Wednesday, October 1, 2014

ကျပ်ငါးထောင်တန် ငွေစက္ကူအတုများပြည်သူများလက်ဝယ် မရောက်ရှိရေး မည်သို့ကာကွယ်ပေးမှာလဲ

Photo: ကျပ်ငါးထောင်တန် ငွေစက္ကူအတုများပြည်သူများလက်ဝယ် မရောက်ရှိရေး
မည်သို့ကာကွယ်ပေးမှာလဲ
===================================================

ကုန်မြို့၏ နာမည်ကျော်ဈေးကြီး တစ်ခုအတွင်း ရာသီပေါ်သီးနှံများအား 
ရောင်းချနေသည်မှာ ဆယ်နှစ်ကာလ သို့ရောက်ရှိလာပြီဖြစ်သော်လည်း ¤င်း၏ဆက်ဆံရေးကောင်းမွန်မှု၊ ဖော်ရွေမှုတို့ကြောင့် ဈေးရောင်းချသူအချင်းချင်းနှင့်သာမက ဈေး ဝယ်သူများ၊ ဈေးတာဝန်ခံများနှင့် တစ်ကြိမ် တစ်ခါမျှ စကားများရန်ဖြစ်ခြင်းမရှိခဲ့ချေ။ 

သို့သော်လည်း ယခုတွင်မူ သူမလုပ်ခဲ့သော အကြောင်းအရာတစ်ခုကြောင့် ပြစ်မှုတစ်ခုခု အားကျူးလွန်သော တရားခံတစ်ယောက်ပမာ သူရဲစခန်းသို့ရောက်ရှိခဲ့ပြီး စစ်ဆေးခံနေရသည်။

သူဈေးရောင်းနေရာသို့ရဲတပ်ဖွဲ့ဝင်များ ရုတ်တရက်ရောက်ရှိလာပြီး စစ်ဆေးမေးမြန်း ရန်ရှိသည်ဟုဆိုကာ လာရောက်ခေါ်ယူသွားသည့် အတွက် အလွန်အမင်းအံ့အားသင့်ထိတ်လန့် တုန်လှုပ်သွားခဲ့ရသကဲ့သို့ အနေအထိုင်အေး ဆေးပြီး ရိုးရိုးသားသား ဈေးရောင်းချခြင်းဖြင့် မိသားစု ဝမ်းစာရေးအား ဖြေရှင်းနေသောသူ့ အား ယခုကဲ့သို့လာရောက် ဖမ်းဆီးခေါ်ဆောင် ခြင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိဈေးရောင်း ချသူများပါ အံ့အားသင့်ခဲ့ရသည်ဟု ရန်ကုန်မြို့ ၏ နာမည်ကျော်ဈေးကြီးတစ်ခုအနီး ရာသီပေါ် သစ်သီးဝလံများရောင်းချသည့် ကိုဝင်းလှိုင် (အမည်လွှဲ)ကဆိုသည်။

''အဲဒီနေ့ညနေပိုင်းကခါတိုင်းလိုပဲဒီနေရာ မှာ ဈေးရောင်းနေတုန်း ရဲတွေရောက်လာ တယ်။ အစတုန်းကတော့ သူတို့လဲကိုယ့် ဆီမှာ ဈေးလာဝယ်တာထင်ပြီး ဘာဝယ်မလဲ လို့မေးတော့ သူတို့က ခင်ဗျားဆီမှာငါးထောင် တန်အတုတွေရှိတယ်လို့သတင်းရတဲ့အတွက် စစ်ဆေးစရာရှိလို့ရဲစခန်းကိုလိုက်ခဲ့ပါဆိုပြီးလာပြောတယ်။ အဲဒီလိုပြောတော့ကျွန်တော် လည်း တော်တော်အံ့သြသွားတယ်။ ကျွန်တော် ဘာသာ ကောင်းရောင်းကောင်းဝယ်လုပ်စား နေတာ။ ကျွန်တော့်ဆီမှာ ငါးထောင်တန်အတု ဆိုတာလည်း ကြားသာကြားဘူးတာ။မြင်ဖူးတာ လည်းမဟုတ်ဘူး။ အခုကျွန်တော်ဆီကနေငါး ထောင်တန်အတုရတယ်ဆိုတော့ တော်တော် လန့်သွားတယ်။ နောက်တော့ကျွန်တော်ဆိုင် ကို ဘေးနားမှာရှိတဲ့ ဆိုင်နီးချင်းတွေကို ခဏ အပ်ပြီး ရဲစခန်းကိုလိုက်သွားတယ်။ ဟိုရောက် တော့အမှုစစ်က ငါးထောင်တန်တစ်ရွက်ကို ထုတ်ပြပြီး ဒီပိုက်ဆံက ခင်ဗျားဆီကနေရတယ် လို့ခင်ဗျားအကြွေသွားလဲတဲ့ဆိုင်ရှင်ကပြောတယ်။ ခင်ဗျားဒီငွေကိုဘယ်ကနေဘယ်လိုရတာလဲဆိုပြီး မေးတယ်။ ကျွန်တော်ကလဲ ဈေးသည်ဆိုတော့ လူပေါင်းစုံနဲ့ဆက်ဆံနေရတဲ့ အတွက် အဲဒီပိုက်ဆံဘယ်ကနေ ဘယ်လိုရလဲ ဆိုတာ တော်တော်လေးစဉ်းစားရတယ်။ နောက် တော့မှ အဲဒီနေ့ညနေ ၃ နာရီလောက်မှာ ကျွန် တော်ဆိုင်ကို တရုတ်လိုလိုနိုင်ငံခြားသားနှစ် ယောက်ရောက်လာပြီး ဈေးမဆစ်ဘဲ ငွေကျပ် နှစ်သောင်းဖိုးသစ်သီးတွေ ဝယ်သွားတာကို ပြန် သတိရသလို အဲဒီငွေနှစ်သောင်းကိုလည်း အဲဒီ လူတွေကပဲ ငါးထောင်တန် အသစ်လေးရွက် ကို ပေးခဲ့တယ်ဆိုတာသတိရပြီးအမှုစစ်ကိုပြော ပြခဲ့တယ်'' ဟု ၄င်းကြုံတွေ့ခဲ့ရသော ဖြစ်စဉ် အား ကိုဝင်းလှိုင်ကရှင်းပြသည်။

ထိုနောက် ၄င်းအားအမှုစစ်ရဲအရာရှိမှ ထိုငွေများကို ပေးခဲ့သူများ၏ ပုံပန်းသဏ္ဌာန် များအား စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ၄င်း အား ယင်းငွေစက္ကူများမှာ အတုဖြစ်ကြောင်း၊ လက်ဝယ်တွေ့ရှိပါက ဥပဒေကြောင်းအရ ထောင်ဒဏ်ချမှတ်သည်အထိအရေးယူခံရနိုင် ကြောင်း၊ သို့သော် ၄င်းမှာ ရိုးသား၍မသိနား မလည်သူတစ်ဦးဖြစ်ကြောင်းပတ်ဝန်းကျင်မှ ထွက်ဆိုခဲ့သည့်အပြင် ရောင်းမှားဝယ်မှားဖြစ် ခြင်းကြောင့် ယခုကဲ့သို့ကြုံတွေ့ခဲ့ရသည်ကို နား လည်သဘောပေါက်မိကြောင်း၊ နောင်တွင် ထိုသို့ငါးထောင်ကျပ်တန်ငွေစက္ကူအတုများတွေ့ ရှိပါက နီးစပ်ရာရဲစခန်းသို့ အမြန်ဆုံးအကြောင်း ကြားရန် ပြောဆိုကာ ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်တစ်ရက်တွင်ပြန်လွှတ်ပေးခဲ့သည်ဟု ယင်းကဆိုသည်။

''အမှန်အတိုင်းပြောရရင်တော့ ကိုယ်လုပ် တာမဟုတ်ဘဲနဲ့ဖြစ်သွားတာ။ ဒါပေမဲ့ ကိုယ်တိုင် မကျူးလွန်ရဘဲ အချုပ်ခန်းထဲမှာ တစ်ညအိပ်ခဲ့ရတယ်။ ဈေးရောင်းလဲပျက် ခဲ့ရသလို အိမ်ကလူတွေလဲ စိတ်သောက ရောက်ခဲ့ရတယ်။ ကျွန်တော်လိုအဖြစ်မျိုးတခြား သူတွေကိုလဲ မဖြစ်စေချင်ဘူးဗျာ။သာမန် လူတွေအနေနဲ့ကတော့ ဒီလောက်နည်းပညာ တိုးတက်နေတဲ့ခေတ်ကြီးမှာ ငွေအတုအစစ် ဆိုတာကို ဘယ်လိုမှ  အလွယ်တကူခွဲနိုင်တာ မျိုးမဟုတ်တော့ ငါးထောင်တန်ဆိုရင်သတိနဲ့ လက်ခံသင့်တယ်။ ကျွန်တော်ဆိုရင်ဒီလိုပြဿနာ ဖြစ်ပြီးကတည်းက ငါးထောင်တန်နဲ့ဈေးလာ ဝယ်ရင် သိပ်မရောင်းရဲတော့ဘူး'' ဟု ကိုဝင်းလှိုင် ကထပ်မံပြောသည်။

ငါးထောင်ကျပ်တန် အတုပြဿ     နာ  မှာ ဗဟိုဘဏ်မှ ငါးထောင်ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေပြီးနောက် ထွက်ပေါ်လာခဲ့ ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်ကဲ့သို့ မြို့ကြီး များတွင်သာမက ကျေးလက်ဒေသများသို့ပါ ပျံ့နှံ့လျက်ရှိသည်။

 ယင်းငွေစက္ကူအတုကြောင့် မသိနားမလည်ဘဲလက်ခံသုံးစွဲခဲ့သူများအနေ ဖြင့် လူမှုစီးပွားရေးဘဝများ ဆုံးရှုံးနစ်နာခဲ့ရ သည်မှာ မရေမတွက်နိုင်အောင် အများပင် ဖြစ်သည်။

