Wednesday, October 22, 2014

DKBA မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်ကို တပ်မှထုတ်ပယ်

Photo: DKBA မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်ကို 
တပ်မှထုတ်ပယ်
=================================

Wednesday, October 22, 2014

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင်ကို DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ ကိုယ်စား ဒုတိယ စစ်ဦးစီးချူပ် စောမိုရှေး၏ လက်မှတ်ဖြင့် အောက်တိုဘာ ၂၁ ရက်တွင် တပ်ဖွဲ့မှ ထုတ်ပယ်လိုက်သည်။

ယင်းစာထဲ၌ စက်တင်ဘာ ၂၆ ရက်က ကျိုက္မရောမြို့အတွင်း ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူဖြစ်သည့် ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်အား အောက်တိုဘာ ၅ ရက်တွင် ဌာနချုပ်က ဖုန်းဆက်ကာ လာရောက်ရှင်းလင်းရန် ဆင့်ခေါ်ခဲ့သော်လည်း ယနေ့အချိန်ထိ ရှင်းလင်းခြင်း၊ လာရောက်ဆက်သွယ်ခြင်း၊ သတင်းပို့ခြင်း မရှိဘဲ ပျက်ကွက်ခဲ့သဖြင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ပါရှိသည်။

ထုတ်ပယ်လိုက်ခြင်းနှင့် ပတ်သက်ပြီး DKBA ကလို့ထူးဝါး စစ်ဆင်ရေး ကွပ်ကဲရေးတပ်ဖွဲ့မှ ဗိုလ်မှူး စောဝေ့ထူးက "ဗျူဟာမှူးက သူကိုယ်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ သွားတက်ခဲ့ပြီးတော့ အောက်ခြေက ကလေးတွေရဲ့ ကျိုက်မရော တိုက်ပွဲမှာ အထက်လူကြီးတွေ မသိရဘဲ ၀င်ပါခဲ့တယ်။ ဒါကြောင့် DKBAက လူကြီးတွေ အားလုံးဆုံးဖြတ်ပြီး သူကို ထုတ်လိုက်တာပါ။ ထုတ်လိုက်ကြောင်း သူ့ကို အသိပေးဖို့ ဆက်သွယ်တာ မရသေးပါဘူး" ဟု ပြောသည်။

ကျိုက်မရော တိုက်ပွဲ ဖြစ်စဉ်အား ရှင်းလင်းရန် အောက်တိုဘာ ၅ရက်တွင် ဌာနချူပ်က ဖုန်းဖြင့် ဆက်သွယ်၍ အကြောင်းကြားခဲ့သော်လည်း ၂၁ ရက်အထိ လာရောက်ဖြေရှင်းခြင်း မပြုခဲ့ကြောင်း DKBA က ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗျူဟာမှူး စောဆန်းအောင်အား မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

စက်တင်ဘာလ ၂၆ ရက်က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကတိုင်ကနိုင်ရွာ တွင် အစိုးရစစ်တပ် ခလရ ၂၀၈ တပ်ရင်းပိုင်ကားကို DKBA မှ ဗျူဟာမှူး စောဆန်းအောင်၏ အဖွဲ့သားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်မှူးတစ်ဦးနှင့် တပ်ကြပ်အဆင့် ၂ဦး ဒဏ်ရာရရှိခဲ့ကာ စစ်တပ်၊ ရဲ နှင့် SB ပေါင်း ၈ဦးတို့ကို DKBAက ခေတ္တဖမ်းစီးခဲ့ကာ လက်နက်များကိုလဲ သိမ်းယူနိုင်ခဲ့ သည်။

ထိုတိုက်ပွဲ ဖြစ်ပွားနေချိန်တွင် ဗျူဟာမှူး စောဆန်းအောင်သည် ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့၏ တွေ့ဆုံပွဲတွင် ရောက်ရှိနေခဲ့သည်။

အဆိုပါ ပစ်ခတ်မှုသည် DKBA နှင့် အစိုးရ စစ်တပ်တို့ကြား ပစ်ခတ်မှုများ စတင်လိုက်ခြင်းဖြစ်ကာ နောက်နေ့မှ စ၍ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကရင်ပြည်နယ်တို့တွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ အောက်တိုဘာလ ပထမအပတ် အထိ ဖြစ်ပွားခဲ့သည်။

ယင်းအပြင် အောက်တိုဘာ ၁၄ ရက်ကလည်း ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) သို့ ပြောင်းရွှေသွားသည့် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA (PC) ၏ အထူးစစ် ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးကို KNU/KNLA (PC) က ထုတ်ပယ်ခဲ့သေးသည်။

