Thursday, October 16, 2014

နိုင်ငံရေးအင်အားစုတွေ့ဆုံပွဲများမှ ဆုံးဖြတ်ချက်များ ယနေ့အချိန်အထိ အကောင်အထည်မဖော်နိုင်သေး

နိုင်ငံရေးအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲများမှ ချမှတ်ထားသော ဆုံးဖြတ်ချက်များကို ယနေ့အချိန်ထိ အကောင်အထည် မဖော်နိုင်သေးဟု အဆိုပါဆုံးဖြတ်ချက်များချမှတ်ရာတွင် ပါဝင်သူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားလိုက်သည်။ပြီးခဲ့သည့် ရှစ်လေးလုံး (၂၅)နှစ်ပြည့်တွင် ဒီမိုကရေစီအင်အား စုများပါဝင်သော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲကြီးပြုလုပ်ခဲ့ပြီး အ ဆိုပါဆွေးနွေးပွဲမှ ရှေ့ဆက်လုပ် ဆောင်မည့် ဆုံးဖြတ် ချက်များကို ချမှတ်ခဲ့သော်လည်း ယခုအချိန် အထိ အကောင်အထည်ဖော်နိုင် ခြင်းမရှိသေးဟု ဦးစိုင်းညွန့်လွင် ကပြောကြားခြင်းဖြစ်သည်။ ‘‘အထူးသဖြင့်အားလုံးပါဝင် တဲ့ အမျိုးသားပြည်ထောင်စု နိုင်ငံ ရေးညီလာခံကြီးကျင်းပရေးဆို တာက ဒီနေ့ထိ လမ်းစရှာလို့မရတဲ့ အနေအထားပဲရှိနေပါသေး တယ်’’ဟု ဦးစိုင်းညွန့်လွင်ကဆိုသည်။ ရှစ်လေး လုံးငွေရတုအခမ်း အနားမှ အခြေခံဥပဒေပြင် ဆင် ရေး၊ ပြည်ထောင်စုညီလာခံကျင်း ပနိုင်ရေးစသည့် ဆုံးဖြတ်ချက်များ ကို အကောင်အထည်ဖော်ရန် ကော်မတီတစ်ခု ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိ သိသာသော အကောင် အထည်ဖော်နိုင်မှုမရှိသေးပေ
ဒီဆုံးဖြတ်ချက်တွေက ခြောက်လ၊ တစ်နှစ်အတွင်းမှာ လုပ်လို့ရတဲ့ဟာတွေ မဟုတ်ဘူး။ဒါကြောင့် တစ်နှစ်အတွင်းမှာ သိပ်မထိရောက်ဘူးဆိုပေမယ့် ဒါတွေက ရေရှည်လုပ်ရမယ့်အလုပ်ပါ။ ကျွန်တော်တို့အနေနဲ့လည်း ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် လိုအပ်တာတွေ အားလုံးလုပ်နေပါတယ်’’ဟု ငွေရတုဆုံးဖြတ်ချက် များ ဖော်ဆောင်ရေးကော်မတီမှ ဦးတိုးကျော်လှိုင်က 7 Day News အား ပြောကြားထားသည်။
နိုင်ငံတွင် ကြုံတွေ့နေရ သော အကျပ်အတည်းများအ တွက်လုံလောက်သော ဆွေးနွေး ပွဲများမရှိသကဲ့သို့ ပြီးခဲ့သော ဆွေးနွေးပွဲရလဒ်များကိုလည်း အကောင်အထည်ဖော်နိုင်မှု အား နည်းနေခြင်းဖြစ်ကြောင်း နိုင်ငံရေးခေါင်းဆောင် များ ကဆိုသည်။ဆွေးနွေးပွဲအခမ်းအနားများတွင် ပရိသတ်အများအပြားတက် ရောက်သော်လည်း နာမည်ကြီးလို၍ ပေါ်ပင် တက်ရောက်သူများ သာ များနေပြီး အခမ်းအနားပြီးဆုံး သည်အထိ မနေသူများပင်ရှိနေ ကြောင်းဆိုသည်။
လက်ရှိအချိန်တွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ပင် အောင်မြင်စွာ မချုပ်ဆိုနိုင် သေးသည့်အပြင် ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အခွင့်အရေးများ ပြည့်ဝစွာ မရရှိသေးချိန်ဖြစ်သော ကြောင့် ဒီမိုကရေစီအင်အားစု များအနေဖြင့် ဘုံသဘောတူညီ ချက်ရရှိရန် ကြိုးစားရမည်ဟု ရှစ်လေးလုံးကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်ခဲ့ပြီး လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆိုသည်။
နိုင်ငံရေး ပါတီများသည် လတ်တလောပြဿနာဖြစ်သည့် အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံ ရေးဆွေးနွေးပွဲအတွက် အကြို တွေ့ဆုံမှုများပြုလုပ်စဉ်တွင်ပင်ဘုံသဘောတူညီချက်မရသေးဘဲ ပါတီအလိုက် အဖွဲ့အစည်း အလိုက် နိုင်ငံရေးဆွေးနွေးပွဲ မူ ဘောင်ကို ရေးဆွဲနေကြခြင်းဖြစ် ကြောင်း သိရသည်။
Credit to 7day

No comments:

Post a Comment