Saturday, October 25, 2014

နှစ်ပေါင်း ၂ဝ ခန့် သုံးနိုင်ပြီး နှစ်မိနစ် အတွင်းပြန်လည် အားသွင်း နိုင် သည့် ဘက်ထရီသစ် တစ်မျိုး စင်ကာပူ သိပ္ပံ ပညာရှင်များ ထုတ်လုပ်

Photo: နှစ်ပေါင်း ၂ဝ ခန့် သုံးနိုင်ပြီး နှစ်မိနစ် အတွင်းပြန်လည် အားသွင်း နိုင် သည့် ဘက်ထရီသစ် တစ်မျိုး စင်ကာပူ သိပ္ပံ ပညာရှင်များ ထုတ်လုပ်
Saturday, October 25, 2014

စင်ကာပူနိုင်ငံ နန်ယန် နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် နှစ်မိနစ်ခန့် အားသွင်းရုံဖြင့် ၇ဝရာခိုင်နှုန်း အားပြည့်နိုင်သည့် လီသီယမ် အိုင်ယွန် ဘက်ထရီ တစ်မျိုးကို ထုတ်လုပ်ခဲ့ကြသည်ဟု သိရသည်။ လီသီယမ်အိုင်ယွန် ဘက်ထရီများကို ယေဘုယျအားဖြင့် တယ်လီဖုန်းများနှင့် Tablet များတွင် အသုံးပြုကြသည်။ သို့ရာတွင် ယခုထုတ်လုပ်နေသည့် လီသီယမ်အိုင်ယွန် ဘက်ထရီကို ဆယ်စုနှစ် နှစ်ခုကြာခန့်အထိ အသုံးပြုနိုင်အောင် သိပ္ပံ ပညာရှင်များက တီထွင် ထုတ်လုပ် ထားကြောင်း သိရသည်။

အဆိုပါ ဘက်ထရီသစ်များကို လျှပ်စစ်ကား စက်ရုံများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဘက်ထရီ ထည့်သွင်းထားသည့် လျှပ်စစ်ကားများ အနေဖြင့် လိုအပ်သည့် လျှပ်စစ်ဓာတ်များကိုအပြည့်အဝ ရရှိရန်အတွက် အချိန် ၁၅မိနစ်သာ ပေးရမည်ဖြစ်ပြီး ဓာတ်ဆီထည့်ရန်လည်း မလိုအပ်ခြင်းကြောင့် သုံးစွဲသူများ အတွက် အဆင်ပြေ နိုင်ကြောင်း၊ အဆိုပါ ဘက်ထရီသစ်များကို လာမည့် နှစ်နှစ်အတွင်း ဈေးကွက်အတွင်းသို့ ဖြန့်ချိ သွားမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။

မြ၀တီ
စင်ကာပူနိုင်ငံ နန်ယန် နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် နှစ်မိနစ်ခန့် အားသွင်းရုံဖြင့် ၇ဝရာခိုင်နှုန်း အားပြည့်နိုင်သည့် လီသီယမ် အိုင်ယွန် ဘက်ထရီ တစ်မျိုးကို ထုတ်လုပ်ခဲ့ကြသည်ဟု သိရသည်။ လီသီယမ်အိုင်ယွန် ဘက်ထရီများကို ယေဘုယျအားဖြင့် တယ်လီဖုန်းများနှင့် Tablet များတွင် အသုံးပြုကြသည်။ သို့ရာတွင် ယခုထုတ်လုပ်နေသည့် လီသီယမ်အိုင်ယွန် ဘက်ထရီကို ဆယ်စုနှစ် နှစ်ခုကြာခန့်အထိ အသုံးပြုနိုင်အောင် သိပ္ပံ ပညာရှင်များက တီထွင် ထုတ်လုပ် ထားကြောင်း သိရသည်။
အဆိုပါ ဘက်ထရီသစ်များကို လျှပ်စစ်ကား စက်ရုံများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဘက်ထရီ ထည့်သွင်းထားသည့် လျှပ်စစ် ကားများ အနေဖြင့် လိုအပ်သည့် လျှပ်စစ်ဓာတ်များကိုအပြည့်အဝ ရရှိရန်အတွက် အချိန် ၁၅မိနစ်သာ ပေးရမည်ဖြစ်ပြီး ဓာတ်ဆီထည့်ရန်လည်း မလိုအပ်ခြင်းကြောင့် သုံးစွဲသူများ အတွက် အဆင်ပြေ နိုင်ကြောင်း၊ အဆိုပါ ဘက်ထရီသစ်များကို လာမည့် နှစ်နှစ် အတွင်း ဈေးကွက် အတွင်းသို့ ဖြန့်ချိ သွားမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။

မြ၀တီ

No comments:

Post a Comment