Mizzima - News in Burmese

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဒီကေဘီအေ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ဆုံစည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် (၁၉) ကြိမ်မြောက် ဒီမိုကရေစီအကျိုးပြု တပ်မတော်နှစ်ပတ်လည်နေ့ (DKBA) နေ့အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပရာ အခန်းအနားသို့ တက်ရောက်လာသည့် DKBA စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ
(ရာမည)၊ မဇ္ဈိမ)
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ကလိုထူးဘော တပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင် ကို DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ ကိုယ်စား ဒုတိယ စစ်ဦးစီးချူပ် စောမိုရှေး၏ လက်မှတ်ဖြင့် အောက်တိုဘာ ၂၁ ရက်တွင် တပ်ဖွဲ့မှ ထုတ်ပယ်လိုက်သည်။
ယင်းစာထဲ၌ စက်တင်ဘာ ၂၆ ရက်က ကျိုက္မရောမြို့အတွင်း ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူဖြစ်သည့် ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်အား အောက်တိုဘာ ၅ ရက်တွင် ဌာနချုပ်က ဖုန်းဆက်ကာ လာရောက်ရှင်းလင်းရန် ဆင့်ခေါ်ခဲ့သော်လည်း ယနေ့အချိန်ထိ ရှင်းလင်းခြင်း၊ လာရောက်ဆက်သွယ်ခြင်း၊ သတင်းပို့ခြင်း မရှိဘဲ ပျက်ကွက်ခဲ့သဖြင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ပါရှိသည်။

ထုတ်ပယ်လိုက်ခြင်းနှင့် ပတ်သက်ပြီး DKBA ကလို့ထူးဝါး စစ်ဆင်ရေး ကွပ်ကဲရေးတပ်ဖွဲ့မှ ဗိုလ်မှူး စောဝေ့ထူးက "ဗျူဟာမှူးက သူကိုယ်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ သွားတက်ခဲ့ပြီးတော့ အောက်ခြေက ကလေးတွေရဲ့ ကျိုက်မရော တိုက်ပွဲမှာ အထက်လူကြီးတွေ မသိရဘဲ ၀င်ပါခဲ့တယ်။ ဒါကြောင့် DKBAက လူကြီးတွေ အားလုံးဆုံးဖြတ်ပြီး သူကို ထုတ်လိုက်တာပါ။ ထုတ်လိုက်ကြောင်း သူ့ကို အသိပေးဖို့ ဆက်သွယ်တာ မရသေးပါဘူး" ဟု ပြောသည်။

ကျိုက်မရော တိုက်ပွဲ ဖြစ်စဉ်အား ရှင်းလင်းရန် အောက်တိုဘာ ၅ရက်တွင် ဌာနချူပ်က ဖုန်းဖြင့် ဆက်သွယ်၍ အကြောင်းကြားခဲ့သော်လည်း ၂၁ ရက်အထိ လာရောက်ဖြေရှင်းခြင်း မပြုခဲ့ကြောင်း DKBA က ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗျူဟာမှူး စောဆန်းအောင်အား မဇ္ဈိမက ဖုန်းဖြင့်ဆက်သွယ်မေးမြန်း ခဲ့သော်လည်း မရရှိခဲ့ပေ။

စက်တင်ဘာလ ၂၆ ရက်က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကတိုင်ကနိုင်ရွာ တွင် အစိုးရစစ်တပ် ခလရ ၂၀၈ တပ်ရင်းပိုင်ကားကို DKBA မှ ဗျူဟာမှူး စောဆန်းအောင်၏ အဖွဲ့သားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်မှူးတစ်ဦးနှင့် တပ်ကြပ်အဆင့် ၂ဦး ဒဏ်ရာရရှိခဲ့ကာ စစ်တပ်၊ ရဲ နှင့် SB ပေါင်း ၈ဦး တို့ကို DKBAက ခေတ္တဖမ်းစီးခဲ့ကာ လက်နက်များကိုလဲ သိမ်းယူနိုင်ခဲ့ သည်။

ထိုတိုက်ပွဲ ဖြစ်ပွားနေချိန်တွင် ဗျူဟာမှူး စောဆန်းအောင်သည် ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့၏ တွေ့ဆုံပွဲတွင် ရောက်ရှိနေခဲ့သည်။

အဆိုပါ ပစ်ခတ်မှုသည် DKBA နှင့် အစိုးရ စစ်တပ်တို့ကြား ပစ်ခတ်မှုများ စတင်လိုက်ခြင်းဖြစ်ကာ နောက်နေ့မှ စ၍ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကရင်ပြည်နယ်တို့တွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ အောက်တိုဘာလ ပထမအပတ် အထိ ဖြစ်ပွားခဲ့သည်။

ယင်းအပြင် အောက်တိုဘာ ၁၄ ရက်ကလည်း ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) သို့ ပြောင်းရွှေသွားသည့် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA (PC) ၏ အထူးစစ် ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးကို KNU/KNLA (PC) က ထုတ်ပယ်ခဲ့သေးသည်။

Mizzima - News in Burmese

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဒီကေဘီအေ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ဆုံစည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် (၁၉) ကြိမ်မြောက် ဒီမိုကရေစီအကျိုးပြု တပ်မတော်နှစ်ပတ်လည်နေ့ (DKBA) နေ့အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပရာ အခန်းအနားသို့ တက်ရောက်လာသည့် DKBA စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ
(ရာမည)၊ မဇ္ဈိမ)

No comments:

Post a Comment