Tuesday, October 14, 2014

အာရှယူ-၁၉ ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ တောင်ကိုရီးယား အုပ်စုအဆင့်မှ နှုတ်ဆက်

 အာရှယူ-၁၉ အုပ်စု (ဂ)နောက်ဆုံးပွဲစဉ်များအပြီးတွင် တရုတ်နှင့် ဂျပန်အသင်းတို့သည် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီး လက်ရှိချန်ပီယံ တောင်ကိုရီးယား အသင်း အုပ်စုအဆင့်မှ ထွက်ခွာ သွားရပြီဖြစ်သည်။
အောက်တိုဘာ ၁၃ ရက်က တစ်ပြိုင်နက် ကျင်းပခဲ့သည့် အုပ် စု (ဂ) နောက်ဆုံးပွဲစဉ်များတွင် ဂျပန်အသင်းက တောင်ကိုရီးယား အသင်းကို
(၂-၁) ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး တရုတ်အသင်းနှင့် ဗီ ယက်နမ်အသင်းတို့ ပွဲတွင် (၁-၁)ဂိုးဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ထို့ကြောင့် အုပ်စု (ဂ) နောက် ဆုံးပွဲစဉ်များအပြီးတွင် ဂျပန်အသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရ မှတ်ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ တရုတ်အသင်းက တစ်ပွဲနိုင်၊ နှစ် ပွဲသရေ၊ ရမှတ်ငါးမှတ်ဖြင့် အုပ်စု ဒုတိယနေရာဖြင့် ကွာတားအဆင့် သို့ တက်ရောက်သွားသည်။

သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်က စားခဲ့သည့် ပွဲတွင် ဗီယက်နမ်အ သင်းက ၂၀ မိနစ်တွင် ဦးဆောင် ဂိုးသွင်းယူကာ တရုတ်အသင်း အား စ၍ဖိအားပေးကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းပြီးခါနီး ၈၇ မိနစ်တွင် တရုတ်အသင်းက ချေပဂိုးရရှိခဲ့ခြင်းဖြစ်သည်။

ဝဏ္ဏသိဒ္ဓိကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် အာရှ ယူ-၁၉ ပြိုင်ပွဲတစ်လျှောက် ချန်ပီ ယံဆု ၁၂ ကြိမ်ရရှိထားကာ အ အောင်မြင်ဆုံး အသင်းဖြစ်သည့် တောင်ကိုရီးယားအသင်းမှာ ဂျပန် အသင်းကို (၁-၂) ဂိုးဖြင့်ရှုံးနိမ့် သွားသည့်အတွက် အုပ်စုအဆင့် မှ နှုတ်ဆက်သွားရသည်။

အုပ်စု (ဂ) မှ နောက်တစ် ဆင့်တက်ရောက်သွားသည့် တ ရုတ်နှင့် ဂျပန်အသင်းတို့သည် အုပ်စု (ဃ) မှ တက်ရောက်လာ မည့် အသင်းများနှင့် ကွာတားအ ဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ် သည်။ အုပ်စု (ဃ) နောက်ဆုံးပွဲ စဉ်များကို အောက်တိုဘာ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကာ တာနှင့် အိုမန်၊ မြောက်ကိုရီးယား နှင့် အီရတ်အသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

7 Day Daily

No comments:

Post a Comment