သို့သော်ထိုငွေစက္ကူအတုများနှင့်ပတ်သက်၍သက်ဆိုင်ရာမှ ငွေစက္ကူအတုပြုလုပ် သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူလျက် ရှိသော်လည်း ဖမ်းဆီးရရှိမှုနှင့် ပြည်သူများ အတွင်း ပျံနှံ့လျက်ရှိသော ငါးထောင်ကျပ်တန် ငွေစက္ကူအတု ပမာဏနှင့်နှိုင်းယှဉ်ပါက မည်သို့ မျှ ပြောပလောက်သည့် အနေအထားက မရှိ သေးဟု စီးပွားရေးနှင့် ဥပဒေရေးအကြံပေး ပညာရှင် ဦးတင်မောင်သန်းက ဆိုသည်။

''ဒီမှာကငွေတုလုပ်တဲ့သူတွေကိုဖမ်းဆီး တယ် ဆိုပေမယ့် ထိထိရောက်ရောက်စုံစမ်း ဖော်ထုတ်တာမျိုး မတွေ့ရသေးဘူး။ လက်ရှိမှာ ကငွေတုတွေ့ရင်တွေ့တဲ့ငွေတုဘယ်နေရာကနေ ဘယ်လိုလာတယ်ဆိုတာကို ခြေရာခံပြီး လိုက်ဖမ်းတဲ့ အဆင့်ပုံစံမျိုးပဲရှိနေသေးတယ်။တကယ့်ကြီးကြီးမားမား လုပ်နေတဲ့သူတွေကို ဖမ်းမိတာမျိုးတော့မတွေ့ရသေးဘူး။ တခြား နိုင်ငံတွေမှာကတော့ငွေတုလုပ်တဲ့ဂိုဏ်းတွေ ကို အချိန်ယူ စုံစမ်းပြီးတစ်ခါတည်းအမြစ်ပြတ် ဖော်ထုတ်ဖမ်းဆီးတာမျိုးတွေရှိတယ်။ အခုက ဘယ်ကနေဝင်လာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ဝင်လာ တယ်ဆိုတာကို သက်ဆိုင်ရာကိုယ်တိုင်ကသိ ပေမယ့် ထိထိရောက်ရောက်မလုပ်သေးလို့ ငွေတု တွေကပြည်သူတွေကြားထဲနဲ့စီးပွားရေးလုပ် ငန်းတွေကြားထဲပျံ့နှံ့ပြီး လက်ဝယ်မှာရှိတဲ့သူ တွေပဲ နစ်နာဆုံးရှုံးနေရတာ'' ဟု ယင်းကဆို သည်။

ထို့အပြင် လက်ရှိပြဋ္ဌာန်းထားသော တည် ဆဲဥပဒေအရ စီးပွားရေးလုပ်ကိုင်ရာမှ တစ်ဆင့် ဖြစ်စေ၊ အရောင်းအဝယ်ပြုလုပ်ရာမှတစ်ဆင့် ဖြစ်စေ၊ လစာပေးချေမှုမှ တစ်ဆင့်ဖြစ်စေ မည် သည့်အကြောင်းကြောင့်နှင့်ဖြစ်စေပေးချေသော ငွေများတွင် ငါးထောင်ကျပ်တန်အတုများပါ လာခဲ့ပြီး ထိုငွေစက္ကူအတုများအား အတုအစစ် မသိရှိဘဲ လက်ဝယ်တွင် ရှိနေသည်ဖြစ်စေ၊အသုံးပြုသည်ဖြစ်စေ၊ အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များသို့ သွားရောက် အပ်နှံသည်ဖြစ်စေ  ငွေစက္ကူအတုအရေအတွက် များပြားစွာမသိ နားမလည်ဘဲငွေတုလက်ခံရရှိထားသူအားသက်ဆိုင်ရာမှ စစ်ဆေးတွေ့ရှိပါက ဦးစွာဖမ်း ဆီးအရေးယူခံရမည်ဖြစ်သည်။

 ထို့အပြင် ယင်း ငွေစက္ကူအတုများအား အတုမှန်းသိရှိသည့် အတွက် သက်ဆိုင်ရာသို့ သွားရောက်အပ်နှံ ပါကလည်း ထိုသို့သွားရောက်အပ်နှံသည့် အတွက် ယင်းငွေစက္ကူများနှင့်တန်ဖိုးညီမျှသော ငွေစက္ကူများအားရရှိနိုင်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော်အစိုးရပိုင်ဘဏ် များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၌ ငွေလာရောက် အပ်နှံရာတွင် ငွေတုများပါဝင်ပါက ယင်းငွေ စက္ကူ၏တစ်ဝက်အားဖြဲ၍ ကျန်တစ်ဝက်အား ပြန်ပေးခြင်း၊ ငွေစက္ကူအတုအားသုံးစွဲ၍မရ စေရန် အပေါက်များဖောက်ကာ ပိုင်ရှင်အား ပြန်ပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် လာရောက်အပ်နှံသောငွေအတုအရေ အတွက် များပါက သက်ဆိုင်ရာသို့အကြောင်း ကြားကာ လာရောက်အပ်နှံသူအား ဥပဒေ ကြောင်းအရ ထိုသက်ဆိုင်ရာ တာဝန်ရှိသူများ မှ ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု အစိုးရပိုင်ဘဏ်များနှင့်ပုဂ္ဂလိကပိုင်ဘဏ်များ မှသိရသည်။

ထို့အတွက် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ထုတ်ထားသော ငွေစက္ကူများအနက် ဒုတိယတန်ဖိုးအကြီးဆုံးဖြစ်သည့်ငါးထောင် ကျပ်တန်၏ငွေစက္ကူအတုသည် မသိနားမလည် သူ တစ်ဦးဦး၏ လက်ဝယ်တွင်ရှိနေပါက မည် သို့မျှ အသုံးမဝင်ဘဲ အချိန်မရွေးအန္တရာယ် ပေးနိုင်သော စက္ကူတစ်ရွက်သာ ဖြစ်နေသည့် အပြင် ထိုငွေတုအား လက်ခံရရှိထားသူမှာ မြွေပါလည်းဆုံး သားလည်းဆုံးဆိုသည်စကား ပုံပမာဆုံးရှုံးနစ်နာမှုအတိဖြင့်သာ ကြုံတွေ့ရ မည်သာဖြစ်သည်။ 

ယင်းအပြင် ထိုငွေစက္ကူ အတုကြောင့် နိုင်ငံတွင်းလက်ရှိထုတ်ဝေနေ သော ငွေကြေးများအပေါ် ပြည်သူလူထုအနေ ဖြင့် ယုံကြည်မှုကင်းမဲ့လာခြင်း၊ ငွေကြေးဖောင်း ပွမှုနှင့်ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းစီးပွားရေးပညာရှင်များကသုံးသပ်ပြောကြားသည်။

အလားတူ ငွေစက္ကူအတုများပြည်တွင်း ၌ပျံ့နှံ့မှုများလာပါက ကျပ်ငွေအပေါ် လူထု၏ ယုံကြည်မှုလျော့နည်းသွားပြီးစီးပွားရေးလုပ် ငန်းများတွင် အခက်အခဲ ကြုံတွေ့လာနိုင် ကြောင်း  နိုင်ငံတော်သမ္မတ၏လူမှုစီးပွားအကြံ ပေးအဖွဲ့ဝင် တစ်ဦးဖြစ်သော စီမံခန့်ခွဲရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

''ငွေစက္ကူဆိုတာက နိုင်ငံတော်ရဲ့အရေး ကြီးပစ္စည်းတစ်ခုနဲ့ အတူတူပဲ။ ငွေစက္ကူတစ်မျိုး ကို စထုတ်မယ်ဆိုတဲ့ အချိန်ကတည်းက အတု အပပြုလုပ်လို့မရအောင် လုံခြုံရေးစနစ်ကို စနစ်တကျလုပ်ခဲ့ရမှာ။ အခုကျတော့အဲဒီလို လုံခြုံရေးစနစ်ကိုသေချာမလုပ်ဘဲပေါ့ပေါ့တန် တန် လုပ်ခဲ့တဲ့အတွက် ငွေစက္ကူအတုတွေ ထွက်ပေါ်လာသလို အဲဒီငွေစက္ကူအတုတွေ ကြောင့် မသိနားမလည်တဲ့ ပြည်သူတွေပဲ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ကြုံတွေ့ရသလို နိုင်ငံရဲ့စီးပွားရေးမှာလည်း ငွေကြေးဖောင်း ပွမှုတွေဖြစ်ပြီး ကမောက်ကမတွေဖြစ်ကုန် တယ်။ နောက်ပြီး ဒီငွေအတုတွေကို မသိနား မလည်ဘဲ လက်ခံထားတဲ့ သူတွေအနေနဲ့ အတု မှန်းမသိလို့ ဆုံးရှုံးမှုတွေ အများကြီးဖြစ်ပေါ်ခဲ့ ပေမယ့် အတုမှန်းသိလို့ ဘဏ်ကိုသွားအပ်တဲ့ အချိန်ကျတော့လည်း ဆုံးရှုံးနစ်နာမှုရဲ့တစ်စိတ် တစ်ဒေသတောင်ပြန်မရဘူး။အမှန်တော့ဒီလို ဖြစ်ရတာက ဗဟိုဘဏ်က ငွေစက္ကူထုတ်တဲ့ အခါမှာ လုံခြုံရေးစနစ် တင်းကျပ်မှုမရှိခဲ့လို့၊ သက်ဆိုင်ရာအပိုင်းကလည်း ငွေတုလုပ်တဲ့သူတွေ ကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ မှုအပိုင်းတွေမှာအားနည်းခဲ့လို့ဖြစ်ရတာ''ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကံညွန့် ကဆိုသည်။

ယင်းအပြင် မကြာသေးမီနှစ် အတော အတွင်းက ထုတ်ဝေခဲ့သောငွေကျပ်တစ်သောင်း တန်များတွင်လည်း အတုများကိုလည်း ယခုအခါ တွေ့မြင်လာရကြောင်း၊ လတ်တလောအား ဖြင့် ငါးထောင်တန်အတုနှင့်တစ်သောင်းကျပ် တန်အတုများကို ယခုနှစ်ပိုင်းအတွင်း ပိုမို အတွေ့များလာကြောင်း၊ ယင်းငွေတုများအား ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တွေ့ရှိရပြီး ကာလာ ပရင်တာကဲ့သို့ ရောင်စုံမိတ္တူကူးစက်များဖြင့် ပြုလုပ်ထားသော ငွေစက္ကူအတုများအား အလွယ် တကူ ခွဲခြားနိုင်သော်လည်း အဆင့်မြင့် နည်းပညာများဖြင့် ပြုလုပ်ထားသော ငွေစက္ကူ အတုများကိုမူ မခွဲခြားနိုင်ချေ။ ငွေအတုအစစ် ခွဲခြားနိုင်သည့် ကျွမ်းကျင် သူပညာရှင်များသာ သိရှိနိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းဌာန၏ ငွေတုစစ်ဆေးရေးဌာနမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရသိရ သည်။

