Tuesday, October 14, 2014

အစိုးရတပ်ထံမှ သိမ်းဆည်းမိသည့် လက်နက်အချို့ ဒီကေဘီအေပြန်အပ်

ဒီကေဘီအေက အစိုးရတပ်ထံမှ သိမ်းဆည်းခဲ့သည့် လက်နက်အချို့ကို  ကော့ကရိတ်မြို့ အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ် စကခ (၁၂) ထံသို့ ထပ်မံအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက် နံနက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)က လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရ ရုံးမှ အစိုးရအရာရှိတစ်ဦးကပြောသည်။



ပြန်အပ်သော လက်နက် များမှာ စက်တင်ဘာလအတွင်း က ကျိုက်မရောမြို့နယ်၌ အစိုးရ တပ်နှင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ဒီ ကေဘီအေက သိမ်းဆည်းခဲ့သည့် သေနတ်များဖြစ်သည်။ အောက်တိုဘာ ၆ ရက်ကလည်း စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၁၂) ထံသို့ပင်ဒီကေဘီအေက သေနတ်ခြောက် လက်ပေးအပ် ခဲ့သေးသည်။ ယခုထပ်၍အပ်နှံသော သေနတ်များမှာ ပထမအကြိမ်အပ်စဉ်က ကျန် သောသေနတ်များဖြစ်ကြောင်း သတင်းရရှိသည်။


အလယ်ဘိုတဲတွင် လက်နက်ကြီးကျခဲ့သောကြောင့် အရပ်သားငါးဦးသေဆုံးကာ ကိုးဦးဒဏ်ရာ ရခဲ့ပြီး ယင်းဖြစ်စဉ်မှာ ၎င်းတို့၏ လက်ချက်မဟုတ်ဘဲ ပြဿနာကို ပြေလည်အောင်သာ ညှိနှိုင်း အဖြေရှာနေကြောင်း ဒီမိုကရေစီအကျိုး ပြုကရင်တပ်မတော် (ဒီကေဘီအေ)မှဗိုလ်မှူးစောဆန်းအောင်က ဒီဗီဘီသတင်းဌာနသို့ ပြောထားသည်။

စက်တင်ဘာနှောင်းပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်းက မွန်နှင့် ကရင်ပြည်နယ်တို့တွင် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အချို့ပစ်ခတ်မှု များဖြစ်ခဲ့ပြီး ပြန်လည်တည်ငြိမ် နေရာမှ ယခုရက်ပိုင်းတွင် ကော့ ကရိတ်မြို့အနီးပတ်ဝန်းကျင်၌ အရပ်သားများ သေဆုံးသည် အထိတိုက်ပွဲများပြန်လည်ဖြစ်နေ သောကြောင့် ဒေသခံများအ ကြား စိုးရိမ်မှုများမြင့်တက်နေရ ကြောင်း ကော့ကရိတ်မြို့ခံ ဦး တင်ဝင်းလှိုင်ကပြောသည်။

7 Day Daily

No comments:

Post a Comment