Thursday, October 23, 2014

Ooredoo က SMS ဝန်ဆောင်မှု ရှစ်မျိုးပေး

Ooredoo ဖုန်းများ၏ SMS ဝန်ဆောင်မှုကို ရှစ်မျိုးအထိ တိုးချဲ့ဝန်ဆောင်မှုပေးလိုက်ပြီဟု ယင်းကုမ္ပဏီ မှ သိရသည်။”ကမ္ဘာအရပ်ရပ်မှာရှိတဲ့ မိုဘိုင်းဖုန်းကွန်ရက်တိုင်းမှာ ဖုန်းကနေ တစ်ဆင့် SMS ခေါ်စာတိုပို့ခြင်းဟာ အလွန်လူကြိုက်များတဲ့ ဝန်ဆောင်မှုပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဖုန်းသုံးစွဲသူတွေ အသုံးပြုရလွယ်တဲ့ SMS ဖြစ်ပါတယ်” ဟု Ooredoo မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဝန်ဆောင်မှုကို ယခုလ ၁၆ ရက်နေ့မှ စတင်မိတ်ဆက်လိုက်ခြင်းဖြစ်ပြီး ယခင် နည်းပညာအတားအ ဆီး များကြောင့် မရရှိခဲ့သည့် ဝန်ဆောင်မှုများကို သုံးစွဲသူများ အသုံးပြုနိုင်ရန်အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိစတင်လိုက်သည့် Ooredoo မြန်မာ SMS ဝန်ဆောင်မှုများမှာ SMS Singnature, SMS Reply, SMS Copy, Hold SMS, SMS Schedule, Future SMS, SMS Check နှင့် Cancel SMS တို့ ဖြစ်ကြောင်း သိရသည်။
SMS Signature ဝန်ဆောင်မှုသည် မိမိပေးပို့သည့် မက်ဆေ့ခ်ျတွင် စာတို၏ အောက်ခြေ၌လေးစားလျက်၊ အမည်နှင့် ဆက်သွယ်ရန် အသေးစိတ်စသည်တို့ကို SMS ဖြင့် ပေးပို့တိုင်း တွဲလျက်ပါရှိသည့် ဝန်ဆောင်မှုဖြစ်ပြီး SMS Reply မှာ မိမိဖုန်းအတွင်း ဝင်ရောက်လာသည့် SMS များကို မိမိ ကြိုတင်ပြင်ဆင်ထားသည့် SMS ချက် ချင်း စာပြန်သော ဝန်ဆောင်မှု ဖြစ်သည်။

SMS Copy ဝန်ဆောင်မှုမှာ မိမိလက်ခံရရှိသည့် SMS ကို ကူးယူပြီး နောက်ထပ် မိုဘိုင်းဖုန်းနံပါတ်တစ်ခုကို အလိုအလျောက်ပေးပို့သည့် ဝန်ဆောင်မှု ဖြစ်ကာ Hold SMS မှာ ပေးပို့လာသည့် SMS များကို ခေတ္တခဏ ရပ်တန့်ထားပြီး မိမိအလိုရှိသည့် အချိန်မှ ပြန်လည် ဖတ်ရှုရန် သိမ်းဆည်းထားသည့် ဝန်ဆောင်မှု ဖြစ်သည်။SMS Schedule ဝန်ဆောင်မှုသည် မိမိအသုံးပြုလိုသော အချိန်နှင့် နေ့ရက်အတိအကျတွင် SMS ပို့သော ဝန်ဆောင်မှု ဖြစ်သည်။Future SMS သည် အဆင့်ပိုမြင့်သည့် ဝန်ဆောင်မှုဖြစ်ပြီး လိုချင်သည့် တိကျသည့်အချိန်တွင် လက်ခံရရှိမည့်သူထံသို့ ပေးပို့နိုင်သော ဝန်ဆောင်မှုဖြစ်ပြီး Check SMS မှာ မိမိ ပေးပို့သည့် SMS ကို လက်ခံရရှိသူထံ ရောက် မရောက် စစ်ဆေးခြင်းဖြစ်ပြီး Cancel SMS ဝန်ဆောင်မှုမှာ စာတိုလက်ခံရရှိသူထံသို့ ပို့ပြီးသော်လည်း စိတ်ပြောင်းပြီး ပယ်ဖျက်လိုသောအခါ လက်ခံရရှိသော သူထံမ ပို့သေးခင် အချိန်အတွင်းတွင် ပယ်ဖျက်နိုင်သော ဝန်ဆောင်မှုဖြစ်သည်

Popular Myanmar

No comments:

Post a Comment