ထို့သို့ငါးထောင်ကျပ်တန်ငွေ စက္ကူအတု များနှင့် ပတ်သက်၍မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ငါးထောင်ကျပ်တန် ငွေစက္ကူများ အား စတင်ထုတ်ဝေခဲ့သည့် ၂ဝဝ၉ခုနှစ် အောက်တိုဘာ ၁ရက်မှ ၂ဝ၁၃ခုနှစ် ဇန်နဝါရီ လအထိ ငါးထောင်ကျပ်တန် ပမာဏတန်ဖိုး ငွေ ၂၈ဝဝ ဘီလီယံကျော် ထုတ်ဝေထားပြီး ဘဏ်များတွင် ငွေကြေးလည်ပတ်မှုအရ ငွေ စက္ကူအတုလက်ခံရရှိနိုင်မှုရှိသော်လည်း လှည့် လည်သုံးစွဲနိုင်သည့် ပမာဏ မရှိကြောင်း၊ ယင်းငါးထောင်တန်ငွေစက္ကူများအား စတင်  ထုတ်ဝေခဲ့သည့် အချိန်မှစ၍ ၂ဝ၁၃ခုနှစ် ဇန်နဝါရီလအထိ ငါးထောင်ကျပ်တန်ငွေစက္ကူ အတု ၃၇၅၈ရွက်၊ တန်ဖိုးအားဖြင့် ငွေကျပ် တန်ဖိုး ၁၈၇၉ဝဝဝဝအား လက်ခံရရှိပြီး မှုခင်းတပ်ဖွဲ့မှူးရုံးအား ပေးပို့ခဲ့ကြောင်း၊ ငါး ထောင်ကျပ်တန် ငွေစက္ကူအတုများသည် မြန် မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ တွင် မလည်ပတ်နိုင်သော်လည်း စီးပွားရေး လောကတွင် လည်ပတ်နိုင်သည့်အတွက် ဗဟို ဘဏ်၏ ငွေကြေးစီမံခန့်ခွဲမှုဌာန၏ငွေကြေး ဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်း များ အပိုဒ်-၄၁ပါ ပြဋ္ဌာန်းချက်များအတိုင်း အတုအစစ် ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်တိုင်ကြားအရေးယူခြင်း၊ အတုအစစ် ခွဲခြားသည့် စက်များအသုံးပြု ခြင်းတို့ဖြင့် ထိန်းချုပ်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ကပြည် သူ့ လွှတ်တော်အစည်းအဝေး တွင်ပြောကြား ခဲ့ကြောင်းသိရသည်။

သို့သော်ငွေတုများနှင့်ပတ်သက်၍ငွေတုစစ်ဆေးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဒီငွေတုပြဿ     နာမှာတကယ်တမ်းတာဝန်ရှိတာ ကတော့ ဗဟိုဘဏ်ပဲဗျ။ ငွေစက္ကူတွေကိုဗဟို ဘဏ်ကထုတ်တာဆိုတော့ ငွေအတုတွေထိန်း ချုပ်ဖို့ကိုလဲ ဗဟိုဘဏ်ကဦးဆောင်ပြီးဆောင် ရွက်ပေးရမယ်။ ကျွန်တော်တို့ဌာနအနေနဲ့က တော့ ငွေအတုတွေ့တယ်ဆိုရင် ဟုတ်၊မဟုတ် စနစ်တကျစစ်ဆေးပြီးခွဲခြားဆုံးဖြတ်ပေးရတာ ပဲရှိတယ်''ဟု ပြောသည်။

လက်ရှိတွင် ငါးထောင်ကျပ်တန်ငွေစက္ကူ အတုများအား ပြည်တွင်း၌ထုတ်လုပ်နေခြင်း များရှိသကဲ့သို့ ပြည်ပနိုင်ငံများမှတစ်ဆင့်ဝင် ရောက်လာသည်များကိုလည်းတွေ့ရှိရကြောင်း ယင်းကဆက်လက်ပြောသည်။

ထိုသို့သော အခြေအနေများကြောင့်မြန် မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်၏ဈေးကွက်စီးပွားရေးစနစ်ပီပြင် စွာဖြစ်ပေါ်လာ ရေးနှင့် ငွေရေးကြေးရေးစနစ် ခေတ်မီခိုင်မာ တိုးတက်လာစေရေးအတွက်  ဦးတည်ဆောင် ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီ အဆင့် မြင့်လုံခြုံမှု  အဆင့်အတန်းရှိသော ငွေစက္ကူများ ကို ထုတ်ဝေခဲ့ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ၂ဝဝ၉ခုနှစ်၊ အောက်တိုဘာ ၁ရက်တွင် ထုတ်ဝေခဲ့သော ငါးထောင်ကျပ်တန်ငွေစက္ကူ ၏ တရားဝင် လှည့်လည်သုံးစွဲငွေအဖြစ် တည် ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ၏လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည် အသွေးပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်းပိုမိုရှည်ကြာစေရန် နှင့် အတုအပပြု လုပ်ခြင်းမှ ကာကွယ်ရန်အလို့ငှာ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏မျက်နှာ ပြင်နှစ်ဖက်အား ဗားနစ် ( Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားသည့် ငါးထောင်ကျပ် တန် ငွေစက္ကူကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ  ၁ ရက်မှ စတင်၍ ထုတ်ဝေသွားမည် ဖြစ်ပါ ကြောင်း၊ ယင်းငွေစက္ကူအသစ်တွင်မူလ ငါး ထောင်ကျပ်တန် ငွေစက္ကူ၏မျက်နှာစာတွင် ဒေါင်လိုက် ထည့်သွင်းထားသောအကန့်လိုက် ဆစ်ပိုင်းပြီးမြှုပ်နှံထားသည့် လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအ သစ်ကို အကန့်လိုက်အဆစ်ပိုင်းပြီး ပြောင်း လဲထည့်သွင်းထားကြောင်း၊ယင်းလုံခြုံရေး ကြိုး အသစ်သည် ယခင်လုံခြုံရေးကြိုးထက် အရွယ် အစား ပိုမိုကြီးမား၍အရောင်လည်းပြောင်းလဲ နိုင်ပြီး ငွေစက္ကူအားကြည့်သည့် အနေအထား အပေါ် မူတည်၍ လုံခြုံရေးကြိုး၏အရောင် သည် ရွှေဝါရောင်မှ အစိမ်းရောင်သို့ ပြောင်း လဲနိုင်ကြောင်း၊ ငါးထောင်ကျပ်တန်ငွေစက္ကူ ၏မျက်နှာစာဖက်၊ လက်ယာဖက်အပိုင်းတွင် ပုံစံအသစ်ဖြင့်ပြုလုပ်ထားသည့် ဆင်ဖြူတော် ပုံ ရေစာပါရှိပြီး ငွေစက္ကူအားအလင်းရောင် တွင်ကြည့်ပါက ရေစာကို တွေ့နိုင်ကြောင်း၊ ငွေစက္ကူအား ဖုံးအုပ်ကာကွယ်ထားသည့် ဗားနစ် ( ဠမေညငျ့) အလွှာသည်ပြင်ပ မှ ရေခိုး ရေငွေ့များ၊ အရည်များနှင့် အရောင်စွန်း ထင်းနိုင်သော အရာများကြောင့် ငွေစက္ကူ၏အရည်အသွေးနိမ့်ကျ၍ ငွေစက္ကူပျက်စီး ခြင်းကို ကာကွယ်စေသဖြင့်  ငွေစက္ကူ၏အသုံး ပြုမှု သက်တမ်းကို ပိုမို ရှည်ကြာစေကြောင်း၊ ယခုထုတ်ဝေမည့် ငါးထောင်ကျပ်တန်ငွေ စက္ကူမှာ လုံခြုံရေးပုံစံသစ်၊ ရေစာသစ်၊ ငွေ စက္ကူမျက်နှာပြင်နှစ်ဖက်ကို ဗားနစ် ( ဠမေညငျ့) အလွှာဖြင့်ဖုံးအုပ်ကာကွယ်ထားခြင်းတို့မှ အပ ကျန်ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဌာန် နှင့် အရောင်သတ်မှတ်ချက်များသည် မူလငါး ထောင်ကျပ်တန်ငွေစက္ကူအတိုင်းဖြစ်ကြောင်း၊  လက်ရှိတရားဝင်လှည့်လည်သုံးစွဲလျက်ရှိ သော ငါးထောင်ကျပ်တန် ငွေစက္ကူများသည် လည်း တရားဝင်ငွေအဖြစ်ဆက်လက်တည်ရှိ မည်ဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ထား သည်။

ယင်းသို့ ဗဟိုဘဏ်မှ လုံခြုံရေးအဆင့်မြှင့် ထားသော ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်များထပ်မံထုတ်ဝေမည့် ကြေညာချက် နှင့်ပတ်သက်၍ ''အခု ဗဟိုဘဏ်ကလုံခြုံရေး စနစ်အဆင့်မြှင့်ထားတဲ့ ငါးထောင်တန်အ သစ်တွေထပ်ထုတ်မယ်ဆိုတဲ့နေရာမှာ ရည်ရွယ် ချက်နဲ့ လုပ်ကိုင်တဲ့စနစ်ကတော့ ကောင်းပါ တယ်။ ဒါပေမဲ့ ဒီငွေစက္ကူအသစ်တွေကို ဘယ်လောက်ပမာဏရိုက်ထုတ်သွားမယ် ဆိုတာနဲ့ လက်ရှိသုံးစွဲနေတဲ့ ငါးထောင်တန် တွေကို ဘယ်လိုသိမ်းဆည်းသွားမလဲဆိုတာ တော့ ဗဟိုဘဏ်ရဲ့ကြေညာချက်ထဲမှာ ပါဝင် တာမတွေ့ရတော လက်ရှိရှိနေတဲ့အတုတွေ ကလည်း မပျောက်အသစ်ကလည်း ထပ်ထွက် လာရင် ငွေကြေးဖောင်းပွမှုနှုန်းတွေပိုမိုမြင့် မားလာပြီး ကုန်ဈေးနှုန်းတွေတက်လာမှာကို တော့ စိုးရိမ်စရာရှိတယ်''ဟု စီးပွားရေးလုပ် ငန်းရှင်ဦးကံညွန့်က သုံးသပ်ပြောကြားသည်။

