Monday, October 20, 2014

မြန်မာ U-19 အသင်းနှင့် ကာတာ U-19 အသင်းတို့ ဆီမီးဖိုင်နယ်ပွဲစဉ် MRTV မှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC U-19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲများကို အောက်တိုဘာလ (၉)ရက်မှ (၂၃)ရက်နေ့ ထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်
ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲ၌ အာရှနိုင်ငံ (၁၆)နိုင်ငံတို့မှ အသက် (၁၉)နှစ်အောက် အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယနေ့ည (၇)နာရီအချိန်တွင် မြန်မာ U-19 အသင်းနှင့် ကာတာ U-19 အသင်းတို့ ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အဆိုပါပွဲစဉ်အား ယနေ့ညနေ (၆:၄၅) နာရီအချိန်မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား ရိုသေလေးစားစွာဖြင့် ကြိုတင်သတင်းကောင်း ပါးအပ်ပါသည်။

MRTV 4

No comments:

Post a Comment