Wednesday, October 29, 2014

DVB ရေဒီယိုလှိုင်းတို ထုတ်လွှင့်မှု ရပ်လိုက်ပြီ …

စစ်အာဏာရှင်အစိုးရလက်ထက် အမှောင်တိုက်အောက်က မြန်မာပြည်သူတွေကို နှစ်ပေါင်း ၂ဝကျော်ကြာ သတင်းတွေ ထုတ်လွှင့်နေခဲ့တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရဲ့ ရေဒီယိုလှိုင်းတိုကို အောက်တိုဘာ ၂၆ရက်နေ့ကစတင်ပြီး တရားဝင် ရပ်ဆိုင်းလိုက်ပါပြီ။ DVB ရေဒီယို ပုံစံသစ်နဲ့ တကျော့ပြန်လာဦးမှာလား။
မြန်မာပြည်နဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နော်ဝေနိုင်ငံကနေ ထုတ်လွှင့်ရတဲ့ လှိုင်းတိုဟာ ဒေသတွင်းမှာ တစ်ဆင့်ခံပြန်လွှင့်မှု မလုပ်နိုင်လို့ အသံလှိုင်းအရည်အသွေး အားနည်းချက်တွေ အများကြီး ရင်ဆိုင်ခဲ့ရလို့ ခေတ်နဲ့အညီ နည်းပညာတွေ ပြောင်းလဲလာနေတာကြောင့် ရေဒီယိုလှိုင်းတိုကို ရပ်ဆိုင်းလိုက်တာပါလို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။
နည်းပညာအပြောင်းအလဲ၊ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ဒီကနေ့ခေတ် သတင်းမီဒီယာတွေဟာ ဒီဂျစ်တယ် ပလက်ဖောင်းကို ပြောင်းလဲလာနေပြီလို့ DVB ရေဒီယိုအနေနဲ့ အွန်လိုင်းနဲ့ မိုဘိုင်းလ်ဖုန်းတွေပေါ်ကနေ ပုံစံတစ်မျိုးနဲ့ ထုတ်လွှင့်ဖို့ရှိပြီး မြန်မာ့သတင်းမီဒီယာလောကဟာ ဒီဂျစ်တယ် ပလက်ဖောင်းကိုသာ အခြေခံရဖို့ဖြစ်သွားမယ်လို့ သူက ဆိုပါတယ်။
DVB ရေဒီယိုကို ၁၉၉၂ ဇူလိုင် ၁၉ရက်နေ့က နော်ဝေနိုင်ငံအစိုးရရဲ့ ကူညီထောက်ပံမှုနဲ့ မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် ပညာပေးဖို့၊ စစ်အစိုးရလက်အောက် မြန်မာပြည်သူတွေကို သတင်းမှန်တွေ ပေးနိုင်ဖို့ စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ လူ ၄ယောက်နဲ့ စတင်ခဲ့တဲ့ DVB ရေဒီယိုဟာ ၂ဝဝ၅မှာတော့ ဂြိုဟ်တုကနေ ရုပ်သံကိုပါ စတင်ထုတ်လွင့်ခဲ့ပြီး ဝန်ထမ်း ၁၅ဝကျော်နဲ့ သတင်းတွေကို ထုတ်လွှင့်နေဆဲဖြစ်ပါတယ်။
DVB လှိုင်းတိုရေဒီယိုမှာ တစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုသာနိုးဝေက ဝါသနာအရင်းခံပြီး တွယ်ကပ်လုပ်ခဲ့ရတဲ့ ရေဒီယိုအစီအစဉ်ကို သံယောဇဉ်တွယ်နေလို့ စိတ်မကောင်းဖြစ်ရပေမယ့် ရုပ်မြင်သံကြားဘက်မှာ ဆက်ပြီး တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။
DVB ရေဒီယိုကို ရပ်ဆိုင်းတော့မယ်ဆိုတာ တစ်လကျော်လောက်ကတည်းက ကြိုတင်သိခဲ့တာမို့ ရုပ်သံအစီအစဉ်ဘက်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်လို့ ပြောလာတဲ့ ကိုသိုက်ဇင်က ရေဒီယိုနဲ့ ရုပ်သံ နည်းပညာကွာခြားတာကြောင့် စိန်ခေါ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။
DVB

No comments:

Post a Comment