ယင်းအပြင် ထိုသို့ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်များထပ်မံထုတ်ဝေခြင်း ကြောင့် လက်ရှိအချိန်တွင်ငွေကြေးဖောင်းပွမှု ပြဿနာအားကြုံတွေ့လာနိုင်သကဲ့သို့ တိုင်း ပြည်၏စီးပွားရေးခိုင်မာတောင့်တင်းလာသည့် အချိန်၌ငွေကျုံ့မှုပြဿနာနှင့် ရင်ဆိုင်ရနိုင်သည့် အတွက် နှစ်ခါဆုံးရှုံးနိုင်သော အခြေအနေရှိ ကြောင်း၊ ငွေကြေးဖောင်းပွမှုနှင့် ငွေကျုံ့ခြင်း ဖြစ်ပေါ်မှုများလာပါက စစ်ပွဲတစ်ပွဲအားရှုံးသည် ထက်ကုန်ကျစရိတ်ပိုမိုများပြားကြောင်း၊ ဥပမာ အားဖြင့် ဂျပန်နိုင်ငံသည် ယခင်ကငွေစက္ကူ အများအပြားရိုက်နှိပ်ထုတ်ဝေခဲ့သည့် အတွက် ကြေးဖောင်းပွမှုများခဲ့ကြောင်း၊ ယခုအခါ ဂျပန် နိုင်ငံ၏စီးပွားရေးအခြေအနေမှာ များစွာတိုး တက်လာသော်လည်း ယခင်ကဖြစ်ပေါ်ခဲ့သော ငွေကြေးဖောင်းပွမှုများ၏ ဆန့်ကျင်ဖက်ဖြစ် သော ငွေကျုံမှုပြဿနာအားရင်ဆိုင်နေရ ကြောင်း စီးပွားရေးပညာရှင်ဦးတင်သန်းဦးက သုံးသပ်သည်။

''ငါးထောင်တန်အတုတွေပပျောက် အောင်ဆိုပြီး လုံခြုံရေးအဆင့်မြှင့်ထားတဲ့ ငါးထောင်တန်အသစ်တွေထပ်ထုတ်တာက ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာစေဖို့ ပိုမိုအား ပေးသလိုဖြစ်နေတဲ့အတွက် တိုင်းပြည်အတွက် ရော၊ ပြည်သူတွေအတွက်ပါမကောင်းဘူးလို့ တော့မြင်တယ်။ အမှန်ကတော့ ဒီလိုငွေကြေး တွေထပ်ထုတ်တာဟာ အစိုးရဘတ်ဂျက်လို
ငွေပြမှုကိုကာမိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်တာပါဘဲ။ ဒါပေမဲ့လည်းတစ်ဖက်က လည်း အတုတွေပေါ်နေတဲ့အချိန်မှာလုံခြုံ ရေးအဆင့်မြှင့်ထားတဲ့ ငွေစက္ကူအသစ်တွေထပ်ထုတ်ခြင်းအားဖြင့် ပြည်သူလူထုအနေနဲ့ ငွေတုကြောင့် ဆုံးရှုံးနစ်နာမှုနည်းသွားနိုင် တယ်လို့ ဗဟိုဘဏ်ကယူဆထားပုံရတယ်။ ဒါပေမဲ့ ဒီလိုလုံခြုံရေးအဆင့်မြှင့်ထားတဲ့ငွေ စက္ကူအသစ်တွေထုတ်တဲ့နေရာမှာ ယခင် ထုတ်ထားတဲ့ငွေတွေကို ပြန်လဲမပေးဘဲ ဆက်ပြီး သုံးစွဲခွင့်ပြုထားတဲ့အပေါ်မှာ ပြည် သူတွေအနေနဲ့ကတော့ စိုးရိမ်ပူပန်မှုတွေအပြည့်ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ ဗဟို ဘဏ်ကငွေစက္ကူအသစ်ထုတ်ရင် ယခင်ထုတ် ထားတဲ့ ငွေစက္ကူအဟောင်းတွေကို ဖြေးဖြေး ချင်းအသစ်နဲ့ အဟောင်းလဲပေးသွားရင်တော့ ပြဿနာမရှိနိုင်ဘူး။ ဒီလိုမဟုတ်ပဲ အသစ်နဲ့ အဟောင်းလည်းလဲ မပေးဘူးဆိုရင် ငွေတု ပြဿနာကို တစ်ဖက်ကစိုးရိမ်ပူပန်ရသလို တစ်ဖက်ကလည်း ယခင်ထုတ်ထားတဲ့ ငွေစက္ကူ တွေကို ပြန်သိမ်းခံရမှာကိုစိုးရိမ်နေတယ်။

 ဒါကလည်း မြန်မာနိုင်ငံမှာဗဟိုဘဏ်က ထုတ်ထားတဲ့ ငွေစက္ကူတွေကိုပဲ တရားမဝင် တော့ပါဘူးဆိုပြီး သုံးကြိမ်တိုင်တိုင်ဘာမှပြန် လဲလှယ်မပေးဘဲ ပြန်သိမ်းယူခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့လိုပဲ''ဟု ယင်းကဆိုသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံ တွင် ငွေစက္ကူအများအပြားအား မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေခဲ့သော်လည်း ယင်းသို့ထုတ်ဝေလိုက်သည့် တန်ဖိုးကြီးငွေကြေး များသည့် ဗဟိုဘဏ်မှထုတ်ဝေလိုက်သောငွေ စက္ကူများ၏ လုံခြုံရေးဆိုင်ရာအားနည်းချက် များရှိနေခြင်းကြောင့်သော်လည်းကောင်း၊ ငွေကြေးအတုပြုလုပ်သူများအားထိရောက်စွာစုံစမ်းဖော်ထုတ်အရေးယူမှု အပိုင်းတွင် အားနည်းနေခြင်းကြောင့် သော်လည်းကောင်း၊ ငွေစက္ကူအတုများနှင့် ပတ်သတ်၍ ပြည်သူသို့ အသိပညာပေးမှုနည်းပါးခြင်းကြောင့်သော်လည်းကောင်း ငွေကြေးအတု ပြုလုပ်သူများနှင့် ယင်းငွေအတုများကား ယနေ့တိုင် တည်ရှိ နေဆဲပင်ဖြစ်သည်။ 

ထို့အပြင် ငွေစက္ကူအတု များအားအကြောင်း အမျိုးမျိုးကြောင့် လက် ခံရရှိထားသူများမှာလည်း ရှိနိုင်မည်ဖြစ်သည်။ ထိုသူများမှတစ်ဆင့် ငွေစက္ကူ အတုများထပ် မံပြန့်ပွားမှုမရှိစေရေးအတွက် ယင်းတို့ လက်ဝယ် တွင် ရှိနေသော ငွေစက္ကူ များအားအတုဟု သိရှိပါက ယင်းတို့၏အသိစိတ်ဖြင့် ထိုငွေကြေး များအားမည်သည့်နေရာမှမည်သို့ရရှိခဲ့သည် ဟုဆိုကာ သက်ဆိုင်ရာသို့ လာရောက်အပ်နှံမည်ဆိုပါက ငွေစက္ကူအတုပြဿနာမှာ အ နည်းငယ်လျော့ကျသွား နိုင်မည်ဖြစ်သကဲ့သို့ ဗဟိုဘဏ်မှ အသစ်ထုတ်ဝေမည့် လုံခြုံရေးအဆင့်မြှင့်တင်ထားသော ငါးထောင်ကျပ်တန် ငွေစက္ကူကဲ့သို့သော အခြား ငွေစက္ကူများအား ထပ်မံထုတ်ဝေရာတွင်လည်း အသုံးပြုမည် ဆိုပါက ငွေတုပြဿနာမှာ အတန့်အသင့်ပြေ လည်သွားဖွယ်ရာရှိသည်။

 သို့သော် ငွေတု ပြဿနာများအား ပြေလည်စေရန်အတွက် လုံခြုံရေးအဆင့်မြှင့်ထားသော် ငါးထောင် ကျပ်တန်ငွေစက္ကူများအား ထပ်မံထုတ် ဝေသည်ဟု ဆိုသော်ငြား ယင်းထပ်မံထုတ် ဝေသော ငွေစက္ကူများကြောင့် ငွေကြေး ဖောင်း ပွမှုများမဖြစ်ပေါ်စေရေးအတွက် မည်ကဲ့သို့ ပြင်ဆင်ထားသည်ကို ဗဟိုဘဏ်မှတစ်ပါး သိနိုင်မည်မဟုတ်။

မည်သို့ပင်ဆိုစေ လုံခြုံရေးအဆင့်မြှင့် ထားသည့် ကျပ်ငါးထောင်တန်ငွေစက္ကူများ ကို ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ထုတ်ဝေလိုက်ခြင်းအတွက် ကြိုဆိုရမည်ဖြစ် သည်။ 

ထိုရည်ရွယ်ချက်များထဲတွင် အတုအ ပပြုလုပ်မှုမှ ကာကွယ်ရန် ဟူသောအချက်တစ် ချက်လည်း ပါဝင်ရာ နောင်ထုတ်မည့်ကျပ်ငါး ထောင်အသစ်များအတွက် အတုအပမရှိနိုင် တော့ဟု ယုံကြည်ရပေမည်။ 

သို့သော်ယခင် ထုတ်ဝေပြီးသော ကျပ်ငါးထောင်များနှင့်အ တူပါဝင်လာမည့် အတုအပများကိုမူ မည်သို့ ပပျောက်အောင်၊ မသိနားမလည်သူများ မ သုံးစွဲမိအောင် စီမံဆောင်ရွက်ပေးမည်ကိုကား ပြည်သူများ အထူးစိတ်ဝင်တစားရှိနေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

