွန်ဆုံး ကျေပွန်စွာထမ်း ဆောင်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံ ခဲ့သည့် မြန်မာအလုပ်သမားနှစ်ဦးကို ဝန်ခံခြင်းမပြုမီ နှိပ်စက် ညင်းပန်းမှု ရှိခဲ့ သည်ဟူသောစွပ်စွဲချက်ကိုလည်း ငြင်း ဆိုသွားခဲ့သည်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှား သောအဖွဲ့အစည်းများကမူ ထိုင်းရဲများ စစ်ဆေးရာတွင် နှိပ်စက်ညှဉ်းပန်းမှုရှိ ခဲ့သည် ဟူသောစွပ်စွဲချက်များကို စိုး ရိမ်ပူပန်လျက်ရှိကြောင်း ထုတ်ဖော်ပြော ကြားခဲ့ကြသည်။
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးသုတေသီ အန်ဒီဟော က မြန်မာလုပ်သားများကိုနှိပ်စက်ညှဉ်း ပန်းမှုရှိခဲ့သည်ဟူသောစွပ်စွဲချက်များ သည် လူသတ်မှုဖြစ်ရပ်အတွင်း ၄င်းတို့ အတွက် စဉ်းစားစရာများ ပိုဖြစ်စေခဲ့ သည်ဟုဆိုသည်။
အန်ဒီဟောက ယခုစွပ်စွဲချက်များ သည် လက်ရှိဖမ်းဆီးခံထားသော မြန် မာလုပ်သားနှစ်ဦးနှင့် သက်ဆိုင်မှု မရှိ ဘဲ ဖမ်းဆီးခံထားရသူနှစ်ဦးသည် ပြစ် မှုတွင် ဓားစာခံများဖြစ်သည် ဟုတ်မ ဟုတ်ကို လုံလောက်သော သက်သေအထောက်အထားများမတွေ့ရှိသေးဟုဆိုသည်။
ထိုင်းနိုင်ငံတွင် ယခင်က ရွေ့ပြောင်းအလုပ်သမားများသည် မကြာ ခဏခွဲခြားဆက်ဆံခံရခြင်းနှင့် ရာဇဝတ် မှုများတွင် ဓားစာခံများပြုလုပ်ခံရခြင်း များရှိခဲ့သည်။
သို့သော် ထိုင်းရဲများက အဆိုပါစွပ်စွဲချက်ကိုလည်း ငြင်းဆိုထား သည်။
TheYangonTimes

No comments:

Post a Comment