သူရိန်မိုး

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
ကုန်မြို့၏ နာမည်ကျော်ဈေးကြီး တစ်ခုအတွင်း ရာသီပေါ်သီးနှံများအား
ရောင်းချနေသည်မှာ ဆယ်နှစ်ကာလ သို့ရောက်ရှိလာပြီဖြစ်သော်လည်း ¤င်း၏ဆက်ဆံရေးကောင်း မွန်မှု၊ ဖော်ရွေမှုတို့ကြောင့် ဈေးရောင်းချသူအချင်းချင်းနှင့်သာမက ဈေး ဝယ်သူများ၊ ဈေးတာဝန်ခံ များနှင့် တစ်ကြိမ် တစ်ခါမျှ စကားများရန်ဖြစ်ခြင်းမရှိခဲ့ချေ။

သို့သော်လည်း ယခုတွင်မူ သူမလုပ်ခဲ့သော အကြောင်းအရာတစ်ခုကြောင့် ပြစ်မှုတစ်ခုခု အား ကျူးလွန်သော တရားခံတစ်ယောက်ပမာ သူရဲစခန်းသို့ရောက်ရှိခဲ့ပြီး စစ်ဆေးခံနေရသည်။

သူဈေးရောင်းနေရာသို့ရဲတပ်ဖွဲ့ဝင်များ ရုတ်တရက်ရောက်ရှိလာပြီး စစ်ဆေးမေးမြန်း ရန်ရှိသည်ဟု ဆိုကာ လာရောက်ခေါ်ယူသွားသည့် အတွက် အလွန်အမင်းအံ့အားသင့်ထိတ်လန့် တုန်လှုပ်သွားခဲ့ရသကဲ့သို့ အနေအထိုင်အေး ဆေးပြီး ရိုးရိုးသားသား ဈေးရောင်းချခြင်းဖြင့် မိသားစု ဝမ်းစာရေးအား ဖြေရှင်းနေသောသူ့ အား ယခုကဲ့သို့လာရောက် ဖမ်းဆီးခေါ်ဆောင် ခြင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိဈေးရောင်း ချသူများပါ အံ့အားသင့်ခဲ့ရသည်ဟု ရန်ကုန်မြို့ ၏ နာမည်ကျော်ဈေးကြီးတစ်ခုအနီး ရာသီပေါ် သစ်သီးဝလံများရောင်းချသည့် ကိုဝင်းလှိုင် (အမည်လွှဲ)ကဆိုသည်။

''အဲဒီနေ့ညနေပိုင်းကခါတိုင်းလိုပဲဒီနေရာ မှာ ဈေးရောင်းနေတုန်း ရဲတွေရောက်လာ တယ်။ အစတုန်း ကတော့ သူတို့လဲကိုယ့် ဆီမှာ ဈေးလာဝယ်တာထင်ပြီး ဘာဝယ်မလဲ လို့မေးတော့ သူတို့က ခင်ဗျားဆီမှာငါးထောင် တန်အတုတွေရှိတယ်လို့သတင်းရတဲ့အတွက် စစ်ဆေးစရာရှိလို့ရဲစခန်းကိုလိုက် ခဲ့ပါဆိုပြီးလာပြောတယ်။ အဲဒီလိုပြောတော့ကျွန်တော် လည်း တော်တော်အံ့သြသွားတယ်။ ကျွန်တော် ဘာသာ ကောင်းရောင်းကောင်းဝယ်လုပ်စား နေတာ။ ကျွန်တော့်ဆီမှာ ငါးထောင်တန်အတု ဆိုတာလည်း ကြားသာကြားဘူးတာ။မြင်ဖူးတာ လည်းမဟုတ်ဘူး။ အခုကျွန်တော်ဆီကနေငါး ထောင်တန်အတုရတယ်ဆိုတော့ တော်တော် လန့်သွားတယ်။ နောက်တော့ကျွန်တော်ဆိုင် ကို ဘေးနားမှာရှိတဲ့ ဆိုင်နီးချင်းတွေကို ခဏ အပ်ပြီး ရဲစခန်းကိုလိုက်သွားတယ်။ ဟိုရောက် တော့အမှုစစ်က ငါးထောင်တန်တစ်ရွက်ကို ထုတ်ပြပြီး ဒီပိုက်ဆံက ခင်ဗျားဆီကနေရတယ် လို့ခင်ဗျားအကြွေသွားလဲတဲ့ ဆိုင်ရှင်ကပြောတယ်။ ခင်ဗျားဒီငွေကိုဘယ်ကနေဘယ်လိုရတာလဲဆိုပြီး မေးတယ်။ ကျွန်တော်ကလဲ ဈေးသည်ဆိုတော့ လူပေါင်းစုံနဲ့ဆက်ဆံနေရတဲ့ အတွက် အဲဒီပိုက်ဆံဘယ်ကနေ ဘယ်လိုရလဲ ဆိုတာ တော်တော်လေးစဉ်းစားရတယ်။ နောက် တော့မှ အဲဒီနေ့ညနေ ၃ နာရီလောက်မှာ ကျွန် တော်ဆိုင်ကို တရုတ်လိုလိုနိုင်ငံခြားသားနှစ် ယောက်ရောက်လာပြီး ဈေးမဆစ်ဘဲ ငွေကျပ် နှစ်သောင်းဖိုးသစ်သီးတွေ ဝယ်သွားတာကို ပြန် သတိရသလို အဲဒီငွေနှစ်သောင်းကိုလည်း အဲဒီ လူတွေကပဲ ငါးထောင်တန် အသစ်လေးရွက် ကို ပေးခဲ့တယ်ဆိုတာသတိရပြီးအမှုစစ်ကိုပြော ပြခဲ့တယ်'' ဟု ၄င်းကြုံတွေ့ခဲ့ရသော ဖြစ်စဉ် အား ကိုဝင်းလှိုင်ကရှင်းပြသည်။

ထိုနောက် ၄င်းအားအမှုစစ်ရဲအရာရှိမှ ထိုငွေများကို ပေးခဲ့သူများ၏ ပုံပန်းသဏ္ဌာန် များအား စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ၄င်း အား ယင်းငွေစက္ကူများမှာ အတုဖြစ်ကြောင်း၊ လက်ဝယ်တွေ့ရှိပါက ဥပဒေကြောင်းအရ ထောင်ဒဏ်ချမှတ်သည်အထိအရေးယူခံရနိုင် ကြောင်း၊ သို့သော် ၄င်းမှာ ရိုးသား၍မသိနား မလည်သူတစ်ဦးဖြစ်ကြောင်းပတ်ဝန်းကျင်မှ ထွက်ဆိုခဲ့သည့်အပြင် ရောင်းမှားဝယ်မှားဖြစ် ခြင်းကြောင့် ယခုကဲ့သို့ကြုံတွေ့ခဲ့ရသည်ကို နား လည်သဘောပေါက်မိကြောင်း၊ နောင်တွင် ထိုသို့ငါးထောင်ကျပ်တန်ငွေစက္ကူအတုများတွေ့ ရှိပါက နီးစပ်ရာရဲစခန်းသို့ အမြန်ဆုံး အကြောင်း ကြားရန် ပြောဆိုကာ ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်တစ်ရက်တွင်ပြန်လွှတ်ပေး ခဲ့သည်ဟု ယင်းကဆိုသည်။

''အမှန်အတိုင်းပြောရရင်တော့ ကိုယ်လုပ် တာမဟုတ်ဘဲနဲ့ဖြစ်သွားတာ။ ဒါပေမဲ့ ကိုယ်တိုင် မကျူးလွန်ရဘဲ အချုပ်ခန်းထဲမှာ တစ်ညအိပ်ခဲ့ရတယ်။ ဈေးရောင်းလဲပျက် ခဲ့ရသလို အိမ်ကလူတွေလဲ စိတ်သောက ရောက်ခဲ့ရတယ်။ ကျွန်တော်လိုအဖြစ်မျိုးတခြား သူတွေကိုလဲ မဖြစ်စေချင်ဘူးဗျာ။သာမန် လူတွေအနေနဲ့ကတော့ ဒီလောက်နည်းပညာ တိုးတက်နေတဲ့ခေတ်ကြီးမှာ ငွေအတုအစစ် ဆိုတာကို ဘယ်လိုမှ အလွယ်တကူခွဲနိုင်တာ မျိုးမဟုတ်တော့ ငါးထောင်တန်ဆိုရင်သတိနဲ့ လက်ခံသင့်တယ်။ ကျွန်တော်ဆိုရင်ဒီလိုပြဿနာ ဖြစ်ပြီးကတည်းက ငါးထောင်တန်နဲ့ဈေးလာ ဝယ်ရင် သိပ်မရောင်းရဲတော့ဘူး'' ဟု ကိုဝင်းလှိုင် ကထပ်မံပြောသည်။

ငါးထောင်ကျပ်တန် အတုပြဿ နာ မှာ ဗဟိုဘဏ်မှ ငါးထောင်ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေပြီးနောက် ထွက်ပေါ်လာခဲ့ ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်ကဲ့သို့ မြို့ကြီး များတွင်သာမက ကျေးလက်ဒေသ များသို့ပါ ပျံ့နှံ့လျက်ရှိသည်။

ယင်းငွေစက္ကူအတုကြောင့် မသိနားမလည်ဘဲလက်ခံသုံးစွဲခဲ့သူများအနေ ဖြင့် လူမှုစီးပွားရေးဘဝများ ဆုံးရှုံးနစ်နာခဲ့ရ သည်မှာ မရေမတွက်နိုင်အောင် အများပင် ဖြစ်သည်။

သို့သော်ထိုငွေစက္ကူအတုများနှင့်ပတ်သက်၍သက်ဆိုင်ရာမှ ငွေစက္ကူအတုပြုလုပ် သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူလျက် ရှိသော်လည်း ဖမ်းဆီးရရှိမှုနှင့် ပြည်သူများ အတွင်း ပျံနှံ့လျက်ရှိသော ငါးထောင်ကျပ်တန် ငွေစက္ကူအတု ပမာဏနှင့်နှိုင်းယှဉ်ပါက မည်သို့ မျှ ပြောပလောက်သည့် အနေအထားက မရှိ သေးဟု စီးပွားရေးနှင့် ဥပဒေရေးအကြံပေး ပညာရှင် ဦးတင်မောင်သန်းက ဆိုသည်။

''ဒီမှာကငွေတုလုပ်တဲ့သူတွေကိုဖမ်းဆီး တယ် ဆိုပေမယ့် ထိထိရောက်ရောက်စုံစမ်း ဖော်ထုတ်တာမျိုး မတွေ့ရသေးဘူး။ လက်ရှိမှာ ကငွေတုတွေ့ရင်တွေ့တဲ့ငွေတုဘယ်နေရာကနေ ဘယ်လိုလာတယ် ဆိုတာကို ခြေရာခံပြီး လိုက်ဖမ်းတဲ့ အဆင့်ပုံစံမျိုးပဲရှိနေသေးတယ်။ တကယ့်ကြီးကြီးမားမား လုပ်နေတဲ့သူတွေကို ဖမ်းမိတာမျိုးတော့မတွေ့ရသေးဘူး။ တခြား နိုင်ငံတွေမှာကတော့ငွေတုလုပ်တဲ့ ဂိုဏ်းတွေ ကို အချိန်ယူ စုံစမ်းပြီးတစ်ခါတည်းအမြစ်ပြတ် ဖော်ထုတ်ဖမ်းဆီးတာမျိုးတွေရှိတယ်။ အခုက ဘယ်ကနေဝင်လာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ဝင်လာ တယ်ဆိုတာကို သက်ဆိုင်ရာကိုယ်တိုင်ကသိ ပေမယ့် ထိထိရောက်ရောက်မလုပ်သေးလို့ ငွေတု တွေကပြည်သူတွေကြားထဲနဲ့စီးပွားရေးလုပ် ငန်းတွေကြား ထဲပျံ့နှံ့ပြီး လက်ဝယ်မှာ ရှိတဲ့သူ တွေပဲ နစ်နာဆုံးရှုံးနေရတာ'' ဟု ယင်းကဆို သည်။

ထို့အပြင် လက်ရှိပြဋ္ဌာန်းထားသော တည် ဆဲဥပဒေအရ စီးပွားရေးလုပ်ကိုင်ရာမှ တစ်ဆင့် ဖြစ်စေ၊ အရောင်းအဝယ်ပြုလုပ်ရာမှတစ်ဆင့် ဖြစ်စေ၊ လစာပေးချေမှုမှ တစ်ဆင့်ဖြစ်စေ မည် သည့်အကြောင်း ကြောင့်နှင့်ဖြစ်စေပေးချေသော ငွေများတွင် ငါးထောင်ကျပ်တန်အတုများပါ လာခဲ့ပြီး ထိုငွေစက္ကူအတု များအား အတုအစစ် မသိရှိဘဲ လက်ဝယ်တွင် ရှိနေသည်ဖြစ်စေ၊အသုံးပြုသည်ဖြစ်စေ၊ အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များသို့ သွားရောက် အပ်နှံသည်ဖြစ်စေ ငွေစက္ကူအတုအရေအတွက် များပြားစွာမသိ နားမလည်ဘဲငွေတုလက်ခံရရှိထားသူအားသက်ဆိုင်ရာမှ စစ်ဆေးတွေ့ရှိပါက ဦးစွာဖမ်း ဆီးအရေး ယူခံရမည်ဖြစ်သည်။

ထို့အပြင် ယင်း ငွေစက္ကူအတုများအား အတုမှန်းသိရှိသည့် အတွက် သက်ဆိုင်ရာသို့ သွားရောက်အပ်နှံ ပါကလည်း ထိုသို့သွားရောက်အပ်နှံသည့် အတွက် ယင်းငွေစက္ကူများနှင့်တန်ဖိုးညီမျှသော ငွေစက္ကူများ အား ရရှိနိုင်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော်အစိုးရပိုင်ဘဏ် များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၌ ငွေလာရောက် အပ်နှံရာတွင် ငွေတုများပါဝင်ပါက ယင်းငွေ စက္ကူ၏တစ်ဝက်အားဖြဲ၍ ကျန်တစ်ဝက်အား ပြန်ပေးခြင်း၊ ငွေစက္ကူအတုအားသုံးစွဲ၍မရ စေရန် အပေါက်များဖောက်ကာ ပိုင်ရှင်အား ပြန်ပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် လာရောက်အပ်နှံသောငွေအတုအရေ အတွက် များပါက သက်ဆိုင်ရာသို့အကြောင်း ကြားကာ လာရောက်အပ်နှံသူအား ဥပဒေ ကြောင်းအရ ထိုသက်ဆိုင်ရာ တာဝန်ရှိသူများ မှ ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု အစိုးရပိုင်ဘဏ်များနှင့်ပုဂ္ဂလိကပိုင်ဘဏ်များ မှသိရသည်။

ထို့အတွက် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ထုတ်ထားသော ငွေစက္ကူများအနက် ဒုတိယတန်ဖိုးအကြီးဆုံးဖြစ်သည့်ငါးထောင် ကျပ်တန်၏ငွေစက္ကူအတုသည် မသိနားမလည် သူ တစ်ဦးဦး၏ လက်ဝယ်တွင်ရှိနေပါက မည် သို့မျှ အသုံးမဝင်ဘဲ အချိန်မရွေးအန္တရာယ် ပေးနိုင်သော စက္ကူတစ်ရွက်သာ ဖြစ်နေသည့် အပြင် ထိုငွေတုအား လက်ခံရရှိထားသူမှာ မြွေပါလည်းဆုံး သားလည်းဆုံးဆိုသည်စကား ပုံပမာဆုံးရှုံးနစ်နာမှုအတိဖြင့်သာ ကြုံတွေ့ရ မည်သာဖြစ်သည်။

ယင်းအပြင် ထိုငွေစက္ကူ အတုကြောင့် နိုင်ငံတွင်းလက်ရှိထုတ်ဝေနေ သော ငွေကြေးများအပေါ် ပြည်သူလူထုအနေ ဖြင့် ယုံကြည်မှုကင်းမဲ့လာခြင်း၊ ငွေကြေးဖောင်း ပွမှုနှင့်ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းစီးပွားရေးပညာရှင်များကသုံးသပ်ပြောကြားသည်။

အလားတူ ငွေစက္ကူအတုများပြည်တွင်း ၌ပျံ့နှံ့မှုများလာပါက ကျပ်ငွေအပေါ် လူထု၏ ယုံကြည်မှုလျော့နည်းသွားပြီးစီးပွားရေးလုပ် ငန်းများတွင် အခက်အခဲ ကြုံတွေ့လာနိုင် ကြောင်း နိုင်ငံတော်သမ္မတ၏လူမှုစီးပွားအကြံ ပေးအဖွဲ့ဝင် တစ်ဦးဖြစ်သော စီမံခန့်ခွဲရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

''ငွေစက္ကူဆိုတာက နိုင်ငံတော်ရဲ့အရေး ကြီးပစ္စည်းတစ်ခုနဲ့ အတူတူပဲ။ ငွေစက္ကူတစ်မျိုး ကို စထုတ်မယ်ဆိုတဲ့ အချိန်ကတည်းက အတု အပပြုလုပ်လို့မရအောင် လုံခြုံရေးစနစ်ကို စနစ်တကျလုပ်ခဲ့ရမှာ။ အခုကျတော့အဲဒီလို လုံခြုံရေးစနစ်ကိုသေချာမလုပ်ဘဲပေါ့ပေါ့တန် တန် လုပ်ခဲ့တဲ့အတွက် ငွေစက္ကူအတုတွေ ထွက်ပေါ်လာသလို အဲဒီငွေစက္ကူအတုတွေ ကြောင့် မသိနားမလည်တဲ့ ပြည်သူတွေပဲ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ကြုံတွေ့ရသလို နိုင်ငံရဲ့စီးပွားရေးမှာလည်း ငွေကြေးဖောင်း ပွမှုတွေဖြစ်ပြီး ကမောက်ကမတွေဖြစ်ကုန် တယ်။ နောက်ပြီး ဒီငွေအတုတွေကို မသိနား မလည်ဘဲ လက်ခံထားတဲ့ သူတွေအနေနဲ့ အတု မှန်းမသိလို့ ဆုံးရှုံးမှုတွေ အများကြီးဖြစ်ပေါ်ခဲ့ ပေမယ့် အတုမှန်းသိလို့ ဘဏ်ကိုသွားအပ်တဲ့ အချိန်ကျတော့လည်း ဆုံးရှုံးနစ်နာမှုရဲ့တစ်စိတ် တစ်ဒေသတောင်ပြန်မရဘူး။အမှန်တော့ဒီလို ဖြစ်ရတာက ဗဟိုဘဏ်က ငွေစက္ကူထုတ်တဲ့ အခါမှာ လုံခြုံရေးစနစ် တင်းကျပ်မှုမရှိခဲ့လို့၊ သက်ဆိုင်ရာအပိုင်းကလည်း ငွေတုလုပ်တဲ့သူတွေ ကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ မှုအပိုင်းတွေမှာအားနည်းခဲ့လို့ဖြစ်ရတာ''ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကံညွန့် ကဆိုသည်။

ယင်းအပြင် မကြာသေးမီနှစ် အတော အတွင်းက ထုတ်ဝေခဲ့သောငွေကျပ်တစ်သောင်း တန်များတွင်လည်း အတုများကိုလည်း ယခုအခါ တွေ့မြင်လာရကြောင်း၊ လတ်တလောအား ဖြင့် ငါးထောင်တန်အတုနှင့်တစ်သောင်းကျပ် တန်အတုများကို ယခုနှစ်ပိုင်းအတွင်း ပိုမို အတွေ့များလာကြောင်း၊ ယင်းငွေတုများအား ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တွေ့ရှိရပြီး ကာလာ ပရင်တာကဲ့သို့ ရောင်စုံမိတ္တူကူးစက်များဖြင့် ပြုလုပ်ထားသော ငွေစက္ကူအတုများအား အလွယ် တကူ ခွဲခြားနိုင်သော်လည်း အဆင့်မြင့် နည်းပညာများဖြင့် ပြုလုပ်ထားသော ငွေစက္ကူ အတုများကိုမူ မခွဲခြားနိုင်ချေ။ ငွေအတုအစစ် ခွဲခြားနိုင်သည့် ကျွမ်းကျင် သူပညာရှင်များသာ သိရှိနိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းဌာန၏ ငွေတုစစ်ဆေးရေးဌာနမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရသိရ သည်။

ထို့သို့ငါးထောင်ကျပ်တန်ငွေ စက္ကူအတု များနှင့် ပတ်သက်၍မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ငါးထောင်ကျပ်တန် ငွေစက္ကူများ အား စတင်ထုတ်ဝေခဲ့သည့် ၂ဝဝ၉ခုနှစ် အောက်တိုဘာ ၁ရက်မှ ၂ဝ၁၃ခုနှစ် ဇန်နဝါရီ လအထိ ငါးထောင်ကျပ်တန် ပမာဏတန်ဖိုး ငွေ ၂၈ဝဝ ဘီလီယံကျော် ထုတ်ဝေထားပြီး ဘဏ်များတွင် ငွေကြေးလည်ပတ်မှုအရ ငွေ စက္ကူအတုလက်ခံရရှိနိုင်မှုရှိသော်လည်း လှည့် လည်သုံးစွဲနိုင်သည့် ပမာဏ မရှိကြောင်း၊ ယင်းငါးထောင်တန်ငွေစက္ကူများအား စတင် ထုတ်ဝေခဲ့သည့် အချိန်မှစ၍ ၂ဝ၁၃ခုနှစ် ဇန်နဝါရီလအထိ ငါးထောင်ကျပ်တန်ငွေစက္ကူ အတု ၃၇၅၈ရွက်၊ တန်ဖိုးအားဖြင့် ငွေကျပ် တန်ဖိုး ၁၈၇၉ဝဝဝဝအား လက်ခံရရှိပြီး မှုခင်းတပ်ဖွဲ့မှူးရုံးအား ပေးပို့ခဲ့ကြောင်း၊ ငါး ထောင်ကျပ်တန် ငွေစက္ကူအတုများသည် မြန် မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ တွင် မလည်ပတ်နိုင်သော်လည်း စီးပွားရေး လောကတွင် လည်ပတ်နိုင်သည့်အတွက် ဗဟို ဘဏ်၏ ငွေကြေးစီမံခန့်ခွဲမှုဌာန၏ငွေကြေး ဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်း များ အပိုဒ်-၄၁ပါ ပြဋ္ဌာန်းချက်များအတိုင်း အတုအစစ် ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်တိုင်ကြားအရေးယူခြင်း၊ အတုအစစ် ခွဲခြားသည့် စက်များအသုံးပြု ခြင်းတို့ဖြင့် ထိန်းချုပ်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ကပြည် သူ့ လွှတ်တော်အစည်းအဝေး တွင်ပြောကြား ခဲ့ကြောင်းသိရသည်။

သို့သော်ငွေတုများနှင့်ပတ်သက်၍ငွေတုစစ်ဆေးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဒီငွေတုပြဿ နာမှာတကယ်တမ်းတာဝန်ရှိတာ ကတော့ ဗဟိုဘဏ်ပဲဗျ။ ငွေစက္ကူတွေကိုဗဟို ဘဏ်ကထုတ်တာဆိုတော့ ငွေအတုတွေထိန်း ချုပ်ဖို့ကိုလဲ ဗဟိုဘဏ်ကဦးဆောင်ပြီးဆောင် ရွက်ပေးရမယ်။ ကျွန်တော်တို့ဌာနအနေနဲ့က တော့ ငွေအတုတွေ့တယ်ဆိုရင် ဟုတ်၊မဟုတ် စနစ်တကျစစ်ဆေးပြီးခွဲခြားဆုံးဖြတ်ပေးရတာ ပဲရှိတယ်''ဟု ပြောသည်။

လက်ရှိတွင် ငါးထောင်ကျပ်တန်ငွေစက္ကူ အတုများအား ပြည်တွင်း၌ထုတ်လုပ်နေခြင်း များရှိသကဲ့သို့ ပြည်ပနိုင်ငံများမှတစ်ဆင့်ဝင် ရောက်လာသည်များကိုလည်းတွေ့ရှိရကြောင်း ယင်းကဆက်လက်ပြောသည်။

ထိုသို့သော အခြေအနေများကြောင့်မြန် မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်၏ဈေးကွက်စီးပွားရေးစနစ်ပီပြင် စွာဖြစ်ပေါ်လာ ရေးနှင့် ငွေရေးကြေးရေးစနစ် ခေတ်မီခိုင်မာ တိုးတက်လာစေရေးအတွက် ဦးတည်ဆောင် ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီ အဆင့် မြင့်လုံခြုံမှု အဆင့်အတန်းရှိသော ငွေစက္ကူများ ကို ထုတ်ဝေခဲ့ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ၂ဝဝ၉ခုနှစ်၊ အောက်တိုဘာ ၁ရက်တွင် ထုတ်ဝေခဲ့သော ငါးထောင်ကျပ်တန်ငွေစက္ကူ ၏ တရားဝင် လှည့်လည်သုံးစွဲငွေအဖြစ် တည် ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ၏လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည် အသွေးပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်းပိုမိုရှည်ကြာစေရန် နှင့် အတုအပပြု လုပ်ခြင်းမှ ကာကွယ်ရန်အလို့ငှာ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏မျက်နှာ ပြင်နှစ်ဖက်အား ဗားနစ် ( Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားသည့် ငါးထောင်ကျပ် တန် ငွေစက္ကူကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ ထုတ်ဝေသွားမည် ဖြစ်ပါ ကြောင်း၊ ယင်းငွေစက္ကူအသစ်တွင်မူလ ငါး ထောင်ကျပ်တန် ငွေစက္ကူ၏မျက်နှာစာတွင် ဒေါင်လိုက် ထည့်သွင်းထားသောအကန့်လိုက် ဆစ်ပိုင်းပြီးမြှုပ်နှံထားသည့် လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအ သစ်ကို အကန့်လိုက်အဆစ်ပိုင်းပြီး ပြောင်း လဲထည့်သွင်းထားကြောင်း၊ယင်းလုံခြုံရေး ကြိုး အသစ်သည် ယခင်လုံခြုံရေးကြိုးထက် အရွယ် အစား ပိုမိုကြီးမား၍အရောင်လည်းပြောင်းလဲ နိုင်ပြီး ငွေစက္ကူအားကြည့်သည့် အနေအထား အပေါ် မူတည်၍ လုံခြုံရေးကြိုး၏အရောင် သည် ရွှေဝါရောင်မှ အစိမ်းရောင်သို့ ပြောင်း လဲနိုင်ကြောင်း၊ ငါးထောင်ကျပ်တန်ငွေစက္ကူ ၏မျက်နှာစာဖက်၊ လက်ယာဖက်အပိုင်းတွင် ပုံစံအသစ်ဖြင့်ပြုလုပ်ထားသည့် ဆင်ဖြူတော် ပုံ ရေစာပါရှိပြီး ငွေစက္ကူအားအလင်းရောင် တွင်ကြည့်ပါက ရေစာကို တွေ့နိုင်ကြောင်း၊ ငွေစက္ကူအား ဖုံးအုပ်ကာကွယ်ထားသည့် ဗားနစ် ( ဠမေညငျ့) အလွှာသည်ပြင်ပ မှ ရေခိုး ရေငွေ့များ၊ အရည်များနှင့် အရောင်စွန်း ထင်းနိုင်သော အရာများကြောင့် ငွေစက္ကူ၏အရည်အသွေးနိမ့်ကျ၍ ငွေစက္ကူပျက်စီး ခြင်းကို ကာကွယ်စေသဖြင့် ငွေစက္ကူ၏အသုံး ပြုမှု သက်တမ်းကို ပိုမို ရှည်ကြာစေကြောင်း၊ ယခုထုတ်ဝေမည့် ငါးထောင်ကျပ်တန်ငွေ စက္ကူမှာ လုံခြုံရေးပုံစံသစ်၊ ရေစာသစ်၊ ငွေ စက္ကူမျက်နှာပြင်နှစ်ဖက်ကို ဗားနစ် ( ဠမေညငျ့) အလွှာဖြင့်ဖုံးအုပ်ကာကွယ်ထားခြင်းတို့မှ အပ ကျန်ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဌာန် နှင့် အရောင်သတ်မှတ်ချက်များသည် မူလငါး ထောင်ကျပ်တန်ငွေစက္ကူအတိုင်းဖြစ်ကြောင်း၊ လက်ရှိတရားဝင်လှည့်လည်သုံးစွဲလျက်ရှိ သော ငါးထောင်ကျပ်တန် ငွေစက္ကူများသည် လည်း တရားဝင်ငွေအဖြစ်ဆက်လက်တည်ရှိ မည်ဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ထား သည်။

ယင်းသို့ ဗဟိုဘဏ်မှ လုံခြုံရေးအဆင့်မြှင့် ထားသော ငါးထောင်ကျပ်တန်ငွေ စက္ကူအသစ်များထပ်မံထုတ်ဝေမည့် ကြေညာချက် နှင့်ပတ်သက်၍ ''အခု ဗဟိုဘဏ်ကလုံခြုံရေး စနစ်အဆင့်မြှင့်ထားတဲ့ ငါးထောင်တန်အ သစ်တွေထပ်ထုတ်မယ်ဆိုတဲ့နေရာမှာ ရည်ရွယ် ချက်နဲ့ လုပ်ကိုင်တဲ့စနစ်ကတော့ ကောင်းပါ တယ်။ ဒါပေမဲ့ ဒီငွေစက္ကူအသစ်တွေကို ဘယ်လောက်ပမာဏရိုက်ထုတ်သွားမယ် ဆိုတာနဲ့ လက်ရှိသုံးစွဲနေတဲ့ ငါးထောင်တန် တွေကို ဘယ်လိုသိမ်းဆည်းသွားမလဲဆိုတာ တော့ ဗဟိုဘဏ်ရဲ့ကြေညာချက်ထဲမှာ ပါဝင် တာမတွေ့ရတော လက်ရှိရှိနေတဲ့အတုတွေ ကလည်း မပျောက်အသစ်ကလည်း ထပ်ထွက် လာရင် ငွေကြေးဖောင်းပွမှုနှုန်းတွေပိုမိုမြင့် မားလာပြီး ကုန်ဈေးနှုန်းတွေတက်လာမှာကို တော့ စိုးရိမ်စရာရှိတယ်''ဟု စီးပွားရေးလုပ် ငန်းရှင်ဦးကံညွန့်က သုံးသပ်ပြောကြားသည်။

ယင်းအပြင် ထိုသို့ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်များထပ်မံထုတ်ဝေခြင်း ကြောင့် လက်ရှိအချိန်တွင်ငွေကြေးဖောင်းပွမှု ပြဿနာအားကြုံတွေ့လာနိုင်သကဲ့သို့ တိုင်း ပြည်၏စီးပွားရေးခိုင်မာတောင့်တင်းလာသည့် အချိန်၌ငွေကျုံ့မှုပြဿနာနှင့် ရင်ဆိုင်ရနိုင်သည့် အတွက် နှစ်ခါဆုံးရှုံးနိုင်သော အခြေအနေရှိ ကြောင်း၊ ငွေကြေးဖောင်းပွမှုနှင့် ငွေကျုံ့ခြင်း ဖြစ်ပေါ်မှုများလာပါက စစ်ပွဲတစ်ပွဲအားရှုံးသည် ထက်ကုန်ကျစရိတ်ပိုမိုများပြားကြောင်း၊ ဥပမာ အားဖြင့် ဂျပန်နိုင်ငံသည် ယခင်ကငွေစက္ကူ အများအပြားရိုက်နှိပ်ထုတ်ဝေခဲ့သည့် အတွက် ကြေးဖောင်းပွမှုများခဲ့ကြောင်း၊ ယခုအခါ ဂျပန် နိုင်ငံ၏စီးပွားရေးအခြေအနေမှာ များစွာတိုး တက်လာသော်လည်း ယခင်ကဖြစ်ပေါ်ခဲ့သော ငွေကြေးဖောင်းပွမှုများ၏ ဆန့်ကျင်ဖက်ဖြစ် သော ငွေကျုံမှုပြဿနာအားရင်ဆိုင်နေရ ကြောင်း စီးပွားရေး ပညာရှင် ဦးတင်သန်းဦးက သုံးသပ်သည်။

''ငါးထောင်တန်အတုတွေပပျောက် အောင်ဆိုပြီး လုံခြုံရေးအဆင့်မြှင့်ထားတဲ့ ငါးထောင်တန်အသစ်တွေ ထပ်ထုတ်တာက ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာစေဖို့ ပိုမိုအား ပေးသလိုဖြစ်နေတဲ့အတွက် တိုင်းပြည်အတွက် ရော၊ ပြည်သူတွေအတွက်ပါမကောင်းဘူးလို့ တော့မြင်တယ်။ အမှန်ကတော့ ဒီလိုငွေကြေး တွေ ထပ်ထုတ်တာဟာ အစိုးရဘတ်ဂျက်လို
ငွေပြမှုကိုကာမိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်တာပါဘဲ။ ဒါပေမဲ့လည်းတစ်ဖက်က လည်း အတုတွေပေါ်နေတဲ့အချိန်မှာလုံခြုံ ရေးအဆင့်မြှင့်ထားတဲ့ ငွေစက္ကူအသစ်တွေထပ်ထုတ်ခြင်းအားဖြင့် ပြည်သူလူထုအနေနဲ့ ငွေတုကြောင့် ဆုံးရှုံးနစ်နာမှုနည်းသွားနိုင် တယ်လို့ ဗဟိုဘဏ်ကယူဆထားပုံရတယ်။ ဒါပေမဲ့ ဒီလိုလုံခြုံရေးအဆင့်မြှင့်ထားတဲ့ငွေ စက္ကူအသစ်တွေထုတ်တဲ့နေရာမှာ ယခင် ထုတ်ထားတဲ့ငွေတွေကို ပြန်လဲမပေးဘဲ ဆက်ပြီး သုံးစွဲခွင့်ပြုထားတဲ့အပေါ်မှာ ပြည် သူတွေအနေနဲ့ကတော့ စိုးရိမ်ပူပန်မှုတွေအပြည့်ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ ဗဟို ဘဏ်ကငွေစက္ကူအသစ်ထုတ်ရင် ယခင်ထုတ် ထားတဲ့ ငွေစက္ကူအဟောင်းတွေကို ဖြေးဖြေး ချင်းအသစ်နဲ့ အဟောင်းလဲပေးသွားရင်တော့ ပြဿနာမရှိနိုင်ဘူး။ ဒီလိုမဟုတ်ပဲ အသစ်နဲ့ အဟောင်းလည်းလဲ မပေးဘူးဆိုရင် ငွေတု ပြဿနာကို တစ်ဖက်ကစိုးရိမ်ပူပန်ရသလို တစ်ဖက်ကလည်း ယခင်ထုတ်ထားတဲ့ ငွေစက္ကူ တွေကို ပြန်သိမ်းခံရမှာကိုစိုးရိမ်နေတယ်။

ဒါကလည်း မြန်မာနိုင်ငံမှာဗဟိုဘဏ်က ထုတ်ထားတဲ့ ငွေစက္ကူတွေကိုပဲ တရားမဝင် တော့ပါဘူးဆိုပြီး သုံးကြိမ်တိုင်တိုင်ဘာမှပြန် လဲလှယ်မပေးဘဲ ပြန်သိမ်းယူခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့လိုပဲ''ဟု ယင်းကဆိုသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံ တွင် ငွေစက္ကူအများအပြားအား မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေခဲ့သော်လည်း ယင်းသို့ထုတ်ဝေလိုက်သည့် တန်ဖိုးကြီးငွေကြေး များသည့် ဗဟိုဘဏ်မှ ထုတ်ဝေလိုက်သောငွေ စက္ကူများ၏ လုံခြုံရေးဆိုင်ရာအားနည်းချက် များရှိနေခြင်းကြောင့်သော် လည်းကောင်း၊ ငွေကြေးအတုပြုလုပ်သူများအားထိရောက်စွာစုံစမ်းဖော်ထုတ်အရေးယူမှု အပိုင်းတွင် အားနည်းနေခြင်းကြောင့် သော်လည်းကောင်း၊ ငွေစက္ကူအတုများနှင့် ပတ်သတ်၍ ပြည်သူသို့ အသိပညာပေးမှု နည်းပါးခြင်းကြောင့်သော်လည်းကောင်း ငွေကြေးအတု ပြုလုပ်သူများနှင့် ယင်းငွေအတု များကား ယနေ့တိုင် တည်ရှိ နေဆဲပင်ဖြစ်သည်။

ထို့အပြင် ငွေစက္ကူအတု များအားအကြောင်း အမျိုးမျိုးကြောင့် လက် ခံရရှိထားသူများမှာလည်း ရှိနိုင်မည်ဖြစ်သည်။ ထိုသူများမှတစ်ဆင့် ငွေစက္ကူ အတုများထပ် မံပြန့်ပွားမှုမရှိစေရေးအတွက် ယင်းတို့ လက်ဝယ် တွင် ရှိနေသော ငွေစက္ကူ များအားအတုဟု သိရှိပါက ယင်းတို့၏အသိစိတ်ဖြင့် ထိုငွေကြေး များအားမည်သည့်နေရာမှမည်သို့ရရှိခဲ့သည် ဟုဆိုကာ သက်ဆိုင်ရာသို့ လာရောက်အပ်နှံမည်ဆိုပါက ငွေစက္ကူအတုပြဿနာမှာ အ နည်းငယ်လျော့ကျသွား နိုင်မည်ဖြစ်သကဲ့သို့ ဗဟိုဘဏ်မှ အသစ် ထုတ်ဝေမည့် လုံခြုံရေးအဆင့်မြှင့်တင်ထားသော ငါးထောင်ကျပ်တန် ငွေစက္ကူကဲ့သို့သော အခြား ငွေစက္ကူ များအား ထပ်မံထုတ်ဝေရာတွင်လည်း အသုံးပြုမည် ဆိုပါက ငွေတုပြဿနာမှာ အတန့်အသင့်ပြေ လည်သွားဖွယ်ရာ ရှိသည်။

သို့သော် ငွေတု ပြဿနာများအား ပြေလည်စေရန်အတွက် လုံခြုံရေးအဆင့်မြှင့်ထားသော် ငါးထောင် ကျပ်တန်ငွေစက္ကူများအား ထပ်မံထုတ် ဝေသည်ဟု ဆိုသော်ငြား ယင်းထပ်မံထုတ် ဝေသော ငွေစက္ကူ များကြောင့် ငွေကြေး ဖောင်း ပွမှုများမဖြစ်ပေါ်စေရေးအတွက် မည်ကဲ့သို့ ပြင်ဆင်ထားသည်ကို ဗဟိုဘဏ်မှတစ်ပါး သိနိုင်မည်မဟုတ်။

မည်သို့ပင်ဆိုစေ လုံခြုံရေးအဆင့်မြှင့် ထားသည့် ကျပ်ငါးထောင်တန်ငွေစက္ကူများ ကို ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ထုတ်ဝေလိုက်ခြင်းအတွက် ကြိုဆိုရမည်ဖြစ် သည်။

ထိုရည်ရွယ်ချက်များထဲတွင် အတုအ ပပြုလုပ်မှုမှ ကာကွယ်ရန် ဟူသောအချက်တစ် ချက်လည်း ပါဝင်ရာ နောင်ထုတ်မည့်ကျပ်ငါး ထောင်အသစ်များအတွက် အတုအပမရှိနိုင် တော့ဟု ယုံကြည်ရပေမည်။

သို့သော်ယခင် ထုတ်ဝေပြီးသော ကျပ်ငါးထောင်များနှင့်အ တူပါဝင်လာမည့် အတုအပများကိုမူ မည်သို့ ပပျောက်အောင်၊ မသိနားမလည်သူများ မ သုံးစွဲမိအောင် စီမံဆောင်ရွက်ပေးမည်ကိုကား ပြည်သူများ အထူးစိတ်ဝင်တစားရှိနေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

သူရိန်မိုး
yangon media

No comments:

Post a Comment